မုန်းမြို့နယ် တပ်စခန်းတွေ သိမ်းပိုက်နိုင်ကြောင်း KNU ကြေညာ

၇၀ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တည်ထောင်ခြင်း အခမ်းအနားအတွင်းတွေ့ရတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

၇၀ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တည်ထောင်ခြင်း အခမ်းအနားအတွင်းတွေ့ရတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

ပဲခူးတိုင်းအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေအတွင်း အချက်အခြာကျတဲ့ တပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ KNU တပ်မဟာ (၃) အခြေစိုက်ရာ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က တပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် စစ်ကောင်စီက လတ်တလော တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်တွေကစပြီး အပြင်းအထန်တိုက်ခိုက်နေတာပါ။ ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၅နာရီခဲွမှာတော့ မုန်းမြို့နယ်ထဲကစစ်ကောင်စီရဲ့ စခန်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့ကေအန်ယူကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာစစ်ရေးဗျူဟာအရအရေးပါတဲ့ နေရာတွေဖြစ်သလိုနေပြည်တော်နဲ့နီးတဲ့အတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူဖဒိုကလယ်စေးကပြောပါတယ်။

ကျနော်တို့targetထားတဲ့စခန်းတွေပါပဲစစ်စခန်းတွေပါပဲ ။စစ်ရေးမဟာဗျူဟာအရပြောမယ်ဆိုရင် ခန့်မှန်းရခက်တယ် မုန်းမြို့နယ်ကတော့ နေပြည်တော်နဲ့အတော်နီးတဲ့အခြေအနေရှိတယ်လို့ပြောလို့ရပါတယ်၊နောက်တခုကတော့ ဒီဘက်ထိုင်းမြန်မာနယ်စပ်ဘက်ကို သူတို့စစ်ကောင်စီတပ်တွေဖြန့်ခဲွပို့တဲ့နေရာမှာအဓိကလမ်းကြောင်းလည်းဖြစ်ပါတယ်၊အဲဒီလောက်တော့ သူတို့အတွက်အရေးပါတယ် ကျနော်တို့အတွက်လည်း ကျနော်တို့နယ်မြေတွေကို လာပြီးစိုးမိုးတဲ့ လမ်းကြောင်းဖြစ်လို့အရေးကြီးတယ်လို့ပြောလို့ရပါတယ်"

စစ်ကောင်စီတပ်ရဲ့ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်းနဲ့တံတားထိပ်ဂိတ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၅နာရီခဲွမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေငြာခဲ့တာပါ၊ ပူးပေါင်းတပ်ဖဲွနဲ့အတူ အင်အား ၁၅၀၀လောက်နဲ့ နယ်မြေရှင်းလင်းရေးတွေကိုစတင်လုပ်နေပြီလို့လည်းကေအန်ယူကဆိုပါတယ်။

အခုဆိုရင်ကေအန်ယူ တပ်မဟာ(၇)ခုရှိတဲ့အနက် တပ်မဟာ ၄ခုလောက်မှာစစ်ကောင်စီရဲ့ယန္တယားတွေလည်ပတ်လို့မရအောင် လုပ်ထားနိုင်ခဲ့ပြီလို့လည်းကေအန်ယူကပြောပါတယ်။ လတ်တလောမှာတော့ မြို့သိမ်းတိုက်ပဲွတွေမလုပ်သေးသလို့စစ်စခန်းတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာတွေဆက်တိုက်လု်သွားမယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ပြည်သူလူထုနဲ့ကျနော်တို့တွေကိုအဓိက ဒုက္ခပေးတဲ့ စစ်စခန်းတွေကိုတော့ ကျနော်တို့target ထားတယ်လို့ပြောရမှာဖြစ်ပါတယ်၊ စစ်ကောင်စီယန္တယားရပ်တည်လို့မရတဲ့အခြေအနေတွေကတော့တပ်မဟာ (၂) တပ်မဟာ(၅)တပ်မဟာ(၁) တပ်မဟာ(၆) အဲဒီနေရာတွေဖြစ်တယ် ကျန်တဲ့တပ်မဟာတွေမှာလည်းအနည်းငယ်ရှိပါတယ်။"

မုန်းမြို့နယ် အတွင်းက စစ်စခန်းကိုတွေကို ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်စဉ်အတွင်းမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မူ့အကြိမ် ၂၀ထက်မနည်းလုပ်ခဲ့ကြောင်း ကိုလည်းဒေသတွေကပြောပါတယ် ၊ အဲဒီဒေသနဲ့ ကော့ကရိတ်မြိုနယ် တောင်ပိုင်းမှာ စစ်ဘေးတွေကြောင့်ကော လေကြောင်းတိုက်ခိုက်မူ့တွေကြောင့်ပါ စစ်ဘေးရှောင်ဦးရေကတော့ပိုပြီး တိုးများလာနေပါတယ်။

Your browser doesn’t support HTML5

မုန်းမြို့နယ် တပ်စခန်းတွေ သိမ်းပိုက်နိုင်ကြောင်း KNU ကြေညာ