(Zawgyi/Unicode)
တကယ္လို႔ အီးယူ ဥေရာပသမဂၢဘက္က အေရးပါတဲ့ ေျပာင္းလဲမႈေတြ မလုပ္ဘူးဆိုရင္ အီးယူကေန ၿဗိတိန္ ဘာသေဘာတူညီမႈမွ မယူပဲႏုတ္ထြက္ဖို႔ ျပင္ဆင္ရမယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ေသာၾကာေန႔မွာ ေျပာပါတယ္။
ၿဗိတိန္ အီးယူကေနႏုတ္ထြက္တဲ့ Brexit ကာလ ေနာက္ပိုင္း ၂ ဖက္ ကုန္သြယ္ေရး အတြက္ ညွိႏႈိင္းမႈေတြ အခုထိ မေအာင္ျမင္ႏိုင္ပဲ အျပန္အလွန္ အျပစ္တင္ေနၾကတာ ျဖစ္ၿပီး
သတ္မွတ္ခ်ိန္ကလည္း ဒီႏွစ္ကုန္ ျဖစ္တဲ့အတြက္ အခ်ိန္က သီတင္းပတ္ အနည္းငယ္ပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။
ညွိႏႈိင္းမႈေတြ ဆက္လုပ္ဖို႔ အဆင္သင့္ပဲလို႔ အီးယူကေျပာေပမယ့္ ၿဗိတိန္ကေတာ့ ေဆြးေႏြးဖို႔ လမ္းဆံုးေနၿပီလို႔ ဆိုပါတယ္။ ၿဗိတိန္ဘက္က အေျပာင္းအလဲေတြ ႀကီးႀကီးမားမားမလုပ္ရင္ သေဘာတူညီခ်က္ရမွာ မဟုတ္ဖူးလို႔ Brussels ညီလာခံမွာ အီးယူဘက္က ေျပာခဲ့ၿပီး ညွိႏႈိင္းမႈေတြကို အီးယူဘက္က ေသာၾကာေန႔ကတည္းက ရပ္ပစ္ခဲ့တာေၾကာင့္ ေဆြးေႏြးမႈေတြ ၿပီးသြားၿပီလို႔ ဝန္ႀကီးခ်ဳပ္ Johnson ရဲ့ ေျပာခြင့္ရ James Slack က ေျပာပါတယ္။
ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel နဲ႔ Netherlands ဝန္ႀကီးခ်ဳပ္ Mark Rutte အပါအဝင္ အီးယူေခါင္းေဆာင္ေတြကေတာ့ အီးယူဘက္က အေပးအယူလုပ္ဖို႔ ဆႏၵ ရွိေနဆဲပဲလို႔ ေျပာပါတယ္။ ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen ကလည္း အီးယူအေနနဲ႔ ဆက္မလုပ္ခ်င္ေပမယ့္ သေဘာတူညီမႈ ရဖို႔ လိုလားေနဆဲပဲလို႔ ေျပာပါတယ္။ ဒါ့အျပင္ ညွိႏႈိင္းမႈေတြ တိုးလုပ္ဖို႔ ေရွ႕သီတင္းပတ္ထဲမွာ အီးယူညွိႏႈိင္းေရးမႈး Michel Barnier လန္ဒန္ကို သြားမွာ ျဖစ္ေၾကာင္းလည္း ေၾကညာပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရံုးကေတာ့ ဒီကမ္းလွမ္းခ်က္ကို ပယ္ခ်ခဲ့ၿပီး လန္ဒန္မွာ တနလၤာေန႔ ညွိႏႈိင္းမႈလုပ္ဖုိ႔ မရွိဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္ ၿဗိတိန္ညွိႏႈိင္းေရးမွဴး David Frost နဲ႔အီးယူညွိႏိႈင္းေရးမႈး Barnier တု႔ိ ေရွ႕သီတင္းပတ္ အေစာပိုင္းမွာ စကားေျပာဆိုဖို႔ ေတာ့ သေဘာတူလိုက္တာပါ။
ၿဗိတိန္ အီးယူကေန တရားဝင္ႏုတ္ထြက္မယ့္ ရက္ဟာ ဇန္နဝါရီလ ၃၁ ရက္ျဖစ္ၿပီး ၿဗိတိန္ရဲ့ အီးယူနဲ႔စီးပြါးေရး လုပ္ေဆာင္မႈပံုစံကေတာ့ ဒီႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔ အထိ ဒီအတိုင္း ဆက္ရွိေနမွာ ျဖစ္ပါတယ္။ ႏုတ္ထြက္ၿပီးေနာက္ပိုင္း ၂ ဖက္ ကုန္သြယ္ေရးနဲ႔ တျခားဆက္ဆံမႈေတြ အတြက္ သေဘာတူညီခ်က္ရဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ၿပီး ဒီႏွစ္ကုန္မွာ အတည္ျပဳလုပ္ေဆာင္ႏိုင္ဖို႔အတြက္
ဒီသေဘာတူညီခ်က္္ကို ေရွ႕လအေစာပိုင္းေလာက္မွာ ရရွိဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။
Your browser doesn’t support HTML5
EU က ၿဗိတိန္ႏုတ္ထြက္ေရး ညွိႏိႈင္းမရေသး
.............
EU က ဗြိတိန်နုတ်ထွက်ရေး ညှိနှိုင်းမရသေး
(Unicode)
တကယ်လို့ အီးယူ ဥရောပသမဂ္ဂဘက်က အရေးပါတဲ့ ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် အီးယူကနေ ဗြိတိန် ဘာသဘောတူညီမှုမှ မယူပဲနုတ်ထွက်ဖို့ ပြင်ဆင်ရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့မှာ ပြောပါတယ်။
ဗြိတိန် အီးယူကနေနုတ်ထွက်တဲ့ Brexit ကာလ နောက်ပိုင်း ၂ ဖက် ကုန်သွယ်ရေး အတွက် ညှိနှိုင်းမှုတွေ အခုထိ မအောင်မြင်နိုင်ပဲ အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပြီး
သတ်မှတ်ချိန်ကလည်း ဒီနှစ်ကုန် ဖြစ်တဲ့အတွက် အချိန်က သီတင်းပတ် အနည်းငယ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။
ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ အဆင်သင့်ပဲလို့ အီးယူကပြောပေမယ့် ဗြိတိန်ကတော့ ဆွေးနွေးဖို့ လမ်းဆုံးနေပြီလို့ ဆိုပါတယ်။ ဗြိတိန်ဘက်က အပြောင်းအလဲတွေ ကြီးကြီးမားမားမလုပ်ရင် သဘောတူညီချက်ရမှာ မဟုတ်ဖူးလို့ Brussels ညီလာခံမှာ အီးယူဘက်က ပြောခဲ့ပြီး ညှိနှိုင်းမှုတွေကို အီးယူဘက်က သောကြာနေ့ကတည်းက ရပ်ပစ်ခဲ့တာကြောင့် ဆွေးနွေးမှုတွေ ပြီးသွားပြီလို့ ဝန်ကြီးချုပ် Johnson ရဲ့ ပြောခွင့်ရ James Slack က ပြောပါတယ်။
ဂျာမဏီဝန်ကြီးချုပ် Angela Merkel နဲ့ Netherlands ဝန်ကြီးချုပ် Mark Rutte အပါအဝင် အီးယူခေါင်းဆောင်တွေကတော့ အီးယူဘက်က အပေးအယူလုပ်ဖို့ ဆန္ဒ ရှိနေဆဲပဲလို့ ပြောပါတယ်။ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen ကလည်း အီးယူအနေနဲ့ ဆက်မလုပ်ချင်ပေမယ့် သဘောတူညီမှု ရဖို့ လိုလားနေဆဲပဲလို့ ပြောပါတယ်။ ဒါ့အပြင် ညှိနှိုင်းမှုတွေ တိုးလုပ်ဖို့ ရှေ့သီတင်းပတ်ထဲမှာ အီးယူညှိနှိုင်းရေးမှုး Michel Barnier လန်ဒန်ကို သွားမှာ ဖြစ်ကြောင်းလည်း ကြေညာပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရုံးကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး လန်ဒန်မှာ တနင်္လာနေ့ ညှိနှိုင်းမှုလုပ်ဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဗြိတိန်ညှိနှိုင်းရေးမှူး David Frost နဲ့အီးယူညှိနှိုင်းရေးမှုး Barnier တု့ိ ရှေ့သီတင်းပတ် အစောပိုင်းမှာ စကားပြောဆိုဖို့ တော့ သဘောတူလိုက်တာပါ။
ဗြိတိန် အီးယူကနေ တရားဝင်နုတ်ထွက်မယ့် ရက်ဟာ ဇန်နဝါရီလ ၃၁ ရက်ဖြစ်ပြီး ဗြိတိန်ရဲ့ အီးယူနဲ့စီးပွါးရေး လုပ်ဆောင်မှုပုံစံကတော့ ဒီနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ဒီအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ နုတ်ထွက်ပြီးနောက်ပိုင်း ၂ ဖက် ကုန်သွယ်ရေးနဲ့ တခြားဆက်ဆံမှုတွေ အတွက် သဘောတူညီချက်ရဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး ဒီနှစ်ကုန်မှာ အတည်ပြုလုပ်ဆောင်နိုင်ဖို့အတွက်
ဒီသဘောတူညီချက်ကို ရှေ့လအစောပိုင်းလောက်မှာ ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။