ၿဗိတိန္အေထြေထြေရြးေကာက္ပဲြ က်င္းပ

၀န္ႀကီးခ်ဳပ္ Boris Johnson (ဒီဇင္ဘာ၊ ၁၂၊ ၂၀၁၉)

(Zawgyi/Unicode)

ၿဗိတိန္ႏုိ္င္ငံမွာေတာ့ အေထြေထြေရြးေကာက္ပဲြကို က်င္းပေနၿပီး ၿဗိတိန္ ႏိုင္ငံသားေတြလည္း မဲေပးေနၾကပါတယ္။ ဒီေရြးေကာက္ပဲြကေန ၂၀၁၆ လူထုဆႏၵခံယူပဲြမွာ သေဘာတူထားတဲ့ EU ဥေရာပသမဂၢကေန ၿဗိတိန္ႏႈတ္ထြက္ေရး (Brexit) နဲ႔ ပတ္သက္ၿပီး အခ်ိန္အေတာ္ၾကာ ေစာင့္ဆုိင္းေနတဲ့ ဆုံးျဖတ္ခ်က္လည္း ထြက္ေပၚလာမွာျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ မဲဆြယ္စည္း႐ုံးေရးေတြ အတြင္း EU ကေန ၿဗိတိန္ႏုတ္ထြက္ေရး အၿပီးသတ္ေဆာင္ရြက္ဖုိ႔ကို အေလးေပးၿပီး မဲဆြယ္ခဲ့ပါတယ္။ သူ႔ရဲ႕ ကြန္ဆာေဗးတစ္ပါတီအေနနဲ႔ ပါလီမန္မွာ အမတ္ေနရာအမ်ားစုခဲ့မယ္ဆုိရင္ (Brexit) နဲ႔ ပတ္သက္ၿပီး အရင္ပယ္ခ်ခံထားရတဲ့ အစီအစဥ္ကို ျဖစ္ေအာင္လုပ္ဖို႔ ခြင့္ျပဳမွာျဖစ္ၿပီး ဇန္န၀ါရီ ၃၁ ရက္ေန႔မွာ EU ကေန ၿဗိတိန္ခဲဲြထြက္ဖို႔ ကိစၥကို လုပ္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

အတုိက္အခံ ေလဘာပါတီေခါင္းေဆာင္ Jeremy Corbyn ကေတာ့ တကယ္လို႔ သူအေနနဲ႔အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ ျပည္သူေတြအေနနဲ႔ ဥေရာပသမဂၢကေန ခဲြထြက္မလား ဒါမွမဟုတ္ ေနမလား ဆုိတာကို ဆုံးျဖတ္ႏုိင္ဖို႔အတြက္ လူထုဆႏၵခံယူပဲြအသစ္ကို လုပ္သြားမယ္လို႔ ေျပာပါတယ္။

ဥေရာပသမဂၢကေန ၿဗိတိန္ႏႈတ္ထြက္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ နဲ႔ EU ၾကားသေဘာတူညီမႈကို ၿဗိတိန္ပါလီမန္ဘက္ကေန အတည္မျပဳဘဲ အႀကိမ္ႀကိမ္ ပယ္ခ်ခဲ့ၿပီးတဲ့ေနာက္ ၀န္ႀကီးခ်ဳပ္ ထရီဇာေမ ႏုတ္ထြက္သြားခဲ့ၿပီးတဲ့ေနာက္မွာ Boris Johnson ၀န္ႀကီးခ်ဳပ္ ျဖစ္လာခဲ့တာပါ။

၀န္ႀကီးခ်ဳပ္ေဟာင္း ထရီဇာေမဟာ EU ကေန ၿဗိတိန္ႏုတ္ထြက္ေရးကိစၥ အားေကာင္းလာေစဖို႔အတြက္ ေရြးေကာက္ပဲြကို ေစာၿပီးက်င္းပဖို႔ လုပ္ခဲ့ေပမယ့္၊ အဲဒီေရြးေကာက္ပဲြမွာ သူ႔ရဲ႕ ကြန္ဆားေဗးတစ္ပါတီ ရႈံးနိမ့္ခဲ့တာေၾကာင့္ Brexit အစီအစဥ္လည္း မေအာင္ျမင္ခဲ့ပါဘူး။

ဒီကေန႔ ေရြးေကာက္ပဲြမတုိင္ခင္ လူထုစစ္တမ္းေတြမွာေတာ့ ၀န္ႀကီးခ်ဳပ္ဂၽြန္ဆင္ရဲ႕ ကြန္ဆားေဗးတစ္ပါတီ အႏိုင္ရႏုိင္ေခ်ရွိတယ္လို႔ ေဖာ္ျပေနေပမယ့္ ေရြးေကာက္ပဲြ နီးလာတဲ့အခ်ိန္မွာေတာ့ ပိုၿပီးေတာ့ အႀကိတ္အနယ္ ျဖစ္လာေနပါတယ္။

Your browser doesn’t support HTML5

ၿဗိတိန္အေထြေထြေရြးေကာက္ပဲြ က်င္းပ

[Unicode Version]

ဗြိတိန်နိုင်ငံမှာတော့ အထွေထွေရွေးကောက်ပွဲကို ကျင်းပနေပြီး ဗြိတိန် နိုင်ငံသားတွေလည်း မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲကနေ ၂၀၁၆ လူထုဆန္ဒခံယူပွဲမှာ သဘောတူထားတဲ့ EU ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး (Brexit) နဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းနေတဲ့ ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Boris Johnson ကတော့ မဲဆွယ်စည်းရုံးရေးတွေ အတွင်း EU ကနေ ဗြိတိန်နုတ်ထွက်ရေး အပြီးသတ်ဆောင်ရွက်ဖို့ကို အလေးပေးပြီး မဲဆွယ်ခဲ့ပါတယ်။ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီအနေနဲ့ ပါလီမန်မှာ အမတ်နေရာအများစုခဲ့မယ်ဆိုရင် (Brexit) နဲ့ ပတ်သက်ပြီး အရင်ပယ်ချခံထားရတဲ့ အစီအစဉ်ကို ဖြစ်အောင်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ EU ကနေ ဗြိတိန်ခဲွဲထွက်ဖို့ကိစ္စကို လုပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

အတိုက်အခံလေဘာပါတီခေါင်းဆောင် Jeremy Corbyn ကတော့ တကယ်လို့ သူအနေနဲ့အနိုင်ရခဲ့မယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဥရောပသမဂ္ဂကနေ ခွဲထွက်မလား ဒါမှမဟုတ် နေမလား ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် လူထုဆန္ဒခံယူပွဲအသစ်ကိုလုပ်သွားမယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန် နဲ့ EU ကြားသဘောတူညီမှုကို ဗြိတိန်ပါလီမန်ဘက်ကနေ အတည်မပြုဘဲ အကြိမ်ကြိမ် ပယ်ချခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ထရီဇာမေ နုတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာ Boris Johnson ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း ထရီဇာမေဟာ EU ကနေ ဗြိတိန်နုတ်ထွက်ရေးကိစ္စ အားကောင်းလာစေဖို့အတွက် ရွေးကောက်ပွဲကို စောပြီးကျင်းပဖို့ လုပ်ခဲ့ပေမယ့်၊ အဲဒီရွေးကောက်ပွဲမှာ သူ့ရဲ့ ကွန်ဆားဗေးတစ်ပါတီ ရှုံးနိမ့်ခဲ့တာကြောင့် Brexit အစီအစဉ်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီကနေ့ ရွေးကောက်ပွဲမတိုင်ခင် လူထုစစ်တမ်းတွေမှာတော့ ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ ကွန်ဆားဗေးတစ်ပါတီ အနိုင်ရနိုင်ချေရှိတယ်လို့ ဖော်ပြနေပေမယ့် ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာတော့ ပိုပြီးတော့ အကြိတ်အနယ် ဖြစ်လာနေပါတယ်။