ထိုင်းရောက် အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရက် ရှေ့လကုန်အထိခွင့်ပြု

ထိုင်းရောက် အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရက် ရှေ့လကုန်အထိခွင့်ပြု

ထိုင်းနိုင်ငံရဲ့အလုပ်သမား ရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် သက်တမ်း ၄ နှစ် ကုန်ဆုံးတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ၄ နိုင်ငံက အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းများ တင်သွင်းမဲ့ရက်ကို ဇူလိုင် ၃၁ ရက်အထိ ရက်ထပ်တိုးပေးထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ်မ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုစတဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းတွေကို ၂၀၂၃ခုနှစ်၊ မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သက်တမ်းတိုးကြဖို့ သတ်မှတ်ထားပေမယ့် ဇူလိုင်လ ၃၁ရက်အထိ ရက်တိုးမြှင့်ပေးထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီ ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အခုလို ရက်တိုးမြှင့်ပေးလိုက်တာကို ကြိုဆိုကြောင်း Labour Right Foundation က‌ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“လုပ်သားဦးရေနဲ့မညီမျှတော့ အချိန်မလောက်ဘူး။ မေလ၁၅ရက်မှာ ရုံးကိုပိတ်ချလိုက်တော့ သက်တမ်းတိုး(ဖို့)မမှီတဲ့ အလုပ်သမားတွေကတော့ သောကရောက်နေရတယ်။ အခုက ဒီတကြိမ် ထပ်ပြီးဖြေလျှော့လိုက်တာ ဇူလိုင် ၃၁ရက်နေ့အထိ တိုးခွင့်ရတယ်ဆိုတော့ ကျနော်တို့က လက်ကမ်းကြိုဆိုပါတယ်။”

ထိုင်းရောက် အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရက် ရှေ့လကုန်အထိခွင့်ပြု

အလုပ်သမားတွေအနေနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့လာတဲ့ သက်တမ်း ၄နှစ်ပြည့်ချိန်မှာ သက်တမ်းတိုးဖို့ နေရပ်ပြန်ရမှာဖြစ်ပေမယ့် လက်တလော မြန်မာနိုင်ငံအခြေအနေအရ မြန်မာအလုပ်သမားတွေအဖို့ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတာကြောင့် အလုပ်သမားတွေ နေရပ်မပြန်စေပဲ အလုပ်လုပ်ခွင့်တွေ ဆက်ရစေဖို့ကို အလုပ်သမားအရေး ဆောင်ရွက်သူတွေက တောင်းဆိုကြတယ်လို့ သူက ဆက်ပြောပါတယ်။

“လက်ရှိအရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ အတော်ကြီးကို မြန်မာနိုင်ငံက အခြေအနေဆိုးတဲ့နိုင်ငံ ဖြစ်နေတယ်။ နေရာတိုင်းမှာလည်း အခက်အခဲရှိတယ်။ ဒီမှာရောက်နေတဲ့ အလုပ်သမားတွေကြည့်တော့လည်း သူတို့က လေးနှစ်ပြည့်တော့ နေရပ်ပြန်ရမယ်။ ဒါပေမယ့် သူ့ဒေသက မအေးချမ်းတော့ ပြန်လိုမရဘူး။ အဓိကပြသနာက အဲဒါပဲ။ တနင်္သာရီရှိတယ်၊ ပဲခူးရှိမယ်၊ စစ်ကိုင်းကိုင်းရှိမယ်၊ ကရင်ရှိမယ်၊ မကွေးရှိမယ်။ အဲဒီတော့ ထိုင်းအစိုးရကို အထူးမေတ္တာရပ်ခံထားတာကတော့ လတ်တလောမှာ ဒီအလုပ်သမားတွေကို နေရပ်မပြန်စေပဲ ဘယ်လိုတွေ နေထိုင်ပြီး အလုပ်လုပ်ခွင့်ပေးနိုင်မလဲ။ ဒါကိုပဲ ကျနော်တို့က စဉ်းစာပေးဖို့ ပြောနေတာပါ။”

အခုအခါမှာတော့ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတွေ အချိန်မီ မထုတ်ပေးနိုင်သေတဲ့ မြန်မာအများစုပါတဲ့ နိုင်ငံခြားသား အလုပ်သမား ၃၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ ထက်မနည်း ရှိနေတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်သားရှားပါးမှုပြဿနာကို လျှော့ချဖို့ သက်တမ်းတိုးရမယ့်ရက်တွေကို ထပ်တိုးပြီး ဖြေလျှော့ ကူညီဆောင်ရွက်လျက်ရှိတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

ထိုင်းရောက် အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရက် ရှေ့လကုန်အထိခွင့်ပြု