(Zawgyi/ Unicode)
တိုင်ဝမ်ကျွန်းမှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ဒီကနေ့ စနေနေ့ မဲပေးကြမှာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အမေရိကန်က အလေးထား တိုက်တွန်းပါတယ်။
တရုတ်နိုင်ငံက တိုင်ဝမ်ကျွန်းကို ပိုင်နက်နက်မြေတခုအဖြစ် ကြေညာထားပြီး ရွေးကောက်ပွဲမတိုင်ခင် ကာလတွေအတွင်း နိုင်ငံရေးသြဇာလွှမ်းမိုးဖို့ အရှိန်မြှင့်လုပ်ဆောင်သလို သတင်းမှားတွေကိုလည်း ဖြန့်နေပါတယ်။
အမေရိကန်ကတော့ တိုင်ဝမ်ကို အာရှဒေသ ဒီမိုကရေစီနိုင်တွေရဲ့ ကွန်ယက်တခုတွင်းမှာ ပါဝင်တယ်လို့ သတ်မှတ်ထားပြီး တိုင်ဝမ်ဟာ “ဒီမိုကရေစီရေးဆိုင်ရာ အောင်မြင်တဲ့ဇာတ်လမ်းတခုဖြစ်သလို ကမ္ဘာမှာ ကောင်းမွန်တဲ့အင်အားတခု” ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်ထက်မှာ အမေရိကန်နဲ့တိုင်ဝမ်ကြား တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးဟာ တိုးတက်မှု ပိုရထားတာပါ။
စနေနေ့ရွေးကောက်ပွဲမှာ လက်ရှိသမ္မတလည်းဖြစ်၊ အာဏာရ Democratic Progressive Party (DPP) ရဲ့ သမ္မတလောင်းလည်း ဖြစ်သူ Tsai Ing-wen ၊ Kuomingtan (KMT) ပါတီရဲ့ သမ္မတလောင်း Han Kuo-yu နဲ့ People First (PFP) ပါတီရဲ့ သမ္မတ လောင်း James Soong တို့ထဲကတယောက်ကို သမ္မတအဖြစ် တိုင်ဝမ်မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်ကြရမှာပါ။
ဇန်နဝါရီလ ၁၁ ရက် ရွေးကောက်ပွဲမတိုင်ခင်မှာ တရုတ်အစိုးရဟာ သတင်းမှားတွေ ဖြန့်ချိတာ၊ စစ်ရေးအရ ခြိမ်းခြောက်တာတွေ ကနေတဆင့် ရွေးကောက်ပွဲရလဒ်ပေါ် လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ တိုင်ဝမ်တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက သတိပေး နေကြပါတယ်။ တရုတ်အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။
Your browser doesn’t support HTML5
........................
တိုငျဝမျသမ်မတ ရှေးကောကျပှဲအတှကျ စနနေေ့မှာ မဲပေးကွတော့မယျ
(Unicode)