Hydroxychloroquine ဆေးနဲ့ ကိုဗစ်ရောဂါ ကုလို့ရမရ စမ်းသပ်မှုတွေ WHO ပြန်စမည်

hydroxychloroquine ဆေးပြားများ

Zawgyi/Unicode

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားရောဂါ အတွက် သုံးတဲ့ Hydroxychloroquine ဆေးနဲ့ ကုသလို့ ရမရ စမ်းသပ် စစ်ဆေးမှုတွေ ပြန်စမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီ ဆေးစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုတွေ ရှိနေတာကြောင့် ခေတ္တ ရပ်ဆိုင်းဖို့ မကြာသေးခင်ကပဲ WHO က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ Hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူတွေကို ပေးရင် လူနာတွေမှာ နှလုံးခုန်နှုန်း မူမမှန် ဖြစ်ပြီး သေဆုံးမှု နှုန်းတိုးလာကို စိုးရိမ်တဲ့ အတွက် ဒီဆေးနဲ့ ကြီးကြီးမားမား စမ်းသပ်မှု တွေလုပ်မှာကို ခေတ္တ ဆိုင်းငံ့ ခိုင်းခဲ့တာဖြစ်ပါတယ်။

SEE ALSO: ကိုဗစ်ကုသရေး နည်းပညာနဲ့ အချက်အလက်ဘဏ် C-TAP အစီအစဉ် WHO စတင်

ဒါပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ မကူးစက်အောင် သုံးဖို့ ထောက်ခံနေတဲ့ Hydroxychloroquine အပါအဝင် ဒီရောဂါတိုက်ဖျက်ရေး အတွက် စမ်းသပ် စစ်ဆေးမှု အားလုံးကို ဆက်ပြီး လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျွမ်းကျင်သူတွေက အကြံပေးကြတယ်လို့ Tedros က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်တင် အမေရိကနဲ့ ဟေတီတို့လို ကမ္ဘာ့အဆင်းရဲဆုံ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လျင်လျင်မြန်မြန် ကူးစက် ပြန့်ပွါးနေတဲ့အတွက် အထူး စိုးရိမ်ကြောင်းလည်း WHO အရာရှိတွေက ပြောပါတယ်။ ဒီ အမေရိက နိုင်ငံတွေမှာ လူပေါင်း ၃ သန်းလောက် ဒီရောဂါ အကူးစက်ခံနေရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Hydroxychloroquine ဆေးနဲ့ ကိုဗစ်ရောဂါ ကုလို့ရမရ စမ်းသပ်မှုတွေ WHO ပြန်စမည်


[Unicode]



