ဂျာမနီနယ်စပ်ဂိတ်တွေက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးဂိတ်တွေ မကြာခင်ရပ်ဆိုင်းမည်

ဂျာမဏီပြည်ထဲရေးဝန်ကြီး Horst Seehofer

(Zawgyi/Unicode)

ဂျာမဏီနိုင်ငံမှာ ကုန်းတွင်းပိုင်းနယ်စပ်ဂိတ်တွေမှာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေကို ရှေ့လလယ်လောက်မှာ ရပ်ဆိုင်းဖို့ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ဂျာမဏီ ပြည်ထဲရေးဝန်ကြီး Horst Seehofer က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဂျာမဏီနိုင်ငံ အနေနဲ့ ဇွန်လလယ်လောက်မှာ ဥရောပတလွှား လွတ်လပ်စွာသွားလာခွင့်ပေးဖို့ သတ်မှတ်ထားတာ ဖြစ်ပြီး ပြင်သစ်၊ Luxembourg၊ ဆွစ်ဇလန်နဲ့ Austria နိုင်ငံတွေနဲ့ ဆက်နေတဲ့ နယ်စပ်ဂိတ်တွေကို စနေနေ့မှာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထောက် တွေကို ပြောပါတယ်။

SEE ALSO: မြန်မာနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂျာမဏီ ရပ်ဆိုင်း

ဒီလိုစီစဉ်ထားတာဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရမှုနှုန်း လျော့ပါးမှု ဆက်ရှိမရှိပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ဝန်ကြီး Seehofer က ပြောပါတယ်။

ဒီသီတင်းပတ်ထဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ၂ နိုင်ငံချင်း ဆွေးနွေးမှုတွေကနေ ကပ်ရောဂါဆိုင်ရာ သတ်မှတ်ချက်တွေ ဖြေလေ ျှာ့ပေးရေး ဆိုင်ရာ သဘောတူညီမှုတွေ ရခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်တို့ ရုရှားတို့လို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ နိုင်ငံတွေကို ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့ အထိ ကန့်သတ်ထားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ဟာ နယ်စပ်ဂိတ် ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ဂျာမဏီလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂျာမနီနယ်စပ်ဂိတ်တွေက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးဂိတ်တွေ မကြာခင်ရပ်ဆိုင်းမည်

[Unicode]




SEE ALSO: ဥရောပမှာ COVID-19 ကူးစက်မှုလျော့လာပေမယ့် ကာလအတော်ကြာ ရှိနေနိုင်ကြောင်း WHO ပြော

