ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၉၀၂ ဦးရှိပြီ

ဝူဟန်မြို့ ဓာတ်ခွဲခန်းတခုတွင် စမ်းသပ်စစ်ဆေးနေသည့် ဝန်ထမ်းတဦး။ (ဖေော်ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တနင်္ဂနွေနေ့က သေဆုံးသူ ၉၁ ဦး ထပ်တိုးခဲ့ကြောင်း တနင်္လာနေ့ မနက်ခင်း မကြာသေးခင်ကပဲ ပြည်နယ် ကျန်းမာရေးကော်မရှင်က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

ဟူးဘေပြည်နယ်ထဲမှာပဲ နောက်ထပ် ကူးစက်မှုအသစ် လူပေါင်း ၂၆၁၈ ဦး ထပ်မံ တွေ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

အခုထွက်ပေါ်လာတဲ့ စာရင်းတွေအရ ဆိုရင်တော့ တရုတ်နိုင်ငံတွင်း သေဆုံးသူ စုစုပေါင်း ၉၀၂ ဦးထိ ရောက်ရှိသွားတာဖြစ်ပြီး ဒီအရေအတွက်ဟာဆိုရင် ၂၀၀၂ - ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တဲ့ SARS ကြောင့် သေဆုံးရမှု အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ကူးစက်ခံရသူ စုစုပေါင်းကလည်း တနင်္ဂနွေနေ့မှာ ၄၀,၀၀၀ နီးပါးကို ရောက်ရှိသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့ရာ အဓိကဖြစ်တဲ့ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာတော့ လူပေါင်း သန်းနဲ့ချီ ပိတ်မိနေဆဲဖြစ်ပြီး ဒေသခံတွေကတော့ စားနပ်ရိက္ခာ မလုံလောက်ဘူးလို့ ပြောဆိုနေကြပါတယ်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဈေးစီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Bin က အခုလို ပြောပါတယ်။

“လတ်တလော အခြေအနေမှာတော့ တချို့ပြည်နယ်တွေနဲ့ မြို့တွေမှာတော့ စိုးရိမ်လွန်ပြီး ဝယ်ယူနေကြတာမျိုး တချို့ကို တွေ့နေရပါတယ်။”

ဒါ့အပြင် ပို့ဆောင်ရေးခက်ခဲမှု၊ ဈေးကြီးမြင့်မှုနဲ့ အလုပ်သမား မလုံလောက်မှုတွေ ရှိနေတယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဌာန အရာရှိ Wang Bin က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စားသောက်ကုန်တွေ ပုံမှန်အနေအထားတိုင်း ပို့ဆောင်နိုင်ရေး ခက်ခဲနေကြောင်း၊ လက်ရှိမှာတော့ ဝက်သား၊ ကြက်ဥက ၅ ရက်စာရှိပြီး ဟင်းသီးဟင်းရွက်က ၃ ရက်စာ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

-----------------------------------

(Unicode)











Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၉၀၂ ဦးရှိပြီ