(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ စတင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတလွှားမှာ COVID-19 ကာကွယ်ဆေး သန်း ၆,၀၀၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက John Hopkins တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စင်တာက ထုတ်ပြန်ပါတယ်။
စနေနေ့ နေ့ခင်းပိုင်းအချိန်ထိ ကမ္ဘာတလွှားက လူပေါင်း ၆ ဒသမ ၆ ဘီလျံလောက်ဟာ အနည်းဆုံး ကာကွယ်ဆေးတကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ စင်တာက ဖော်ပြပါတယ်။
အမေရိကန်ပြည်သူ သန်း ၆၀ လောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်ထိုးပြီးနောက် အားဖြည့်တဲ့အနေနဲ့ နောက်တလုံး ထပ်ထိုးဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီကြောင်း သမ္မတ Joe Biden က ပြောဆိုပြီး နောက်တနေ့မှာပဲ အခုထုတ်ပြန်ချက် ထွက်လာတာပါ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အမေရိကန်တွေ အနေနဲ့ COVID-19 ကာကွယ်ဆေး နောက်တလုံး ထပ်ထိုးကြဖို့ သမ္မတ Biden က တိုက်တွန်းထားပြီး သူလည်း အမြန်ဆုံး ထိုးမယ့်အကြောင်း ပြောပါတယ်။
SEE ALSO: ကန်နိုင်ငံသား သန်း ၆၀ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမည်ဥရောပသမဂ္ဂရဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ်မှုဌာနကတော့ အသက် ၁၆ နှစ်နဲ့အထက် လူတွေကို Pfizer-BioNTech ရဲ့ COVID-19 ကာကွယ်ဆေး တတိယတလုံး ထပ်ထိုးရေး အတည်ပြုချက် ပေးမပေးဆိုတာကို လာမယ့် အောက်တိုဘာလ အစောပိုင်းမှာ ဆုံးဖြတ်ဖို့ စီစဉ်ထားကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား လိုအပ်ချက်သစ်ကို စနေနေ့က လူပေါင်း ရာချီ ဆန္ဒပြကြပါတယ်။ အဖျော်ယမကာဆိုင်တွေ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ တခြားနေရာတွေကို ဝင်ရောက်ခွင့်အတွက် ကိုရိုနာလက်မှတ်လို့ ခေါ်တဲ့ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
-----------------------
(Unicode)
ကမ်ဘာတလှှား ကိုဗဈကာကှယျဆေး သနျး ၆,၀၀၀ ကြောျ ထိုးနှံပွီးစီး
SEE ALSO: အမေရိကန်မှာ အသက် ၆၅ နှစ်နဲ့အထက် Pfizer ကိုဗစ်ကာကွယ်ဆေးဖြည့်စွက်ထိုးဖို့ FDA ဆုံးဖြတ်ဥရောပသမဂ်ဂရဲ့ ဆေးဝါးဆိုငျရာ ကွီးကွပျမှုဌာနကတော့ အသကျ ၁၆ နှဈနဲ့အထကျ လူတှကေို Pfizer-BioNTech ရဲ့ COVID-19 ကာကှယျဆေး တတိယတလုံး ထပျထိုးရေး အတညျပွုခကြျ ပေးမပေးဆိုတာကို လာမယ့ျ အောကျတိုဘာလ အစောပိုငျးမှာ ဆုံးဖွတျဖို့ စီစဉျထားကွောငျး ကွာသပတေးနေ့က ပွောပါတယျ။