ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Southeast Asian Games (SEA Games) ပွဲစဥ်မှာ မြန်မာဘောလုံးအသင်းက ကမ္ဘောဒီးယား အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ တနင်္ဂနွေနေ့က အနိုင်ရလိုက်တဲ့အတွက် အိမ်ရှင် ကမ္ဘောဒီးယား အမျိုးသားအသင်းအဖို့ ဆီမီးဖိုင်နယ်ရောက်ဖို့ အခွင့်အလမ်း နည်းသွားပြီဖြစ်ပါတယ်။
ဒီ ပွဲသာအနိုင်ရခဲ့ရင် ကမ္ဘောဒီးယားအသင်းက ဆီမီးဖိုင်နယ် တက်ခွင့်ရသွားမှာပါ။ ဒါပေမဲ့ မြန်မာအသင်းက ပထမပိုင်းမှာတင် ၂ ဂိုးသွင်းယူလိုက်နိုင်ပြီး အောင်နိုင်သွားတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် မြန်မာက ဒုတိယနေရာရသွားပါတယ်။
အင်ဒိုနီးရှားအသင်းကတော့ ၆ မှတ်နဲ့ ရှုံးပွဲမရှိ ဦးဆောင်နေပါတယ်။ နောက်ဆုံးပွဲအဖြစ် မြန်မာက ဖိလစ်ပိုင်နဲ့ကစားဖို့ ကျန်နေသေးပြီး ကမ္ဘောဒီးယားကတော့ အင်ဒိုနီးရှားနဲ့ ကစားရမှာဖြစ်ပါတယ်။ Timor Leste ကို တနင်္ဂနွေနေ့က သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့အတွက် အင်ဒိုနီးရှားကတော့ ဆီမီးဖိုင်နယ်တက်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
SEA Games ဘောလုံးပွဲမှာ မြန်မာအသင်း ကမ္ဘောဒီးယားကို နိုင်ပြီး အုပ်စု(က) ဒုတိယနေရာရောက်