ကန် ရွေးကောက်ပွဲ မရိုးသားမှု မတွေ့ရကြောင်း ဥရောပစောင့်ကြည့်ရေးအဖွဲ့ပြော

မဲ ရေတွက်နေသူများ

(Zawgyi/Unicode)

နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲကို ကပ်ရောဂါဖြစ်ပွါးနေချိန်မှာ ကျင်းပရတာနဲ့ တရားစွဲဆိုမှုတွေ၊ နိုင်ငံရေးအရ ထိုးနှက်ဝေဖန်မှုတွေ ပြင်းထန်တာကလွဲလို့အဓိက ပြိုင်ဘက် ပါတီကြီးတွေဘက်က မမှန်မကန်လုပ်တာ ဒါမှမဟုတ် စနစ်တကျ မဲမသမာမှု လုပ်တာမျိုး မတွေ့ရဘူးလို့ရွေးကောက်ပွဲဆိုင်ရာ ဥရောပ စောင့်ကြည့်လေ့လာရေး အဖွဲ့ OSCE (Organization for Security and Cooperation in Europe) က ရွေးကောက်ပွဲအပြီး နောက်တနေ့ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အမေရိကန်အစိုးရက OSCE အဖွဲ့ကို ဖိတ်ကြားခဲ့တာ ဖြစ်ပြီး အခုလို သူတို့ အဖွဲ့ကို ဖိတ်ကြားခဲ့တဲ့ အမေရိကန်အစိုးရကို OSCE ရဲ့ ဥရောပ ပါလီမန် အမတ်များအဖွဲ့က ကာလတို စောင့်ကြည့်ရေးဆိုင်ရာ အဖွဲ့ခေါင်းဆောင် Michael Georg Link က ချီးကျူးခဲ့ ပါတယ်။စစ်အေးခေတ်က ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ဟာ ဥရောပလို့ နာမည်တပ်ထားပေမယ့် အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အမေရိကန် ကနေဒါနဲ့ အာရှအလယ်ပိုင်းဒေသတွင်း နိုင်ငံ တချို့ပါ ဝင်ပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ ထဲမှာ အမေရိကန်နိုင်ငံဟာ အဖွဲ့ဝင်ဖြစ်နေတဲ့ အတွက်ကြောင့် အခုလို ဖိတ်ကြားရတာ ဖြစ်ပါတယ်။

ဒီအဖွဲ့က Ursula Gacek ဦးဆောင်တဲ့ အမေရိကန်ရွေးကောက်ပွဲဆိုင်ရာ ကာလတာရှည် စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ကတော့ စက်တင်ဘာလနှောင်းပိုင်းကတည်းက အမေရိကန် နိုင်ငံကို ရောက်နေတာဖြစ်ပြီး သူတို့ အဖွ့ဲကတော့ နောက် ၁၀ ရက် ဒါမှမဟုတ်အခု မပြီးပြတ်သေးတဲ့မဲရေတွက်ဖို့ကြာမြင့်နိုင်တဲ့ အချိန်ပေါ်မူတည်ပြီး ဆက်လက် စောင့်ကြည့် လေ့လာသွား မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့ မှာထုတ်ပြန်ခဲ့တဲ့ ဥရောပစောင့်ကြည့်အဖွဲ့ ၂ ဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ကြိုတင်မဲကို မဲရုံတွေမှာ ပေးတာနဲ့ စာတိုက်က ပေးပို့တာတွေအတွက် အချိန်ပိုပေးတာဟာ COVID 19 ကပ်ရောဂါ ကာလအတွင်း မဲပေးသူတွေအတွက် ရောဂါမကူးစက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ထဲက ပြည်နယ် ၄၄ ခုမှာ တော့ တရားစွဲဆိုမှုပေါင်း ၄၀၀ ကျော် ရှိနေတာပါ။

Your browser doesn’t support HTML5

ကန် ရွေးကောက်ပွဲ မရိုးသားမှု မတွေ့ရကြောင်း ဥရောပစောင့်ကြည့်ရေးအဖွဲ့ပြော


...........


(Unicode)



