အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်သွားပြီ

မွမ်ဘိုင်းမြို့က ရပ်ကွက်တခုမှာ နေထိုင်သူတွေကို ကိုယ်အပူချိန် တိုင်းတာပေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ဆိုရင် ၄ သန်းကျော်သွားပါပြီ။

ဒါကြောင့်လည်း အမေရိကန်ပြီးရင် ကမ္ဘာမှာ ရောဂါပိုးကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံနားကို ကပ်နေပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ဒီကနေ့မှာ ၁,၀၈၉ ဦးရှိပြီး စုစုပေါင်း ၆၉,၅၆၁ ဦး သေဆုံးရပြီးပါပြီ။

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်သွားပြီ

အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အားလုံးနီးပါး ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အကန့်အသတ်တွေ ချမှတ်ခဲ့ရတာကြောင့် စီးပွားရေး အထိနာလာတဲ့အတွက် အခုအခါမှာ တာဝန်ရှိသူတွေက ပြန်ဖွင့်ပေးနေရပါပြီ။

COVID-19 ရောဂါ စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီကနေ့ ကူးစက်သူ ၁၀ ဦးရှိတဲ့အကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အခုကူးစက်သူ အားလုံးဟာ ပြည်ပကနေ ကူးစက်လာကြတာလို့ ပြောပါတယ်။

SEE ALSO: ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ

ကျန်တဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲက ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကို အတော်လေး ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုတွေ တိုးလာနေတာကြောင့် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်ဒေသတွေကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်တာတွေ မရှိစေဖို့ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အထူးတင်းကျပ် တားမြစ်နေပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှု အရေအတွက်ကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးစက်သူစုစုပေါင်း ၃ သိန်းကျော်နဲ့ သေဆုံးသူက ၄,၄၀၀ ကျော် ရှိထားပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်သွားပြီ

------------------------

(Unicode)

အိန်ဒိယမှာ ကိုဗဈကူးစကျသူ ၄ သနျးကြောျသှားပွီ




SEE ALSO: အိန္ဒိယ ကိုဗစ်ကူးစက်သူအရေအတွက် ဘရာဇီးလ်နီးပါးရှိလာ




SEE ALSO: အိန္ဒိယ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်တခုဖြစ်လာ

