တာလီဘန်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ကန်နိုင်ငံခြားရေးဝန်ကြီးတက်မည် 

(Zawgyi/Unicode)

အမေရိကန်နဲ့ အာဖဂန် နစစ္စတန် တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး Mike Pompeo တက်ရောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

“ကျွန်တော့် လမ်းညွှန်ချက်နဲ့အညီ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ တာလီဘန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေထိုး မယ့် အခမ်းအနားကို ကိုယ်တိုင် တက်ရောက်မှာ ဖြစ်တယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီချက်အရ အာဖဂန် နစ္စတန်နိုင်ငံအတွင်းက အမေရိကန် တပ်ဖွဲ့ဝင် ဦးရေကို ၁၃၀၀၀ ကနေ ၈၆၀၀ အထိ လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။

ဘယ်နေရာမှာ ဒီ သဘောတူညီချက်ကို လက်မှတ်ထိုး မလဲဆိုတာကို သမ္မတ ထရမ့်က မပြောပေမယ့် ကနဦး ရရှိတဲ့ သတင်းတွေအရ ကာတာနိုင်ငံ၊ ဒိုဟာ မြို့မှာ စနေနေ့မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Mark Esper ကလည်း ပူးတွဲ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိမ့်မယ်လို့လည်း သမ္မတထရမ့်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ထရမ့်က တာလီဘန်အဖွဲ့နဲ့ အာဖဂန် အစိုးရကို ငြိမ်းချမ်းရေးအတွက် ဒီ အခွင့်အရေးကို အမိအရ ယူဖို့ တောင်းဆိုလိုက်ပြီး ကတိကဝတ်တွေ အတိုင်း လိုက်နာရင် အာဖဂန် စစ်ပွဲ အဆုံးသတ်ဖို့ အားကောင်းတဲ့အနေအထားရှိပြီး အမေရိကန် တပ်ဖွဲ့တွေကို အိမ် ပြန်ခေါ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန် စစ်ပွဲဟာ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အမေရိကန်တို့အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရှိသလို အမေရိကန် တပ်ဖွဲ့ဝင် ၂၄၀၀ ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Your browser doesn’t support HTML5

တာလီဘန်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ကန်နိုင်ငံခြားရေးဝန်ကြီးတက်မည်


...................


(Unicode)




