ကော့ကရိတ်မြို့အနီး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက KNLA/PDF ပူးပေါင်းတပ်များ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မူတွေ က ၅ရက်အတွင်းပိုပြင်းထန်လာနေပါတယ်။ ကော့ကရိတ်ထဲက စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကလည်း နယ်ခံတပ်တွေ စုပေါင်းပြီး BGF အကူညီနဲ့ တိုက်ပွဲအရှိန်မြှင့်ဖို့ လက်နက်ခဲယမ်း သယ်ဆောင်တာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးနယ်တဝိုက်မှာစစ်ကောင်စီတပ်တွေနဲ့ KNLA/PDFပူးပေါင်းတပ်တွေက နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှု ဒရုန်းနဲ့တိုက်ခိုက်မှု လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက ၅ရက်အတွင်းပိုပြင်းထန်လာနေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှု လက်နက်ကြီးနဲ့တိုက်ခိုက်မူတွေလုပ်ပြီး ကော့ကရိတ်နဲ့ မြ၀တီကြားက ပူးပေါင်းတပ်တွေကို နှစ်ဖက်ထိုးစစ်ဆင်ဖို့လုပ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

"အခုအနေအထားကတော့ ကော့ကရိတ်ေမြ၀တီဘက်ကို နှစ်ဖက်ညှပ်တိုက်မယ့်အနေအထားပေါ့နော် အစီစဉ်ကတော့ ကောကရိတ်မြ၀တီကြားမှာရှိတဲ့ KNLA နဲ့ပူးပေါင်းတပ်တွေကို ညှပ်တိုက်မယ့်ပုံစံပေါ့နော်၊ နေပူခံကုန်းကနေ အမြှောက်တွေနဲ့ကျေးရွာတွေဘက်ကိုလှမ်းပစ်တယ်။ နေပူခံကုန်းကနေ အမြောက်တွေနဲ့ကျေးရွာတွေဘက်ကို လှမ်းပစ်တယ်၊ အဲဒါကဘယ်သူထိထိပစ်တယ် လမ်းဟောင်းဘက်ကိုလှမ်းပစ်နေတော့ ပြည်သူတွေထိခိုက်မှုတွေရှိနေတယ်။"

ယခင်မှတ်တမ်းရုပ်ပုံ | ကော့ကရိတ်မြို့နယ်အနီး ကျေးရွာတွေပေါ်ကိုလက်နက်ကြီးကျ (ဇန်နဝါရီ ၂၅၊ ၂၀၂၃)

ဧပြီလဆန်းကတည်းက မြ၀တီဘက်ကို ထိုးစစ်ဆင်မယ့် အောင်ဇေယျစစ်ဆင်ရေးအတွက်လာတဲ့ အောင်ဇေယျစစ်ကြောင်းကလည်း ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်တာတွေကြောင့် အထိနာပြီး အခုချိန်ထိ မြ၀တီဘက်ကို မတက်လာနိုင်သေးပါဘူး။ တပ်အင်အားတချို့ကိုလည်း စစ်ဖြစ်နေတဲ့ ရခိုင်ဘက်ကို ပြန်ပို့လိုက်တာကြောင့် အင်အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်အကူညီနဲ့ လက်နက်ခဲယမ်း စုဆောင်းသယ်ဆောင်တာတွေ လုပ်နေတယ်လို့ အခုလို ဆက်ပြောတယ်။

"အောင်ဇေယျစစ်ကြောင်းကတော့ အင်းအားလည်းပြည့်ပြည့်၀၀မရှိတော့ဘူး။ တိုက်ရည်ခိုက်ရည်ကပြည့်ပြည့်၀၀နဲ့ ထိုးတက်လာတဲ့စစ်ကြောင်းလာတဲ့မဟုတ်တော့ဘူး၊၊ နယ်လှည့်နေတဲ့ တပ်အသွင်လောက်ပဲရှိတယ်။​ အဲဒီကနေ ကျုံဒိုးတို့၊ နဘူးတို့ကနေ အင်အားတွေဖြည့်တင်းလာတာ ရှိတယ်။ ခမရ ၅၄၅ ၅၄၆တို့ကနေ အင်အားတွေဖြည့်တင်းတယ်။​ သူတို့မှာ အင်အားမရှိတော့ BGF တို့၊​ ဗိုလ်ဘိတပ်တို့ရဲ အကူအညီနဲ့ လက်နက်ခဲယမ်းသယ်ဆောင်တာတွေလည်း လုပ်တာရှိတယ်။​ သူတို့အင်အားမရှိတော့ BGF တို့ DKBA အကူညီနဲ့ ကင်းပုန်းဝပ်တာ၊ လက်နက်ခဲယမ်းပို့ဆောင်တာ အဲဒီပုံစံမျိုးနဲ့လုပ်နေကြတယ်။"

နှစ်ဖက်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ ပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။​ မြ၀တီသင်္ကန်းညီနောင်ဘက်မှာတော့ ခလရ ၂၇၅ကတပ်က နယ်ခြားစောင့်အကူညီနဲ့ စခန်းပြန်ထိုင်ထားပြီး အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။

ရွှေမြစန္ဒီကွက်သစ်၊ ရွာသစ်ကုန်းနေရာတွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ ​ဇူလိုင်လ ၂ရက်နေ့က ၇ရက်နေ့အထိ ၅ရက်အတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်တဲ့အရပ်သား ၆ဦးထက်မနည်းရှိနေကြောင်း လက်နက်ကြီးကျည်ဆံတွေ ကော့ကရိတ်နောင်နိုင်းကျေးရွာ တံတားကျိုးဆိုတဲ့ နေရာတွေကို ကျရောက်ပေါ်ကွဲတာတွေကြောင့် ဒေသခံတွေ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဒေသအတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုပါတယ် ။

Your browser doesn’t support HTML5

ကော့ကရိတ်မြို့အနီး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်