ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၀ နီးပါး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဖလော်ရီဒါက အမျိုးသမီးတယောက် ရေသူမပုံစံ ရေယက်တပ်ပြီး မိုင် ၃၀ ရေကူးရင်း အမှိုက် ပေါင် ၂၀ လောက် သိမ်းဆည်းပေးလို့ ကမ္ဘာ့စံချိန် သစ်တင်၊ အသက် ၈၀ ဂျပန်ဘိုးဘိုး ဘောလုံးအသင်းတွေ ပြိုင်ပွဲကျင်း၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၀ နီးပါး အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး မိသားစုတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ပြောပြချက်တွေကို တင်ဆက်ထားပါတယ်။
သတင်းမီဒီယာတွေဟာ ကမ္ဘာပေါ်က သတင်းဆိုးတွေကိုပဲ အများအားဖြင့် အာရုံစိုက်တတ်ကြတယ် ဆိုပြီး ဝေဖန်ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ပြဿနာတွေကို တင်ပြုံရုံသက်သက် မဟုတ်ဘဲ ပြဿနာရဲ့အဖြေကို ချဉ်းကပ်တင်ပြတဲ့ သတင်းမီဒီယာတွေ ရှိတဲ့အကြောင်း Dino Jahic သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကမ္ဘာကျော်ဘက်စကက်ဘော ကစားသမား မိုင်ကယ်ဂျော်ဒန်ရဲ့ ဘက်စကက်ဘောဖိနပ် ကမ္ဘာစံချိန်တင် အမြင့်ဆုံးဈေး ဒေါ်လာ ၂ သန်းကျော်ရ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ယူဘာမြို့ ရဲဌာနမှာ ယုန်တကောင်ကို ရဲဝန်ထမ်းခန့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အီတလီဂန္တဝင်အနုပညာရှင် မိုက်ကယ်အန်ဂျယ်လိုရဲ့ ဒေးဗစ်ရုပ်ထုအကြောင်း ကျောင်းသင်ရိုးမှာ ထည့်သွင်းသင်ကြားတဲ့ အမေရိကန်ကျောင်းအုပ်ဆရာမ အလုပ်က ထွက်လိုက်ရ၊ ဂျပန်မှာ အမျိုးသားအင်္ဂါပွဲတော် ကာနားမားရာ့ပွဲတော်ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လက်နက်ကိုင်လှုပ်ရှားမှု အပါအဝင် မြန်မာနိုင်ငံရဲ့အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှု ကွဲပြားသူပါမကျန် လူငယ်လူကြီး အရွယ်စုံရဲ့ အင်အားတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မှ ပန်းတိုင်ကို အမြန်ဆုံး ရောက်လိမ့်မယ်လို့ အမျိုးသမီး PDF စစ်သည် ရဲဘော်သုတ က ပြောပါတယ်။
ယူကရိန်းကို ရုရှား စတင် ကျူးကျော်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကစလို့ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၁၁၃ ဘီလျံ ပေးခဲ့ပြီးပါပြီ။ အမေရိကန်အစိုးရ အတည်ပြု ပေးအပ်တဲ့ အကူအညီတွေထဲမှာ ဒါဟာ ပမာဏ အများဆုံးပါ။ မခင်ဖြူထွေးက အပြည့်အစုံတင်ပြပါမယ်။
ဂျာမန်ဘီယာကုမ္ပဏီတခုက ရေနဲ့ဖျော်သောက်လို့ရတဲ့ ဘီယာမှုန့်ကို တီထွင်၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဇီဝဆေးသိပ္ပံပညာရှင်တွေဟာ ခွဲစိတ်စရာမလိုဘဲ လူ့ခန္ဒာကိုယ်အစိတ်အပိုင်းကို ပြင်ဆင်ကုသပေးနိုင်တဲ့ ဆေးတမျိုး တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်အာဏာ ရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ အရေးပါတဲ့ကဏ္ဍစုံကနေ ပါဝင်နေကြပြီး လှုပ်ရှားမှုရဲ့ တဝက်လောက်က အမျိုးသမီးတွေ ဖြစ်တယ်လို့ ကိုယ်တိုင် ပါဝင်နေသူတွေနဲ့ စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဘယ်လိုပုံစံနဲ့ ပါဝင်နေကြတာပါလဲ။ သူတို့ရဲ့ ပါဝင်မှုက ဘယ်လောက်အထိ အရေးကြီးပါလဲ။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာပြန်ရလာခဲ့ပြီးတဲ့နောက် အမျိုးသမီးတွေ အိမ်အပြင်ထွက် အလုပ် လုပ်တာကို ပိတ်ပင် ကန့်သတ်တာတွေ ရှိလာပေမဲ့၊ ရဲရင့်တဲ့ အမျိုးသမီးသတင်းထောက် တချို့ကတော့ သူတို့အလုပ် ဆက်လုပ်နိုင်မယ့် နည်းလမ်းရှာဖွေပြီး မရမက ဆက် လုပ်နေကြပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အဝေးတနေရာက ချစ်သူကို နမ်းနိုင်မယ့် ကိရိယာ တခုကို တရုတ်နိုင်ငံက ဘွဲ့လွန်ကျောင်းသားတွေ တီထွင်၊ အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့မှာ စက်နဲ့ရောင်းတဲ့ ဒံပေါက်ကို ဝယ်ယူစားသုံးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အောင်မြင်ဖို့မှာ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ဦးဆောင် ပါဝင်နိုင်တဲ့ စွမ်းအားတွေကို လစ်လျူ မရှုမိဖို့ အရေးကြီးတဲ့အကြောင်း အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု စုစည်းညီညွတ် အားကောင်းလာဖို့မှာ အမျိုးသမီးတွေဟာ ဘယ်လိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
လိင်ဖျော်ဖြေရေး အပြာမင်းသမီး Stormy Daniels ကို ၂၀၁၆ ခုနှစ်က ဒေါ်လာ ၁ သိန်း ၃ သောင်း နုတ်ပိတ်ခ ပေးခဲ့တယ်ဆိုတဲ့ စုံစမ်းစစ်ဆေးချက်တွေနဲ့ သမ္မတဟောင်း Trump ကို နယူးယောက်မြို့၊ Manhattan ခရိုင်အစိုးရ ရှေ့နေတွေက တရားစွဲဆို အရေးယူတာတွေ လုပ်လာနိုင်ပါတယ်။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
တရားမဝင် ငါးဖမ်းကုန်သွယ်မှုတွေဟာ ဒုစရိုက် လုပ်ငန်းကြီးတွေနဲ့ ဆက်စပ်နေပြီး ဒေါ်လာ ဘီလျံပေါင်းများစွာ ဝင်ငွေရနေတဲ့လုပ်ငန်းတခု ဖြစ်ပါတယ်။ ကမ္ဘာ့သမုဒ္ဒရာကြီးတွေ ပူနွေးလာတဲ့ ပြဿနာ ကြုံနေရချိန်မှာ ဒီလိုလုပ်ငန်းတွေက ကမ္ဘာကြီးရဲ့ လုံခြံရေးကို ပိုပြီးခြိမ်းခြောက်လာနိုင်တယ်လို့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
သြစတြေးလျနိုင်ငံမှာ အရေပြားကင်ဆာရောဂါ အသိပညာပေးလှုံ့ဆော်မှုအဖြစ် လူမြင်ကွင်းမှာ ကိုယ်လုံးတီးနဲ့ ရေထဲဆင်းခဲ့ကြ၊ အာဖရိက အပူပိုင်းဒေသမှာ တည်ရှိတဲ့ ကင်ညာနိုင်ငံမှာ ရေခဲပြင်ဟော်ကီ ကစားနည်းကို လေ့ကျင့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကာလအတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားဖိနှိပ်တာတွေ သိသိသာသာ ပိုဆိုးလာတယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဘယ်လို ဖိနှိပ်မှုပုံစံတွေ ကြုံကြရတာပါလဲ။ ဘာကြောင့် ပိုမို ဆိုးရွားလာတယ်လို့ ထောက်ပြကြတာပါလဲ။
သြစတြေးလျနိုင်ငံဟာ အမေရိကန်ရှိကနေ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၃ စင်းကို ဝယ်ယူဖို့ရှိနေပါတယ်။ တရုတ်ကစစ်ရေးအင်အားတိုးချဲ့မှုတွေ ပိုမိုလုပ်နေချိန်မှာ အမေရိကန်၊ဗြိတိန်နဲ့ သြစတြေးလျ သုံးနိုင်ငံမဟာမိတ်တည်ဆောက်မှု အားကောင်းခိုင်မာဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အွန်လိုင်း ဒစ်ဂျစ်တယ် နည်းပညာတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ အကြောင်းကို CSW ခေါ် အမျိုးသမီးများဆိုင်ရာ အခြေပြကော်မရှင်ရဲ့ ၆၇ ကြိမ်မြောက် ဆွေးနွေးပွဲ ဘေးပန်းအစီအစဉ်တခုမှာ မြန်မာ့အမျိုးသမီးရေး လှုပ်ရှားသူ ၄ ဦးက မတ်လ ၆ ရက်နေ့က ဆွေးနွေး တင်ပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်