(Zawgyi/Unicode)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက တညီတညွတ်ထည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က မျှော်လင့်ထားကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"အာဆီယံဆီက တညီတညွတ်ထည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပြီး အုပ်ချုပ်လာစေဖို့ ကျနော်တို့ အားလုံးလိုလားတဲ့ ရည်မှန်းချက်အောင်မြင်အောင် အာဆီယံက သိပ်ကို အရေးပါတဲ့ ကဏ္ဍကနေ အကူညီပေးနိုင်တဲ့ အစိတ်အပိုင်း တခုအနေနဲ့ ရှိနေပါတယ်။ အာဆီယံ တနိုင်ငံချင်းစီရဲ့ အခန်းကဏ္ဍတိုင်းက အရေးပါသလို ပြောဆိုချက်အသီးသီး ကလည်း အရေးပါပါတယ်။ ဒါကြောင့် ဒီအစည်းဝေးကနေ ပြင်းထန်တဲ့ သတင်းစကားပါးမယ်လို့ ကုလသမဂ္ဂက မျှော်လင့်ထားကြောင်း" ပြောသွားတာပါ။
ဒီအစည်းဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက VOA ကို အတည်ပြုပါတယ်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့လည်း အတည်ပြုပြောဆိုပါတယ်။
စနေနေ့မှာကျင်းပမယ့် ဒီ စည်းဝေးပွဲကို အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ကြဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ထိုင်းဝန်ကြီးချုပ်က Prayuth Chan-O-Cha ကသူကိုယ်တိုင်မတက်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့သလို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မတက်ရောက်နိုင်ကြောင်းလည်း ကြာသပတေးနေ့မှာ သမ္မတပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ပြေလည်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့ မြန်မာနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ကို အပြည့်အ၀ ထောက်ခံကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
Your browser doesn’t support HTML5
..........
(Unicode)