အမေရိကန်သမိုင်းမှာ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို လက်တွေ့ပြခဲ့တဲ့၊ စံနမူနာယူသင့်တဲ့ သူတယောက်အဖြစ် အများ အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ လက်နက်ကိုင်လှုပ်ရှားမှု အလားအလာဘယ်လိုဖြစ်လာနိုင်သလဲဆိုတာသုံးသပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် Stimson သုတေသနစင်တာကဇန်နဝါရီလ ၁၉ ရက်နေ့ကကျင်းပခဲ့တာမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။မခင်ဖြူထွေး တင်ပြပေးပါမယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ Davosမြို့မှာ ကျင်းပနေချိန်မှာပဲ ကမ္ဘာတဝန်းအလွန်အမင်း ချမ်းသာကြွယ်ဝမှုနဲ့ အလွန်အမင်းဆင်းရဲမွဲတွေမှုတွေဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးအကျယ် မြင့်တက်သွားတယ်လို့ နိုင်ငံတကာ ပရဟိတအဖွဲ့ Oxfam က ပြောဆိုလိုက်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅,၀၀၀ ခရီးကို လက်လှော်လှေလေးနဲ့ အမျိုးသမီး ၆ ယောက် ကူးဖြတ်ဖို့ ပီရူးကထွက်ခွာ၊ ပုလဲနားကပ်ကို ဖုန်းပြောလို့ရတဲ့ နားကြပ်ဖြစ်အောင် ဖန်တီးထားတဲ့ နားကြပ်နားကပ် ဂျာမန်နည်းပညာကုမ္ပဏီ တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ အချိန်မရွေး ပြန်အဖမ်းခံရနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ အလုပ် လုပ်ဖို့အတွက် အခက်အခဲတွေ အများအပြား ရှိနေတယ်လို့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီး သတင်းထောက်တချို့က ပြောပါတယ်။
တကျော့ပြန်ကိုဗစ်ကူးစက်မှုတွေရှိနေတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး zero-Covid မူကို ရုတ်တရက်ဖြေလျှော့ပေးလိုက်ပေမဲ့လည်း ဆင်းရဲပြီး မဖွံ့ဖြိုးတဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ကူးစက်မှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။ AFP သတင်းကို အခြေခံပြီး မအိသန့်စင် ပြောပြပေးပါမယ်။
ဆေးရုံ ဆေးခန်းတွေလို ကျန်းမာရေးဌာနတွေမှာ ရောဂါပိုးမွှားတွေကို သတ်ပေးတာ၊ ကင်းလှည့် ကြည့်ရှု စောင့်ရှောက်တာလို နေရာတွေ အပါအဝင် ဘယ်နေရာမှာမဆို ဘက်စုံ ဘက်စုံ အသုံးပြုနိုင်တဲ့ စက်ရုပ်သစ် Aeo ကို Las Vegas မြို့က CES နည်းပညာ ကုန်စည်ပြပွဲမှာ ဒီနှစ် ပြသထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဘိုကိုဟာရမ်စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ဆောင် ခံရပြီး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းခလေးငယ်တွေကို မေ့လျော့မသွားစေဖို့ ရည်ရွယ်တဲ့ အနုပညာပြပွဲတခု လာဂိုမြို့တော်မှာ ခင်းကျင်း ပြသထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မကျေနပ်တဲ့သူ အချင်းချင်း ထိုးကြိတ်နိုင်တဲ့ လက်ဝှေ့ပွဲ ပီရူးနိုင်ငံမှာ ကျင်းပ၊ ပြင်သစ်မြောက်ပိုင်း ရွာလေးတရွာမှာ နွားကို ပြိုင်မြင်းလို လေ့ကျင့်သင်ကြားပေး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ ကြိုးပမ်းနေကြတဲ့ လူငယ်အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ နယ်သာလန်ယုဝတီ ခရစ်ယာန်အသင်းကြီးရဲ့ ၂၀၂၂ ခုနှစ် Golden Girl Award ဆုကို မြန်မာလူငယ်အမျိုးသမီး မဧကရီစိုး ချီးမြှင့်ခံခဲ့ရပါတယ်။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်း တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တနှစ်တာ ဖြတ်သန်းမှုတွေ ကနေ ဘယ်လို သင်ခန်းစာတွေ ယူပြီး နှစ်သစ်အတွက် ဘာတွေ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကို နှစ်ချုပ် အထူး အစီအစဉ် ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် စစ်အုပ်ချုပ်မှုအောက်မှာ တနှစ်တာလုံး ဖြတ်သန်းခဲ့ရတဲ့ နှစ် တနှစ်ဖြစ်ပြီး အမျိုးသမီးတွေ အများအပြား ကျရာနေရာကနေ ပါဝင်ခဲ့ကြတဲ့အကြောင်း နှစ်ချုပ် အထူး အစီအစဉ်အဖြစ် မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
အခုဆက်ပြီး ကမ္ဘာတလွှားက ၂၀၂၂ ခုနှစ်အတွင်း ထူးခြား ဆန်းပြားတဲ့သတင်းလေးတွေကို စုစည်းပြီးတော့ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မဲခွဲဆုံးဖြတ်အပြီး သက်ဆိုင်ရာနိုင်ငံ သံအမတ်ကြီးတွေက သူတို့ရပ်တည်ချက် သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။ မခင်ဖြူထွေးစုစည်းတင်ပြထားပါတယ်။
၂၀၂၁ခုနှစ် ဇန်နဝါရီလ၆ရက်လွှတ်တော် စီးနင်းတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးအကြမ်းဖက်ဆူပူမှုတွေဖြစ်အောင်အားပေးအားမြှောက်လုပ်ခဲ့တာအပါအဝင်ရာဇဝတ်မှု၄ခုနဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို တရားစွဲဆိုဖို့ဒီဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးနေတဲ့လွှတ်တော်ကော်မတီက တရားရေးဌာနကို တိုက်တွန်းလိုက်ပါပြီ။မခင်ဖြူထွေးက တင်ပြပေးပါမယ်။
လန်ဒန်ဗိသုကာပြတိုက်မှာ ခရစ္စမတ်ပွဲတော် ဂျင်းနံသင်းပေါင်မုန့်မြို့တော်ကြီးတွေကို တည်ဆောက်ပြထား၊ ချီကာဂိုမြို့မှာ သခင်အဝေးသွားခိုက် ယုန်လေးတွေအတွက် ဇိမ်ခံ ယုန်စပါးနဲ့ ယုန်ဟိုတယ် ဖွင့်လှစ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံမှာ မိလ္လာပိုက်တွေပြုပြင် ထိန်းသိမ်းဖို့အတွက် SPD1 လို့ နာမည်ပေးထားတဲ့ ပင့်ကူစက်ရုပ်တွေ တီထွင်၊ ဂျာမနီမှာတော့ ခရစ္စမတ်စင်တာဘိုးဘိုးတွေ အပြေးပြိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ လူမှုစီးပွား အထွေထွေ အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ သိသိသာသာ ပိုဆိုးလာနေပြီး ဒါတွေကို အလေးအနက်ထား မီးမောင်းထိုးပြဖို့ အရေးတကြီး လိုအပ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
သန္ဓေသားတားမြစ်တာကို မလုပ်သင့်တဲ့ အရာတခုလို့ ယူဆထားတဲ့ ရိုဟင်ဂျာ မူဆလင်တွေကြားမှာ သားဆက်ခြား စီမံကိန်း စခဲ့ချိန်က အခက်အခဲတွေ ရှိခဲ့ပေမဲ့၊ အခုတော့ လက်ခံ လာနေကြပြီလို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ AFP သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီဘက်က တပတ်အတွင်း နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေ အလွန်အကျွံသုံးပစ်ခတ်ပြီး အင်အားအတော်များများနဲ့ စစ်ကြောင်း ပြန်ထိုးနေတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်