လက်ရှိဘဏ္ဍာနှစ်အတွက် မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်ရေး ဒေါ်လာ ၂၂ ဘီလီယံနီးပါးရှိ

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းလမ်းကတဆင့် ပြုလုပ်တဲ့ ကုန်သွယ်ရေး ပမာဏ စုစုပေါင်း ဒီနှစ် ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ ၊ ၁၀ လတာထဲ အမေရိကန် ဒေါ်လာ ၂၁.၉ ဘီလီယံရှိတယ်လို့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ထဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ မနှစ်က အောက်တိုဘာလ စတင်တဲ့ ဘဏ္ဍာရေးနှစ် စာရင်းဇယားတွေအရ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၈ ဒဿမ ၅၆ ဘီလီယံ တန်ဖိုးရှိတဲ့ ပို့ကုန်တွေ တင်ပို့ခဲ့ပြီး ၁၃. ၃ ဘီလီယံ တန်ဖိုးရှိတဲ့ သွင်းကုန်တွေ တင်သွင်းခဲ့ပါတယ်။

မနှစ် ဘဏ္ဍာရေးနှစ် အလားတူ ကာလထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ၁.၃၉ ဘီလီယံ ပိုများတာ ဖြစ်ပါတယ်။ မနှစ်က အလားတူ ကာလက ရေကြောင်း ကုန်သွယ်မှု ပမာဏ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၀.၅ ဘီလီယံ ရှိခဲ့တာ ပါ။

ဒီနှစ် ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ အတွင်း အောက်တိုဘာ ၁ရက်နေ့က ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၀.၉ ဘီလီယံ ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးက ဒေါ်လာ ၁၄.၆ ဘီလီယံနဲ့ သွင်းကုန် တန်ဖိုးက ဒေါ်လာ ၁၆.၃ ဘီလီယံ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရပ်ခြား ကုန်သွယ်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းက ပြုလုပ်တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကိုတော့ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်ရေး ဒေါ်လာ ၂၂ ဘီလီယံနီးပါးရှိ


.............



(Unicode)



