ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်အတု လုပ်ပေးနေတဲ့ မြန်မာဂိုဏ်းကိုဖမ်းမိ

မြန်မာတွေ ဦးဆောင်တဲ့ အထောက်အထားအတုလုပ်တဲ့ဂိုဏ်းကြောင်း သတင်းစာရှင်းလင်းနေပုံ( လဝက)

(Zawgyi/Unicode)

ကိုဗစ်ကာလ မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်လက်မှတ်တုလုပ်ပေးနေတဲ့ မြန်မာတွေဦးဆောင်နေတဲ့ ဂိုဏ်းကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းလဝက က မနေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Yannawa နယ်မြေ၊ Sathupradit လမ်း Lansai Plaza ဈေးအတွင်းက ဆိုင်ခန်းကိုထိုင်း လူဝင်မူကြီးကြပ်ရေးအာဏာပိုင်တွေက ဝင်ရောက် ရှာဖွေခဲ့ရာမှာ သက်သေခံ အထောက်အထားတွေနဲ့အတူ မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခဲ့တာပါ။

သူတို့ဟာ အထောက်အထားလက်မှတ်အတု ၊ စာရွက်စာတမ်းအတုဂိုဏ်းဖြစ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်မြို့ ထိုင်းလူဝင်မူကြီးကြပ်ရေးဗျူရို သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားပါတယ်။

“ဘန်ကောက် မြန်မာသံရုံးအနီးက ဈေးထဲမှာဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ မြန်မာနိုင်ငံသား အများစုရဲ့ နိုင်ငံကူးစာအုပ်တွေကိုသက်တမ်းတိုးတာ အလုပ်ခန့်အပ်တဲ့ အလုပ်လုပ်ခွင့်ပါမစ် တွေ ကို အတုလုပ်ပေးနေတာ၊နှစ်ပေါင်းအတန်ကြာနေပြီလို့ဆိုပါတယ်။ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားတဲ့ ကိုအောင်သန်းနဲ့အတူ တခြား မြန်မာနိုင်ငံသူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ထိုင်းဘာသာနဲ့ ရှင်းလင်းခဲ့တာပါ။”

ဒါအပြင် စာရွက်စာတန်းအတုပြုလုပ်ရာမှာ သုံးနေတဲ့ တဆိပ်တုံးအတု တွေနဲ့ printer တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်ဖမ်းမိထားတဲ့ ကိုအောင်သန်းဟာ ထိုင်းမှာ အနေကြာနေသူ တစ်ဦးဖြစ်ပြီး အစပိုင်းတုန်းကတော့ နိုင်ငံကူးစာအုပ် အလုပ်ခန့်လွာတွေကို ကြားခံပွဲစား လုပ်ပေးနေရာကနေ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဌာနတွေကို လျောက်လွှာမတင်တော့ပဲ ကိုယ်တိုင် စ ာရွက်စာတမ်းနဲ့ တဆိပ်တုံးအတုတွေ လုပ်ပြီး မြန်မာနိုင်ငံသား

တစ်ဦးကို ဘတ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ အထိအခကြေးငွေယူပြီး လုပ်ကိုင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလမှာ အလုပ်အကိုင်အခက်အခဲ ဖြစ်နေကြတဲ့မြန်မာနိုင်ငံသားတွေကို လိမ်ညာပြီး အထောက်အထားတွေ အတုလုပ်တဲ့ဂိုဏ်းဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

Your browser doesn’t support HTML5

ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်အတုလုပ်ပေးနေတဲ့ မြန်မာဂိုဏ်းကိုဖမ်းမိ


..............


(Unicode)





