မြန်မာ COVID-19 ကြောင့်သေဆုံးသူ ၂၄ ဦး၊ ကူးစက်သူ ၈၈၀ တိုး

COVID-19 ကူးစက်ပျံ့နှံ့နေတဲ့ ရန်ကုန်မြို့မှာ ဒေသခံတွေကို ကျန်းမာရေးစစ်ဆေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ နောက်ထပ်ကူးစက်သူ ၈၈၀ နဲ့ သေဆုံးသူ ၂၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ချိန်ကတည်းကဆိုရင် ၂၄ နာရီအတွင်း သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၈၁၆ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အခုလို ဗိုင်းရပ်စ်ကူးစက်သူ ၈၈၀ ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောထားပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉,၉၉၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့ ဗိုင်းရပ်စ်တွေ့ရှိတဲ့ သူတွေထဲမှာ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ က နောက်ထပ်ကူးစက်သူ ၁၀၀ တွေ့ရှိခဲ့ပါတယ်။

SEE ALSO: ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ်

ဒါ့အပြင် သေဆုံးသူစုစုပေါင်းဟာလည်း ၁၉၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့သေဆုံးသူ ၂၄ ယောက်မှာ ရန်ကုန်တိုင်းဒေသကြီးက ၂၃ ယောက်ပါပြီး မော်လမြိုင်က တယောက်ပါပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၅ နှစ်ကနေ ၈၇ နှစ်ကြားမှာရှိတဲ့ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်ပိုးမတွေ့သူ ၁၆၄ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းဟာ ၂,၆၈၁ ယောက်ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာ COVID-19 ကြောင့်သေဆုံးသူ ၂၄ ဦး၊ ကူးစက်သူ ၈၈၀ တိုး

----------------------

(Unicode)




SEE ALSO: ရန်ကုန်မှာ ရာနဲ့ချီတဲ့သံဃာတွေ ကိုဗစ်ကူးစက်ခံရ



