(Zawgyi / Unicode)
အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ကယ်ထုတ်လာခဲ့တဲ့ နိုင်ငံသားတွေထဲမှာ ဝက်သက်ရောဂါဖြစ်ပွားနေသူတွေ တွေ့ရှိရတဲ့အတွက် အာဖဂန်ကနေ အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တွေကို ခေတ္တဆိုင်းငံထားလိုက်တယ်လို့ အမေရိကန် ကေ ပြာပါတယ်။
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC ရဲ့ အကြံပေးချက်အရ အခုလို ဆိုင်းငံ့ထားလိုက်တာလို့ သမ္မတအိမ်ဖြူ ပြောခွင့်ရ Jen Psaki က သတင်းထောက်တွေကို သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံကို ရောက်နေတဲ့ ဝက်သက်ရောဂါဖြစ်ပွားနေသူ အာဖဂန်နိုင်ငံသား ၄ ဦးကို သီးခြားခွဲထားတယ်လို့လ ည်း အိမ်ဖြူတော် ပြောခွင့်ရကပြောပါတယ်။ ဆိုင်းငံ့ထားတဲ့ လေယာဉ်တွေဟာ ဂျာမနီနဲ့ ကာတာနိုင်ငံတွေက အမေရိကန် အခြေစိုက်စခန်းတွေကနေ ပျံသန်းလာတဲ့ လေယာဉ်တွေဖြစ်ကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသားနဲ့ တရားဝင်နေထိုင်ခွင့်ရှိသူ ၃၂ ဦးကို သောကြာနေ့မနက်အစောပိုင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ နောက်ဆုံးထွက်ခွာခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့နောက်ပိုင်း လူတွေ ကယ်ထုတ်ဖို့ တာလီဘန်တွေက ခွင့်ပြုခဲ့တဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်တဲ့ သောကြာနေ့ က ကာတာ လေယာဉ်ခရီးစဉ်မှာတော့ ၁၉ ဦး လိုက်ပါနိုင်ခဲ့သလို ကုန်လမ်းခရီးကလည်း ၁၃ဦး ထွက်ခွါနိုင်ခဲ့တယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စ်ီ NSC ပြောရေးဆိုခွင့်ရှိသူ Emily Horne က ပြောပါတယ်။
Your browser doesn’t support HTML5
ကူးစက်ရောဂါကြောင့် အာဖဂန်ကနေ ကန်ကို ကယ်ထုတ်တဲ့ လေယာဉ်ခရီးစဉ်တွေ ခေတ္တရပ်ဆိုင်း
(Unicode)