ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့်သေဆုံးသူ တနင်္လာနေ့ထိ ၇ သိန်းခွဲကျော်နဲ့ ကူးစက်သူ သန်း ၂၀ ကျော်ရှိ

Brazil ရှိ covid ကူးစက်ခံရလူနာကို ဆေးရုံကိုပို့ဆောင်နေ

(Zawgyi/Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းပ်စ်ကြောင့် သေဆုံးရသူ ၇၅၀,၀၀၀ နဲ့ ကူးစက်ခံ သန်း ၂၀ ထိ ရောက်ရှိလာပြီး ကမ္ဘာတလွှားမှာ ထိခိုက်နာကျင်မှု အတိဒုက္ခကြီးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာမှာ အခက်ကြုံနေရတဲ့ အချိန်ကာလ ဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ရေး အတွက် မျှော်လင့်ချက် တချို့လည်း ရှိနေပါတယ်” လို့ ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Tedros Adhanom က ပြောသွားပါတယ်။

အိန္ဒိယမှာတော့ တနလာၤနေ့က COVID ကြောင့် သေဆုံးသူ ၁,၀၀၀ ရှိခဲ့ပြီး COVID ကြောင့် တရက်တည်းမှာ သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်သွားပါတယ်။ အိန္ဒိယမှာ COVID ကြောင့် သေဆုံးသူ ၄၄,၃၈၆ ဦး ရှိပြီး အမေရိကန်၊ ဘရာဇီလ်း၊ မက္ကဆီကိုနဲ့ ဗြိတိန် ပြီးရင် သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ တနလာၤနေ့ တရက်တည်းမှာတင် ဗိုင်းရပ်စ် ကူးစက်သူ ၆၂,၀၀၀ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ Xinjiang ဒေသမှာ ပြည်တွင်းမှာဘဲ ကိုရိုနာ ကူးစက်ခံ လူနာသစ် ၁၄ ဦးရှိကြောင်းနဲ့ ပြည်ပကနေ ရောက်လာသူ ကူးစက်ခံ ၃၅ ဦး ရှိကြောင်း တရုတ် ကျန်းမာရေး ကော်မရှင်က ပြောဆိုထားပါတယ်။ ပါကစ္စတန် နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အသွားအလာ ပိတ်ပင်ကန့်သတ်ထားရှိမှု အားလုံး နီးပါးကို တနလာၤနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ ပြီးခဲ့တဲ့ လအတွင်း ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် အခုလို တားမြစ်ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်တာလို့ အစိုးရက ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့်သေဆုံးသူ တနင်္လာနေ့ထိ ၇ သိန်းခွဲကျော်နဲ့ ကူးစက် သန်း ၂၀ ကျော်ရှိ


............


(Unicode)

ကမ်ဘာတလှှား ကိုရိုနာဗိုငျးပျဈကွောင့ျ သဆေုံးရသူ ၇၅၀,၀၀၀ နဲ့ ကူးစကျခံ သနျး ၂၀ ထိ ရောကျရှိလာပွီး ကမ်ဘာတလှှားမှာ ထိခိုကျနာကငြျမှု အတိဒုက်ခကွီးနဲ့ ရငျဆိုငျနကွေရတယျလို့ ကမ်ဘာ့ကနြျးမာရေး အဖှဲ့ကွီး WHO အကွီးအကဲ Tedros Adhanom Ghebreyesus က တနလာၤနေ့မှာ ပွောဆိုလိုကျပါတယျ။


