သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YSEALI လူငယ်ခေါင်းဆောင်သင်တန်းတက်ဖို့ မြန်မာလူငယ်သုံးဦး ကန်ရောက်


Police in riot gear stand guard as they face pro-democracy protesters during a rally in Bangkok, Thailand.
Police in riot gear stand guard as they face pro-democracy protesters during a rally in Bangkok, Thailand.

အမေရိကန်သမ္မတဟောင်း Barack Obama ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်က စတင် ဖွဲ့စည်းထားတဲ့ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်ဟာ ဆိုရင် အာဆီယံ ၁၀ နိုင်ငံစလုံးက လူငယ်တွေ ပါဝင်ပြီး အရှေ့တောင် အာရှ ဒေသမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေ ပေါ်ထွန်းစေရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေး၊ ပညာရေးနဲ့ အရပ်ဖက် ကိုယ်စားပြု ပါဝင်မှုရှိစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ် အသက် ၁၈ နှစ် နဲ့ ၃၅ နှစ်ကြား ASEAN လူငယ်တွေကို အမေရိကန် ပြည်ထောင်စုကို ဖိတ်ခေါ်ပြီး လေ့လာဆွေးနွေးမှုတွေ ပြုလုပ်စေရာမှာ အခုနှစ်မှာ မြန်မာနိုင်ငံကနေ ကိုယ်စားပြုဖိတ်ခေါ်ခံခဲ့ရသူ သုံးဦး ရှိပါတယ်။ သူတို့အထဲက မြန်မာနိုင်ငံ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူနေထိုင်သူများ မဟာမိတ်အဖွဲ့က နော်ယာယာအေးမြတ် ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့ရဲ့ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး အခုလိုစပြောပါတယ်။

နော်ယာယာအေးမြတ်။ “ကျမတို့အဖွဲ့ကတော့ အခု လတ်တလောမှပေါ့နော်၊ ဒီ ၂၀၁၆ ခု နှစ်လည်ပိုင်းလောက်ကမှ ဖွဲ့လိုက်တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ ကျမတို့တွေ အရင်တုန်းက ဆိုရင်တော့ MSN Network ဆိုတာ ရှိပါတယ်။ ဒါပေမယ့်လည်း ကျမတို့တွေ သဘော ပေါက်လာရတာက ကျမတို့တွေသည် Transgender များ ဖြစ်တဲ့အတွက် MSN တွေနဲ့ မတူဘူး၊ ဒီ လိုအပ်ချက်တွေက မတူတဲ့ အတွက်ကြောင့်မို့လို့ ကျမတို့တွေ သီးခြား အနေနဲ့ပေါ့နော်၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေအတွက် ဆောင်ရွက်သွားဖို့ လိုအပ်တယ် ဆိုတဲ့ သဘောနဲ့ ကျမတို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခု လတ်တလော အခြေအနေမျိုးမှာ ဆိုရင်တော့ ကျမတို့ရဲ့ ဆောင်ရွက်ချက်တွေက ဘာလဲဆိုလို့ရှိရင်၊ ကျမတို့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူ အမျိုးသမီးများ အကြားမှာ ဆိုလို့ရှိရင် ကျမတို့ ပညာပေးလုပ်ငန်း၊ ဥပနေဲ့ပတ်သက်ပြီး ကျမတို့ အသိပညာ ပြန့်ပွားလာအောင်ရယ်၊ နောက်ပြီးကျတဲ့အခါကျတော့ ကိုယ့်ရဲ့ အခြေအနေ ကိုယ်သဘောပေါက်လာရအောင်ရယ်၊ ကိုယ့်ရဲ့ အတွင်းထဲမှာ ဘယ်လိုမျိုးများ သိဖို့လိုမလဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အချင်းချင်း ပညာပေး လုပ်ငန်းလေးတွေ လုပ်နေတာပါရှင့်။”

မေး။ အခု ဒီ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ရှေ့ရှုဆောင်ရွက်တဲ့ အစီအစဉ်ပေါ့နော်၊ အဲဒီမှာ အခု ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ဘယ်နေရာတွေ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီလဲ ခင်ဗျ။

နော်ယာယာအေးမြတ်။ “ကျမတို့ ဒီမှာဆိုလို့ရှိရင်တော့ပေါ့နော်၊ ဒီနိုင်ငံက လှုပ်ရှားမှုတွေ အသီးသီးကို သိရအောင် ဆိုလို့ရှိရင်ကတော့ ကျမတို့ လေ့လာကြရအောင်လို့ ဒီ တာဝန်ရှိတဲ့သူတွေပေါ့နော်၊ ဒီ နိုင်ငံခြားရေး မူဝါဒကတော့ ဒီလိုရှိတယ်၊ နောက် တက္ကသိုလ်တွေလည်း ကျမတို့ သွားရောက်ပြီးတော့ လေ့လာရပါတယ်ရှင့်။”

မေး။ ဟုတ်ကဲ့၊ အခုဆိုရင် မနက်ဖြန်ကျလို့ရှိရင် ဝါရှင်တန် ဒီစီမှာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဒီ အရှေ့တောင် အာရှအကြောင်းကို စိတ်ဝင်စားတဲ့ အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့၊ နောက်ပြီးတော့ သံတမန်တွေ၊ ပညာရှင်တွေ၊ NGO အဖွဲ့တွေနဲ့ တွေ့မယ်လို့ သိရပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာ ဆွေးနွေးခွင့် ရမယ်ဆိုလို့ရှိရင် ဘယ်လို အကြောင်းအရာတွေ ဆွေးနွေး ပြောဆိုဖို့ စဉ်းစားထားပါသလဲ ခင်ဗျာ။

နော်ယာယာအေးမြတ်။ “ကျမတို့ကတော့ အခုလောလောဆယ်မှာကတော့ ကျမတို့နိုင်ငံအနေနဲ့ လိုအပ်တာကတော့ ပညာပေးလုပ်ငန်းတွေ များများ လိုအပ်ပါတယ်လို့ ကျမကတော့ ထင်ပါတယ်ရှင့်။ အဲဒါကြောင့်မို့လို့ဘဲ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒသည် ဘယ်လိုမျိုးများ ကျမတို့အပေါ်မှာ သက်ရောက်နေမှု ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျမကတော့ သိချင်တာပါဘဲရှင့်။ အဲဒါနဲ့ ပတ်သက်ပြီးတော့တော့ ကျမကတော့ မေးသွားမယ်လို့ ထင်ပါတယ်။”

မေး။ နောက်ပြီးတော့ အခုခရီးစဉ်အတွင်းမှာ နောက်ထပ် တခြား ဘာအစီအစဉ်တွေ ရှိပါသေးလဲ ခင်ဗျ။

နော်ယာယာအေးမြတ်။ “ဒီခရီးစဉ်အတွင်းမှာ ဆိုလို့ရှိရင်ကတော့ ကျမတို့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာမှုတွေ ဘာတွေပေါ့နော်၊ အဲဒါတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ရက်သတ္တပတ် ၃ ပတ်ကျော်ကျော်လောက်ပေါ့နော်၊ ဆက်ပြီးတော့ လေ့လာ ရဦးမယ်။ နောက်ပြီးကျလို့ရှိရင် ဒီအစီအစဉ်ရဲ့ နောက်ဆုံးမှာ ဆိုလို့ရှိရင်ကတော့ ကွန်ဂရက်ပေါ့နော်၊ အဲဒီ ကွန်ဂရက် သူတို့ လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီဥစ္စာကိုလည်း ကျမတို့ ဆက်ပြီးတော့မှ တက်သွားဖို့ ရှိပါတယ်ရှင့်။”

မေး။ တခြား ဘယ်မြို့တွေများ သွားဖို့ရှိပါသေးလဲ ခင်ဗျ။

နော်ယာယာအေးမြတ်။ “ကျမအနေနဲ့ကတော့ Hawaii က Honolulu မှာပါရှင့်။ ကျမရဲ့ တာဝန်ကျတဲ့နေရာကတော့။

မေး။ နောက်မေးချင်တာကတော့ အခုခရီးစဉ်ကနေပြီးတော့ မနော်ယာယာအေးမြတ် အတွက် ဘယ်လို အထောက်အကူပြုသလဲ၊ နောက်ပြီးတော့ မြန်မာပြည်ကို ပြန်ပြီးတော့ ဘယ်လို အကျိုးပြုလုပ်ငန်းတွေ လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါသလဲ ခင်ဗျား။

နော်ယာယာအေးမြတ်။ “ကျမတို့ ဒီမှာကတော့ လေ့လာရတာကတော့ အများကြီးဘဲရှင့်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ ဒီနိုင်ငံမှာ လုပ်ပုံတွေပေါ့နော်၊ ဘယ်လိုမျိုး လုပ်လေ့ ရှိသလဲ၊ ဘယ်လိုမျိုး မူဝါဒတွေ ရှိသလဲ၊ လူတွေကရော ဘယ်လိုမျိုးလဲ၊ ဘာတွေ လိုအပ်ချက် ရှိနေသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့တွေ လေ့လာရပါတယ်။ ကျမတို့ ပြန်သွားတဲ့အခါမှာ ဆိုလို့ရှိရင်က ကျတော့ ဒီမှာ လေ့လာရတဲ့ ဟာတွေဟာဆိုရင် ကျမတို့နိုင်ငံနဲ့ ကိုက်ချင်မှ ကိုက်မှာပါရှင့်။ အဲဒီအခါမှာ ကျမတို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ အသုံးဝင်မယ့်ဟာတွေကို ပြန်လည်ပြီးတော့မှ အသုံးချပြီးတော့ ကျမတို့တွေရဲ့ Transgender ပေါ့နော်၊ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်စားဆင်ယင်သူ အမျိုးသမီးများ အတွက်ကို ဆိုလို့ရှိရင်တော့ အတတ်နိုင်ဆုံး ကျမတို့တွေ သက်ဆိုင်တဲ့ဟာတွေကို ယူပြီးတဲ့အခါကျတော့မှ ဆောင်ရွက်သွားဖို့ ရှိပါတယ်ရှင့်။”

အခုနှစ် YISEALI အစီအစဉ်ကို မြန်မာနိုင်ငံက နော်ယာယာအေးမြတ် နဲ့အတူ ကို တင်ရွိုင်ရယ်၊ မစုဝေဖြိုး စတဲ့ လူငယ် ၂ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG