(Zawgyi / Unicode)
အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေပြီး အရီဇိုးနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ စနေနေ့က တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်လောက်အောင် တွေ့ခဲ့ရပါတယ်။
တောင်ပိုင်းက တက္ကဆက်စ်ပြည်နယ်မှာလည်း ကူးစက်သူ တိုးလာနေတာကြောင့် အချိန်မတန်သေးဘဲ အရက်ဘားတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာအတွက် နောက်တရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သန်းခွဲနီးပါးနဲ့ ကမ္ဘာတလွှား ကူးစက်ခံရသူ အားလုံးရဲ့ လေးပုံတပုံလောက်ရှိပြီး အများဆုံးဖြစ်နေသလို ဘရာဇီးက ၁.၃ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရုရှားက ၆ သိန်းကျော်နဲ့ တတိယ အများဆုံးပါ။
SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်မှု မြင့်တက်ဆဲစတုတ္ထအများဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း စနေနေ့က တရက်အတွင်း ကူးစက်ခံရသူ ၂၀,၀၀၀ နီးပါးနဲ့ စံချိန်တင်ခဲ့ပြီး အခုအခါမှာ အိန္ဒိယတနိုင်ငံလုံး အနေနဲ့ ကူးစက်ခံရသူ သန်းတဝက်ကျော် ရှိနေပါပြီ။
Your browser doesn’t support HTML5
-----------------------------------
(Unicode)
SEE ALSO: ကန် Coronavirus ကူးစက်မှု တနေ့အတွင်း ခန့်မှန်းခြေ ၄သောင်းနီးပါးထိ မြင့်တက်အမရေိကနျနိုငျငံမှာတော့ ကူးစကျခံရသူ ၂ သနျးခှဲနီးပါးနဲ့ ကမ်ဘာတလှှား ကူးစကျခံရသူ အားလုံးရဲ့ လေးပုံတပုံလောကျရှိပွီး အမြားဆုံးဖွဈနသေလို ဘရာဇီးက ၁.၃ သနျးနဲ့ ဒုတိယအမြားဆုံးဖွဈပွီး ရုရှားက ၆ သိနျးကြောျနဲ့ တတိယ အမြားဆုံးပါ။