သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ ေရွ႕တန္းစစ္မ်က္ႏွာ သြားေရာက္အားေပး


(Zawgyi / Unicode)

႐ုရွားနဲ႔ တိုက္ပြဲေတြ ျဖစ္ေနတဲ့ Donetsk အေရွ႕ဖက္ေဒသ ေရွ႕တန္းနားကို ယူကရိန္းသမၼတ Volodymyr Zelenskyy ကိုယ္တိုက္သြားေရာက္ခဲ့ၿပီး ယူကရိန္းႏိုင္ငံတြင္းကေန ႐ုရွားတပ္ေတြအားလံုးကို ေမာင္းထုတ္ပစ္ဖို႔ ကတိျပဳခဲ့ပါတယ္။

"တိုင္းျပည္နဲ႔ ဇာတိေျမကို ေန႔ေရာညပါ၊ ေရခဲေလာက္ေအာင္ ေအးေနတဲ့ၾကားက ေန႔စဥ္ရက္ဆက္ အားလပ္ရပ္မရွိဘဲ ကာကြယ္ေပးေနၾကသူေတြအျဖစ္" ယူကရိန္းသမၼတက ခ်ီးက်ဳးစကားေျပာခဲ့တာပါ။
ဒီဇင္ဘာလ ၆ ရက္ေန႔မွာ က်ေရာက္တဲ့ ယူကရိန္းတပ္မေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ ႐ုရွားက်ဴးေက်ာ္စစ္မွာ ႏိုင္ငံအတြက္ ခုခံတိုက္ေနၾကတဲ့ စစ္သည္ေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ သြားေရာက္တာ ျဖစ္ပါတယ္။

Donetsk ေဒသတြင္း ယူကရိန္းေျခကုပ္ယူထားတဲ့ Sloviansk ၿမိဳ႕က တပ္သားေတြရဲ႕ စြမ္းရည္ကို သမၼတ Zelenskyy က ခ်ီးက်ဴးေျပာဆိုၿပီး တကယ့္သူရဲေကာင္းေတြကို ေမြးေပးခဲ့တဲ့ သူတို႔ရဲ႕ မိဘေတြကို ေက်းဇူးတင္မိေၾကာင္းလည္း ဗြီဒီယို႐ုပ္သံဖိုင္ကေနတဆင့္ ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းဖက္က ၂ ရက္ဆက္တိုက္ ပစ္လႊတ္တဲ့ ဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ ႐ုရွားႏိုင္ငံတြင္းက အဓိကက်တဲ့ေနရာေတြ ထိခိုက္ရေၾကာင္း ႐ုရွားဖက္က ေျပာဆိုေပမယ့္ ဒီလုပ္ရပ္ဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ယူကရိန္းဖက္က ေျပာထားတာ မရွိပါဘူး။

ကမ ၻာႀကီးက လံုးေနတဲ့အတြက္ တျခားႏိုင္ငံရဲ႕ ေ၀ဟင္နယ္နိမိတ္ထဲ ပစ္ခတ္တာေတြလုပ္ရင္ မၾကာခင္မွာ ကိုယ့္ဖက္ကိုလည္း ေကာင္းကင္ေပၚက ဘာမွန္းမသိတဲ့ ပ်ံသန္းတဲ့အရာေတြ ေရာက္လာတတ္တယ္ဆိုၿပီး ယူကရိန္းသမၼတ အၾကံေပး Mikhail Podolyak က ရိသဲ့သဲ့နဲ႔ Twitter လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ပါတယ္။ ယူကရိန္းရဲ႕ တနလၤာေန႔တုန္းက တိုက္ခိုက္မႈေၾကာင့္ ႐ုရွားတပ္သား ၃ ေယာက္ ေသဆံုး၊ ၄ ေယာက္ဒဏ္ရာရၿပီး ေလယာဥ္ ၂ စီး အနည္းငယ္ပ်က္စီးခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ႐ုရွားဖက္က တုန္႔ျပန္တဲ့အေနနဲ႔ ယူကရိန္းနယ္နိမိတ္ဖက္ကို မစ္ဇိုင္းဒံုး ေနာက္တသုတ္ ပစ္ခတ္ခဲ့တာေၾကာင့္ လူေနအိမ္ေတြကို ထိမွန္ၿပီး ယူကရိန္း အရပ္သားျပည္သူေတြ ေသဆံုးခဲ့ပါတယ္။

႐ုရွားရဲ႕ မစ္ဇိုင္းဒံုးေတြနဲ႔ တိုက္ခိုက္မႈေတြက ယူကရိန္း စြမ္းအင္အေဆာက္အအံုေတြကို ထိမွန္တဲ့အတြက္ ၿမိဳ႕ေတာ္ Kyiv အပါအ၀င္ ေဒသေတာ္ေတာ္မ်ားမ်ားမွာ လွ်ပ္စစ္မီးမရဘဲ ဆက္ျဖစ္ေနဦးမယ္လို႔ Kyiv ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ စြမ္းအင္အေဆာက္အအံုေတြကို ႐ုရွားဖက္က ပစ္မွတ္ထား တိုက္ခိုက္တာဟာ ယူကရိန္းႏိုင္ငံတြင္း လူသားခ်င္း စာနာမႈ ျပႆနာကို ပိုဆိုးရြားေအာင္ လုပ္ေနတာျဖစ္ေၾကာင္း ကုလသမဂၢ လူသားခ်င္း စာနာမႈဆိုင္ရာ အႀကီးအကဲ Martin Griffiths က အဂၤါေန႔ ကုလသမဂၢ လံုျခံဳေရးေကာင္စီ အစည္းအေ၀းမွာ ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။ ဒီအေျပာကို ႐ုရွားဆိုင္ရာ ကိုယ္စားလွယ္က ျငင္းဆိုထားၿပီး ယူကရိန္းရဲ႕ စစ္ဖက္ဆိုင္ရာ အေဆာက္အအံုေတြ၊ ဆက္သြယ္ေရးနည္းလမ္းေတြကိုပဲ ေရြးၿပီး ႐ုရွားစစ္တပ္ဟာ တိက်တဲ့ တိုက္ခိုက္မႈေတြကိုပဲ လုပ္ေနတာ လို႔ တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းသမ္မတ ရှေ့တန်းစစ်မျက်နှာ သွားရောက်အားပေး

ရုရှားနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ Donetsk အရှေ့ဖက်ဒေသ ရှေ့တန်းနားကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ကိုယ်တိုက်သွားရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံတွင်းကနေ ရုရှားတပ်တွေအားလုံးကို မောင်းထုတ်ပစ်ဖို့ ကတိပြုခဲ့ပါတယ်။

"တိုင်းပြည်နဲ့ ဇာတိမြေကို နေ့ရောညပါ၊ ရေခဲလောက်အောင် အေးနေတဲ့ကြားက နေ့စဉ်ရက်ဆက် အားလပ်ရပ်မရှိဘဲ ကာကွယ်ပေးနေကြသူတွေအဖြစ်" ယူကရိန်းသမ္မတက ချီးကျုးစကားပြောခဲ့တာပါ။
ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားကျူးကျော်စစ်မှာ နိုင်ငံအတွက် ခုခံတိုက်နေကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သွားရောက်တာ ဖြစ်ပါတယ်။ Donetsk ဒေသတွင်း ယူကရိန်းခြေကုပ်ယူထားတဲ့ Sloviansk မြို့က တပ်သားတွေရဲ့ စွမ်းရည်ကို သမ္မတ Zelenskyy က ချီးကျူးပြောဆိုပြီး တကယ့်သူရဲကောင်းတွေကို မွေးပေးခဲ့တဲ့ သူတို့ရဲ့ မိဘတွေကို ကျေးဇူးတင်မိကြောင်းလည်း ဗွီဒီယိုရုပ်သံဖိုင်ကနေတဆင့် ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဖက်က ၂ ရက်ဆက်တိုက် ပစ်လွှတ်တဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံတွင်းက အဓိကကျတဲ့နေရာတွေ ထိခိုက်ရကြောင်း ရုရှားဖက်က ပြောဆိုပေမယ့် ဒီလုပ်ရပ်ဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ယူကရိန်းဖက်က ပြောထားတာ မရှိပါဘူး။ ကမ ္ဘာကြီးက လုံးနေတဲ့အတွက် တခြားနိုင်ငံရဲ့ ဝေဟင်နယ်နိမိတ်ထဲ ပစ်ခတ်တာတွေလုပ်ရင် မကြာခင်မှာ ကိုယ့်ဖက်ကိုလည်း ကောင်းကင်ပေါ်က ဘာမှန်းမသိတဲ့ ပျံသန်းတဲ့အရာတွေ ရောက်လာတတ်တယ်ဆိုပြီး ယူကရိန်းသမ္မတ အကြံပေး Mikhail Podolyak က ရိသဲ့သဲ့နဲ့ Twitter လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းရဲ့ တနင်္လာနေ့တုန်းက တိုက်ခိုက်မှုကြောင့် ရုရှားတပ်သား ၃ ယောက် သေဆုံး၊ ၄ ယောက်ဒဏ်ရာရပြီး လေယာဉ် ၂ စီး အနည်းငယ်ပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားဖက်က တုန့်ပြန်တဲ့အနေနဲ့ ယူကရိန်းနယ်နိမိတ်ဖက်ကို မစ်ဇိုင်းဒုံး နောက်တသုတ် ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေကို ထိမှန်ပြီး ယူကရိန်းအရပ်သားပြည်သူတွေ သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်မှုတွေက ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ထိမှန်တဲ့အတွက် မြို့တော် Kyiv အပါအဝင် ဒေသတော်တော်များများမှာ လျှပ်စစ်မီးမရဘဲ ဆက်ဖြစ်နေဦးမယ်လို့ Kyiv ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စွမ်းအင်အဆောက်အအုံတွေကို ရုရှားဖက်က ပစ်မှတ်ထား တိုက်ခိုက်တာဟာ ယူကရိန်းနိုင်ငံတွင်း လူသားချင်း စာနာမှု ပြဿနာကို ပိုဆိုးရွားအောင် လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က အင်္ဂါနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဒီအပြောကို ရုရှားဆိုင်ရာ ကိုယ်စားလှယ်က ငြင်းဆိုထားပြီး ယူကရိန်းရဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ၊ ဆက်သွယ်ရေးနည်းလမ်းတွေကိုပဲ ရွေးပြီး ရုရှားစစ်တပ်ဟာ တိကျတဲ့ တိုက်ခိုက်မှုတွေကိုပဲ လုပ်နေတာ လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG