[[ ZAWGYI / UNICODE ]]
သီရိလင်္ကာ အဓိကရုဏ်း ရဲက ပစ်ခတ်လူစုခွဲ
သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီဖြန့်ဖြူးတဲ့နေရာမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ ရဲတွေကသေနတ်တွေ ပစ်ဖေါက်ခဲ့ကြကြောင်း တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။
စနေနေ့ညက ကိုလန်ဘိုမြို့တော်ရဲ့မြောက်ဘက် မိုင် ၂၂၃ မိုင်လောက်အဝေးမှာရှိတဲ့ Visuvamadu မြို့မှာ လောင်စာဆီ ဝယ်ယူလိုသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား အဓိကရုဏ်းဖြစ်ခဲ့ပြီး လူ ၂၀- ၃၀ လောက်ရှိတဲ့ လူအုပ်က ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ရဲတွေက သေနတ်တွေ ပစ်ဖေါက် လူစုခွဲခဲ့ရတယ်လို့ စစ်တပ်ပြောရေးဆိုခွင့် ရှိသူက ပြောဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၄ ဦးနဲ့ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ဆိုပါတယ်။
စီးပွားရေးကျဆင်းမှုဒါဏ်ကို အကြီးအကျယ်ခံနေရပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီဆိုင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေ ချထားပါတယ်။
အခုလို အချိန်မှာဘဲ သီရိလင်္ကာအနေနဲ့ ရုရှားထံကနေ လောင်စာဆီ ဝယ်ယူဖို့အတွက် ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီး Kanchana Wijesekera က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
ကိုလမ်ဘိုမှာရှိတဲ့ ရုရှားသံအမတ်ကြီး အကြံပေးတဲ့ ကုမ္ပဏီတွေကို သူ့အနေနဲ့ဆက်သွယ်ခဲ့တယ်လို့လည်း သီရိလင်္ကာစွမ်းအင်ဝန်ကြီးက ပြောပါတယ်။
ရုရှားရေနံက နိုင်ငံတကာဈေးကွက် ပေါက်ဈေးထက် ဈေးသက်သာပြီး၊ သီရိလင်္ကာဝယ်ယူနိုင်တဲ့ အနေအထားနဲ့ ကိုက်ညီတယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
==================
{{ UNICODE }}
သီရိလငျ်ကာ အဓိကရုဏျး ရဲက ပဈခတျလူစုခှဲ