သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ သက်ရောက်မှုတွေ လျော့ပါး သက်သာအောင် ကြိုးပမ်းနေတဲ့အကြောင်း အမေရိကန် ဒုသမ္မတ Kamala Harris က ပြောပါတယ်။ သဘာဝအရင်းအမြစ်တွေ ကွယ်ပျောက်အောင် အပြိုင်အဆိုင် လုပ်ဆောင် နေကြတာတွေက မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ သူက ပြောပါတယ်။မခင်ဖြူထွေး က တင်ပြထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က ကော်ဖီဆိုင်မှာ မြွေတွေ၊ ကင်းလိပ်ချောတွေလို တွားသွားသတ္တဝါတွေနဲ့တူတူ ကော်ဖီသောက်နိုင်၊ အီတလီ Starbucks ကော်ဖီဆိုင်တွေမှာတော့ ကော်ဖီထဲ သံလွင်ဆီထည့်ဖျော် ဒီလိုကမ္ဘာတလွှားထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေရရှိရေး သြစတြေးလျအစိုးရကို နှိုးဆော် တိုက်တွန်းနေသလို၊ ထိုင်း-မြန်မာနယ်စပ်က စစ်ဘေး ဒုက္ခသည်တွေကို ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သြစတြေးလျ အိမ်ထောင်ရှင်အလှမယ်၊ Charity Queen သရဖူဆုရှင် မဆိုဖီယာဆာကစ် က ပြောပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း ယူန်နန်ပြည်နယ်ကနေ မဲခေါင်မြစ်ဝှမ်း ဒေသတွေကို ဖြတ်ပြီး စင်ကာပူနိုင်ငံအထိ မြန်နှုန်းမြင့် မီးရထားလိုင်း တည်ဆောက်ဖို့ တရုတ်အစိုးရက ကြိုးစားနေပါတယ်။ ဒါဟာ တရုတ်ရဲ့ Belt and Road ခေတ်သစ်ပိုးလမ်းမ စီမံကိန်း တစိတ်တပိုင်း ဖြစ်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အိန္ဒိယနည်းပညာကုမ္ပဏီတခုဟာ ရုံးဆင်းချိန်ရောက်တာနဲ့ ဝန်ထမ်းတွေ အလုပ်ဆက်မလုပ်ဘဲ အိမ်ပြန်အောင် ကွန်ပြူတာ အလိုလျှောက်ပိတ်သွားတဲ့ စနစ်သုံး၊ ဆိုးလ်မြို့တော်က ဆောက်လက်စတိုက်မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်ပွဲ တနှစ်ပြည့်ချိန်မှာ စစ်ပွဲကြီး ပြီးဆုံးမယ့် အရိပ်အယောင် မမြင်ရသေးသလို၊ တိုင်းပြည်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြသူတွေ၊ ကျန်ရစ်တဲ့ ဇနီးသည်တွေ ဘယ်လောက်များ ရှိနေပါပြီလဲ။ ဒီတပတ်အမျိုးသမီးကဏ္ဍမှာ အေပီသတင်းဆောင်းပါးတချို့ကို အခြေခံပြီး မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
ရုရှားရဲ့ကျူးကျော်စစ် စခဲ့ချိန်ကစလို့ ယူကရိန်းနိုင်ငံအတွက် ဝေဟင်လုံခြုံရေးက အဓိကစိုးရိမ်စရာ ဖြစ်လာပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေကလည်း အလားတူ စိုးရိမ်မှုတွေ ရှိတာကြောင့် လေကြောင်းရန် ကာကွယ်ရေးအတွက်အဖွဲ့ဝင် နိုင်ငံတွေပူးပေါင်းဆောင်ရွက်နေကြပါတယ်။မခင်ဖြူထွေးအပြည့်စုံတင်ပြပါမယ်။
ဖိလစ်ပိုင်မှာ ကြက်သွန်နီတွေဈေးကြီးနေလို့ မင်္ဂလာပွဲမှာ လက်ကိုင်ပန်းစည်းအစား ကြက်သွန်နီဥအတွဲလိုက် အလှကိုင်၊ ဖေဖော်ဝါရီ ၁၄ မှာ ချစ်သူများနေ့မှာ ကမ္ဘာ့တဝန်း စုပေါင်းလက်ထပ်မင်္ဂလာပွဲတွေ ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ CDM စစ်သား ဇနီးသည်တွေရဲ့ အခန်းကဏ္ဍဟာ လှုပ်ရှားမှုအတွက် ဘယ်လောက် အရေးပါ ပါသလဲ။ ဘယ်လို ယုံကြည်ချက်တွေနဲ့ CDM စစ်သည် ဇနီးမယားတွေ ပါဝင်နေကြပါလဲ။ ဒီတပတ်အမျိုးသမီးကဏ္ဍမှာ CDM စစ်သား ဇနီးသည်တွေကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ပေး ခံခဲ့ရသူလည်း ဖြစ်တဲ့ Nikki Haley ဟာ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံက ရိုးရာ မွေထိုင်း လက်ဝှေ့ဝါသနာရှင် ၃,၀၀၀ ကျော် လက်ဝှေ့ရေးပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်၊ ဂျပန်နိုင်ငံမှာ ပဲစေ့အိတ်ကြီးတွေကို အိတ်ကြီးတွေကို ထိုင်လို့ရတဲ့အပြင် ဝတ်ဆင်လို့ရအောင် တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ဆင်ခြေဖုန်းအရပ်ကဆင်းရဲသား ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ Slumabad စာသင်ကျောင်းကို ဦးဆောင်သူ ကတော့ တချိန်က စွန့်ပစ်စက္ကူတွေ ကောက်ပြီး အသက်မွေးဝမ်းကြောင်းခဲ့ဖူးတဲ့ကလေးငယ် တယောက်ပါ။ ပညာ ပြန်မျှဝေပေးနေတဲ့ Muhammad Sabir အကြောင်း မခင်ဖြူထွေးက ပြောပြပေးပါ့မယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ကျေးရွာကနေ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေကြရပါတယ်။ ရေရှားမှုကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကြား ဝမ်းပျက်ဝမ်းလျောနဲ့ အော့အန်တာတွေ ဖြစ်နေကြပေမယ့် ဆေးဝါး အလုံအလောက် မရှိတဲ့ ပြဿနာတွေကြုံနေကြပါတယ်။
ဗြိတိန်နိုင်ငံစကော့တလန်မြောက်ပိုင်းက ကျွန်းလေးတခုမှာ ဗိုင်ကင်းတွေရဲ့ပွဲတော်ကျင်းပ၊ အမေရိကန် အာကာသလေ့လာစူးစမ်းရေးအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးဂြိုလ်တုက ဝက်ဝံမျက်နှာပုံစံမြေမျက်နှာပြင်ကို အင်္ဂါဂြိုဟ်ပေါ်မှာတွေ့ရှိ၊ ဒီလိုကမ္ဘာတလွှားထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
အာဏာသိမ်းမှု ၂ နှစ်အတွင်း ဘယ်လို အခြေအနေ အပြောင်းအလဲတွေကို အမျိုးသမီးတွေ အဓိက ကြုံတွေ့ကြရပါသလဲ။ ဘယ်လို မျှော်လင့်ချက် ခံယူချက်တွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေကြပါလဲ။ ဒီတပတ်အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ အကြီးဆုံးပီဇာကြီးတခု ဖန်တီးပြီး လှူဒါန်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာတော့ ကြောင်အရမ်းချစ်သူ အမျိုးသမီး သူ့အိမ်မှာ ကြောင် အကောင် ၆၀၀ မွေးထား၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့် ဆယ်စုနှစ်တွေနဲ့ချီ တရားဝင် ခွင့်ပြုခဲ့တဲ့ Roe v Wade စီရင်ထုံး ပယ်ဖျက်ပြီး ၆ လ ကြာလာပေမဲ့ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်တဲ့ အယူအဆ ကွဲပြားမှုတွေ နိုင်ငံတဝန်း ဆက် ပြင်းထန်နေပြီး ဘယ်တုန်းကမှနဲ့မတူတဲ့ ဥပဒေရေးရာ အငြင်းပွားမှုတွေနဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအရ ကွဲပြားမှုတွေ ပိုများလာနေပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျဲလိစ်မြို့Monterey Park မှာပစ်ခတ်မှုကြောင့် သေဆုံးသူဟာ ၁၁ ယောက်အထိရှိသွားပါပြီ။နောက်ထပ်လူ ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်သူလို့ သံသယရှိသူ သူ့ကိုယ်သူ သေနတ်နဲ့အဆုံးစီရင်သွားခဲ့ပါတယ်။ Mike O’Sullivan ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား Lionel Messi မစင်စွန့်နေတဲ့ပုံ အရုပ်ကလေးတွေ စပိန်မှာ ရောင်းကောင်း၊ အမေရိကန် ဝါရှင်တန်ပြည်နယ်က ရေခဲပြင်အိမ်သာစီး ပြိုင်ပွဲ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်သမိုင်းမှာ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို လက်တွေ့ပြခဲ့တဲ့၊ စံနမူနာယူသင့်တဲ့ သူတယောက်အဖြစ် အများ အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်