အာရွ-ပစိဖိတ္ အြန္လုိင္း ထိပ္သီးစည္းေ၀းပြဲကုိ ကန္ နဲ႔ တရုတ္သမၼတတုိ႔တက္

အာရွ-ပစိဖိတ္ အြန္လုိင္း ထိပ္သီးစည္းေ၀းပြဲ

(Zawgyi/Unicode)

ေသာၾကာေန႔က အြန္လိုင္းကေန စတင္က်င္းပတဲ့ အာရွပစိဖိတ္ေခါင္းေဆာင္ေတြရဲ့ ထိပ္သီးေဆြးေႏြးပြဲကို အေမရိကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ တရုတ္သမၼတ ရွီက်င့္ပင္တို႔ပါ တက္ေရာက္ခဲ့ၾကပါတယ္။ ကုန္သြယ္ေရး ဆိုင္ရာ သေဘာထားကြဲလြဲမႈေတြ ဆက္ရွိေနတဲ့ ဒီ ၂ ႏိုင္ငံေခါင္းေဆာင္ ၂ ဦးတက္ေရာက္တဲ့ ဒီေဆြးေႏြးပြဲမွာ ကမာၻ႔စီးပြားေရး ျပန္နလံထူေစဖို႔နဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာေတြကို ေဆြးေႏြးၾကဖို႔ရွိပါတယ္။

အခု က်င္းပတဲ့ ၂၁ ႀကိမ္ေျမာက္ အာရွပစိဖိတ္ ႏိုင္ငံမ်ား စီးပြါးေရးပူးေပါင္းေဆာင္ရြက္ေရး (APEC) ထိပ္သီးေဆြးေႏြးပြဲကို မေလးရွားႏိုင္ငံက ကမကထလုပ္ က်င္းပတာ ျဖစ္ပါတယ္။ စီးပါြးေရး ျပန္နလံထူလာေစမယ့္ ႏိုင္ငံစံုပါဝင္ၿပီး လြတ္လပ္ပြင့္လင္းမႈရွိတဲ့ ကုန္သြယ္ေရး လုပ္ေဆာင္ဖို႔ အာရွပစိဖိတ္ေခါင္းေဆာင္ေတြက ေတာင္းဆိုခဲ့ၾက သလို ကိုယ့္ႏိုင္ငံအတြက္ပဲ ကုိယ္ၾကည့္ၿပီး ကိုယ္က်ိဳးစီးပြါးကာကြယ္တဲ့ ကုန္သြယ္ေရးမူဝါဒေတြ မခ်မွတ္ၾကဖို႔ သတိေပး ခဲ့ၾကပါတယ္။ တရုတ္သမၼတ ရွီကေတာ့ တဖက္သတ္စီးပြါးေရးဟာ ကမာၻ႔စီးပြါးေရး အတြက္ အႏၱရာယ္ရွိတယ္လို႔ ေျပာပါတယ္။

၂၀၁၈ မွာ က်င္းပတဲ့ ၿပီးခဲ့တဲ့ APEC ထိပ္သီးညီလာခံတုန္းက အေမရိကန္နဲ႔ တရုတ္တို႔ၾကား ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႈပ္ႏွံမႈ ဆိုင္ရာ သေဘာထား မတိုက္ဆိုင္ခဲ့တဲ့အတြက္ APEC ညီလာခံ သမိုင္းမွာ ပထမဆံုးအႀကိမ္အျဖစ္ တရားဝင္ ပူးတြဲေၾကညာခ်က္ မထုတ္ျပန္ႏိုင္ခဲ့ပါဘူး။

သမၼတထရမ့္က ေဒၚလာဘီလ်ံေပါင္းမ်ားစြာတန္ေၾကးရွိတဲ့ တရုတ္ကုန္ပစၥည္းေတြ အတြက္ ကုန္သြယ္ခြန္ေတြ ေကာက္ခံခဲ့ရာကေန ကမာၻ႔စီးပြါးေရးအင္အားႀကီး ၂ ႏိုင္ငံၾကား ကုန္သြယ္ေရး စစ္ပြဲေတြ စတင္ခဲ့တာပါ။

အိမ္ရွင္မေလးရွားႏိုင္ငံက ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က APEC အဖြဲ႔ႀကီး အေနနဲ႔ ႏိုင္ငံစံု ကုန္သြယ္ေရးစံနစ္ေပၚ အေျခခံတဲ့ စည္းမ်ဥ္းေတြ အတိုင္းလုပ္ေဆာင္ဖုိ႔ ကတိထားတဲ့ အတိုင္း ေဆာင္ရြက္ေရးကို ထိပ္တန္းဦးစားေပး သင့္တယ္လို႔ ညီလာခံအဖြင့္မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။ေစ်းကြက္တည္ၿငိမ္ေရးနဲ႔ ႀကိဳတင္ခန္႔မွန္းႏိုင္မႈဟာ စီးပြါးေရးကပ္ဆိုဒ္ေနခ်ိန္ေတြမွာေတာင္ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွပ္ႏွံမႈ ဆက္လက္ရွင္သန္ေနေစမယ့္ ဗဟိုေဒါက္တုိင္ ျဖစ္ၿပီး ဒါဟာ APEC အဖြဲ႔ဝင္ေတြရဲ့ စီးပြါးေရးအတြက္ အေရးပါေၾကာင္း လည္း ေျပာပါတယ္။

APEC အစည္းအေဝးကို နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern ၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga ၊ ရုရွားသမၼတ Vladamir Putin နဲ႔ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau တို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။

Your browser doesn’t support HTML5

အာရွ-ပစိဖိတ္ အြန္လုိင္း ထိပ္သီးစည္းေ၀းပြဲကုိ ကန္ နဲ႔ တရုတ္သမၼတတုိ႔တက္


............

အာရှ-ပစိဖိတ် အွန်လိုင်း ထိပ်သီးစည်းဝေးပွဲကို ကန် နဲ့ တရုတ်သမ္မတတို့တက်

(Unicode)

သောကြာနေ့က အွန်လိုင်းကနေ စတင်ကျင်းပတဲ့ အာရှပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ပါ တက်ရောက်ခဲ့ကြပါတယ်။ ကုန်သွယ်ရေး ဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေတဲ့ ဒီ ၂ နိုင်ငံခေါင်းဆောင် ၂ ဦးတက်ရောက်တဲ့ ဒီဆွေးနွေးပွဲမှာ ကမ္ဘာ့စီးပွားရေး ပြန်နလံထူစေဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။

အခု ကျင်းပတဲ့ ၂၁ ကြိမ်မြောက် အာရှပစိဖိတ် နိုင်ငံများ စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးဆွေးနွေးပွဲကို မလေးရှားနိုင်ငံက ကမကထလုပ် ကျင်းပတာ ဖြစ်ပါတယ်။ စီးပါွးရေး ပြန်နလံထူလာစေမယ့် နိုင်ငံစုံပါဝင်ပြီး လွတ်လပ်ပွင့်လင်းမှုရှိတဲ့ ကုန်သွယ်ရေး လုပ်ဆောင်ဖို့ အာရှပစိဖိတ်ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြ သလို ကိုယ့်နိုင်ငံအတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ်ကျိုးစီးပွါးကာကွယ်တဲ့ ကုန်သွယ်ရေးမူဝါဒတွေ မချမှတ်ကြဖို့ သတိပေး ခဲ့ကြပါတယ်။ တရုတ်သမ္မတ ရှီကတော့ တဖက်သတ်စီးပွါးရေးဟာ ကမ္ဘာ့စီးပွါးရေး အတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

၂၀၁၈ မှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ APEC ထိပ်သီးညီလာခံတုန်းက အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောထား မတိုက်ဆိုင်ခဲ့တဲ့အတွက် APEC ညီလာခံ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။

သမ္မတထရမ့်က ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေ အတွက် ကုန်သွယ်ခွန်တွေ ကောက်ခံခဲ့ရာကနေ ကမ္ဘာ့စီးပွါးရေးအင်အားကြီး ၂ နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲတွေ စတင်ခဲ့တာပါ။

အိမ်ရှင်မလေးရှားနိုင်ငံက ဝန်ကြီးချုပ် Muhyiddin Yassin က APEC အဖွဲ့ကြီး အနေနဲ့ နိုင်ငံစုံ ကုန်သွယ်ရေးစံနစ်ပေါ် အခြေခံတဲ့ စည်းမျဉ်းတွေ အတိုင်းလုပ်ဆောင်ဖို့ ကတိထားတဲ့ အတိုင်း ဆောင်ရွက်ရေးကို ထိပ်တန်းဦးစားပေး သင့်တယ်လို့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ဈေးကွက်တည်ငြိမ်ရေးနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုဟာ စီးပွါးရေးကပ်ဆိုဒ်နေချိန်တွေမှာတောင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဆက်လက်ရှင်သန်နေစေမယ့် ဗဟိုဒေါက်တိုင် ဖြစ်ပြီး ဒါဟာ APEC အဖွဲ့ဝင်တွေရဲ့ စီးပွါးရေးအတွက် အရေးပါကြောင်း လည်း ပြောပါတယ်။

APEC အစည်းအဝေးကို နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ၊ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ၊ ရုရှားသမ္မတ Vladamir Putin နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့လည်း တက်ရောက်ခဲ့ကြပါတယ်။