လူမျိုးခွဲခြား နှိမ့်ချသူတွေက Papua ကျောင်းသားတွေကို မြို့အတော်များများမှာ တိုက်ခိုက်ခဲ့ပြီး၊ ဒေသခံတွေ ဒေါသထွက် မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ၊ Papua နဲ့ အနောက် Papua ကျွန်းတွေမှာ ပြန်လည်တည်ငြိမ် အေးချမ်းလာစေဖို့ဆိုပြီး တယ်လီဖုန်း ဆက်သွယ်ရေးကို ဆက်လက် ဖြတ်တောက်ထားဦးမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာ ဝန်ကြီးဌာနက ပြောပါတယ်။ အင်ဒိုနီးရှားဟာ အရင်ကလည်း ပြည်သူတွေ မသိစေချင်၊ မမြင်စေလိုတဲ့ သတင်းအမှောင်ချဖို့အတွက် အင်တာနက်လိုင်းကို နှေးလိုက်တာ၊ ဖြတ်တောက်တာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။
Papua မှာ အခြေအနေတွေ တည်ငြိမ်လာတဲ့အထိ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ Papua နဲ့ အခြားဒေသတွေမှာ အခြေနေတွေ အမြန်ဆုံး ပြန်လည်တည်ငြိမ်မှု ရှိလာစေဖို့ အခုလို အင်တာနက် data services ကို ကန့်သတ် ထားရတာဖြစ်ကြောင်းလည်း ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ယာယီပြောခွင့်ရပုဂ္ဂိုလ် Ferdinandus Setu ကအကြောင်းပြချက်ပေးပါတယ်။
အင်တာနက်လိုင်း တွေ ဘယ်အချိန်မှာ ပြန်ဖွင့်ပေးမယ်ဆိုတာ အချိန်သတ်မှတ်ချက် အတိအကျ မရှိသေးကြောင်း ဆက်သွယ်ရေး နည်းပညာ ဝန်ကြီးဌာနရဲ့ အကြီးတန်းအကြံပေး Henri Subiakto က VOA ကိုပြောပါတယ်။
အဲဒီဒေသတွင်းမှာ Papua တက္ကသိုလ်ကျောင်းသားတွေ အပေါ်အင်ဒိုနီးရှား ရဲတွေက ခွဲခြား ဆက်ဆံပြောဆိုမှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးတဲ့ နောက် သြဂုတ်လလယ်ပိုင်း မှာ ဆန္ဒပြပွဲတွေ စဖြစ်ခဲ့ပြီး ဒေသတလွှားကို ပျံ့သွားခဲ့ပါတယ်။
Your browser doesn’t support HTML5