(Zawgyi / Unicode)
ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသစံတော်ချိန် ဒီကနေ့ နေ့လယ်ပိုင်းက အီတလီနိုင်ငံ၊ ရောမမြို့ကို ရောက်ရှိသွားပါပြီ။ ဝန်ကြီး Blinken ဟာ အီတလီမှာ ရှိနေစဉ်အတွင်း အီတလီခေါင်းဆောင်တွေအပြင် ပုပ်ရဟန်းမင်းကြီး Francis အပါအဝင် G-20 နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။
SEE ALSO: အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့မည်ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီး Blinken ဟာ ပြင်သစ်နိုင်ငံကနေ အီတလီနိုင်ငံကို တနင်္ဂနွေနေ့က ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ရှိနေစဉ်အတွင်း အီတလီနိုင်ငံခြားရေးဝန်ကြီး၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက တာဝန်ရှိသူတွေ၊ အမေရိကန်သံရုံး အရာရှိတွေအပြင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအသစ် Yair Lapid တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
ဝန်ကြီး Blinken နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး Luigi Di Maio တို့ ၂ ဦးဟာ ရောမမြို့မှာ တနင်္လာနေ့ကျင်းပမယ့် ISIS အဖွဲ့ ချေမှုန်းရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ညီလာခံကို ပူးတွဲ ကမကထပြု ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးရီးယားပြည်တွင်းအရေးနဲ့ အဲဒီနိုင်ငံအတွက် စာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ကိစ္စတို့ကို အီတလီဝန်ကြီးချုပ် Mario Draghio နဲ့ သမ္မတ Sergio Mattarella တို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာပဲ ဝန်ကြီး Blinken က ဗာတီကန်နန်းတော်ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပါမယ်။ တွေ့ဆုံမှုအတွင်း ဥတုရာသီပြောင်းလဲမှု၊ လူမှောင်ခိုကူးမှုနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကြွေးမြီဖြေလျှော့ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ ဗာတီကန်နန်းတော်ဘက်က မျှော်လင့်ထားပါတယ်။
Your browser doesn’t support HTML5
ကန်နိုင်ငံခြားရေးဝန်ကြီး အီတလီရောက်ရှိ
-------------------------
(Unicode)