မြန်မာကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်သူ ထိုင်းလူမျိုး ၆ ဦးမှာ ကိုဗစ်ကူးစက်နေ

ဘန်ကောက်မြို့တွင် ကိုယ်ပူချိန်တိုင်းနေစဉ်

(Zawgyi/Unicode)

ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မဲဆိုင်လမ်းကနေ ခိုးပြီးပြန်ဝင်လာသူ ထိုင်းအမျိုးသမီး (၆) ဦး မှာ ကိုဗစ်-၁၉ ရောဂါ ကူးဆက်နေကြောင်း ထိုင်းကျန်းမာရေးဌာနက ဒီဇင်ဘာလ ၂ရက်နေ့ မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေး ဗျူရို ရဲ့ ဒီဇင်ဘာလ ၂ရက်နေ့ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မဲဆိုင် နယ်စပ်ကနေဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသူ အမျိုးသမီးခြောက်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးဆက်နေတာတွေ့ရကြောင်း ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့ ကပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ Dr. Sophon Iamsirithaworn (Department of Disease Control) က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“အသက် ၂၁ နှစ်ကနေ ၃၀ အကြား မှာရှိတဲ့ ကိုဗစ်ကူးဆက်လူနာ အမျိုးသမီး(၆)ဦးဟာ မြန်မာ နိုင်ငံတာချီလိတ်မြို့မှာ ဖျော်ဖြေရေးနဲ့ ကာစီနိုလောင်းကစား

ရုံတွေမှာ လုပ်ကိုင်နေကြသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မှာ ကိုဗစ်ရောဂါကပ် ဆိုးပြန့်ပွားမှုနှုန်း မြင့်လာတာကြောင့် ထိုင်းနိုင်ငံ မဲဆိုင်ဘက်ကို တရားမဝင်လမ်းတွေကနေ ပြန်လည် ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ ပြောဆိုသွားတာပါ။”

ထိုင်းနိုင်ငံတွင်းမှာ သူတို့တွေ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူတွေ သူတို့နေထိုင်သွားလာခဲ့တဲ့ နေရာတွေ ကို ကျန်းမာရေးအဖွဲ့တွေက အသေးစိတ် စစ်ဆေးမှုတွေပြုလုပ်နေပြီး လက်ရှိအချိန်အထိ ထိုင်းနိုင်ငံထဲမှာ ဆက်ပြီး ကူးဆက်သူ မရှိသေးကြောင်းကိုဗစ် ကပ်ရောဂါ ထိန်းချုပ်ရေး ဗျူရို သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြသွားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထိုင်နိုင်ငံမဲဆိုင်ရဲ့တဖက်ခြမ်းမြန်မာနိုင်ငံ တာချီလိတ်မြို့မှာတော့ ကိုဗစ် အတည်ပြုလူနာ (၅၅) ဦးရှိထိလာပြီဖြစ်ပါတယ် မြန်မာပြည်နယ်စပ်မှာအဖြစ်များနေတဲ့အတွက် မဲဆိုင်မြို့မှာတော့ ကိုဗစ်ထိန်းချုပ်ရေးအတွက် ပိုပြီးတိုးမြှင့်လုပ်ဆောင်နေပါတယ်

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄ ထောင်ကျော် ရှိနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂ ထောင်လောက်နဲ့ ကူးစက်သူ ၉၂၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေလည်း တိုးမြှင့်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်သူ ထိုင်းလူမျိုး ၆ ဦးမှာ ကိုဗစ်ကူးစက်နေ



...............

(Unicode)






