အမေရိကန်က သက်ကြီးပိုင်းပုဂ္ဂိုလ်တွေနဲ့ မရှိမဖြစ် လုပ်သားတွေကို ကိုဗစ်ကနေ ကာကွယ်မယ်

Moderna ကိုဗစ်ကာကွယ်ဆေး။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့ကစလို့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးကို ဆေးရုံတွေထံ စတင်ဖြန့်ဝေနေတာနဲ့ အတူပဲ အသက် ၇၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လက်လီအရောင်းဆိုင် ဝန်ထမ်းတွေလို မရှိမဖြစ် လုပ်သားတွေကို ဒုတိယဦးစားပေးအဖြစ် ကျွမ်းကျင်သူများပါတဲ့ ကော်မတီက သတ်မှတ်လိုက်ပါတယ်။

Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို တနင်္ဂနွေနေ့မှာ ဖြန့်ဝေနေပြီး တနင်္လာနေ့မှာ စတင်ထိုးနှံပေးနိုင်ဖို့ မျှော်မှန်းထားတာပါ။

SEE ALSO: Moderna ကိုဗစ်ကာကွယ်ဆေး အမေရိကန်တဝန်း စတင်ဖြန့်ဖြူး

ပထမဆုံးအနေနဲ့ Pfizer နဲ့ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့သီတင်းပတ် တနင်္လာနေ့ကစလို့ ထိုးနှံပေးနေတာမှာ အခုအချိန်ထိ အမေရိကန် ၅၅၆,၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC က ပြောဆိုထားပါတယ်။

Pfizer နဲ့ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးနဲ့ အခု ဒုတိယမြောက် ကာကွယ်ဆေးဖြစ်တဲ့ Moderna ရဲ့ COVID-19 ကာကွယ်ဆေးတွေကိုတော့ ကာကွယ်ဆေးထိုးနှံရေး အကြံပေးကော်မတီရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြရသူတွေကို ပထမဦးစားပေး ထိုးနှံပေးဖို့ အာဏာပိုင်တို့က အတည်ပြုထားတာပါ။

အသက် ၇၅ နှစ်နဲ့အထက် သက်ကြီးပိုင်း၊ နောက် လူတွေနဲ့ မဖြစ်မနေ ထိတွေ့ အလုပ်လုပ်ကိုင်နေကြရတဲ့ မရှိမဖြစ်ဝန်ထမ်းတွေ၊ လုပ်သားတွေကိုလည်း ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးဖို့အတွက် အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့မှာ ကာကွယ်ဆေးထိုးနှံရေး ကော်မတီက ထောက်ခံမဲ ၁၃ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်က သက်ကြီးပိုင်းပုဂ္ဂိုလ်တွေနဲ့ မရှိမဖြစ် လုပ်သားတွေကို ကိုဗစ်ကနေ ကာကွယ်မယ်

-----------------------

(Unicode)




SEE ALSO:  အမေရိကန်မှာ COIVD-19 ရှေ့တန်းကတိုက်နေသူတွေ ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေး


