ယူကရိန်းကို လာကြတဲ့ ဥရောပ ခေါင်းဆောင်တွေရဲ့ သွားလာမှုတွေမှာ အစိုးရ မီးရထားဝန်ဆောင်မှု လုပ်ငန်းက အရေးပါတဲ့ကဏ္ဍမှာ ရှိနေခဲ့ပါတယ်။ တခြားနည်းလမ်းနဲ့ သွားလာမှုတွေ ခက်ခဲနေချိန်မှာ ယူကရိန်းပြည်သူတွေ မီးရထားကို အဓိက အားထား နေရတဲ့အကြောင်း Ani Chkhikvadze ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“နောက်အမှုကတော့ ဆရာ့ရဲ့ ခံပြသက်သေတယောက် ကျန်တယ်။ မထက်ထက် ခိုင်ပေါ့နော်။ သူ့ကိုထောင်ထုတ်အမိန့်နဲ့ထုတ်ခိုင်းတာ။ တရားသူကြီးကတော့ ဒီတပတ်ထုတ်ပေးမယ်ပေါ့နော်။ ဆိုတော့ မနက်ဖြန်ရုံးချိန်းရှိတယ်။မထုတ်ပေးဘူးဆိုရင်တော့ ပယ်ရတော့မှာပေါ့။ ပယ်ရရင်တော့ နောက်တချိန်းကျရင် အမိန့်ချမယ်ပေါ့။”(ရှေ့နေ)
ယူကရိန်းအတွက် စစ်ရေးအကူအညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် အွန်လိုင်း အစည်းအဝေးတရပ်ကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပပါတယ်။ ဗွီအိုအေ ပင်တဂွန် သတင်းထောက် Carla Babb ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင် အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ကမ္ဘာ့အကြီးဆုံး ပြောင်းဖူးခင်း ဝင်္ကဘာကြီးတခု ရှီကာဂိုမှာ ဖန်တီး၊ လမ်းပေါ်က ချိုင့်ခွက်ကို မှန်စီကြွေပြား ပန်းချီပုံတွေ နဲ့ လိုက်ဖာနေတဲ့ အနုပညာရှင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် စစ်မှုထမ်းတွေအရေး၊ အိုးအိမ်မဲ့တွေအရေး အပါအဝင် ရပ်ရွာတွင်း အကူအညီ လိုသူတွေရဲ့ အခွင့်အရေးတွေအတွက် နှစ်ပေါင်းများစွာ ရှေ့တန်းက ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်လို့ အမေရိကန်စစ်မှုထမ်း အဖွဲ့အစည်းတွေက ပေးအပ်တဲ့ Most Influential Award ဆု ချီးမြှင့်ခံရသူ မထက်အဇ္ဇလီကျော်က ပြောပါတယ်။
“ လွှတ်ပေးတဲ့သူတော်တော်များများက ထောင်စကားနဲ့ပြောရင်လွတ်နီးတွေ။ လွတ်နီးတွေကိုလွှတ်တာ အဖြေမဟုတ်ဘူး။ ခုလွှတ်ပေးတာကြိုဆိုစရာလည်း မရှိဘူး။ ကျေးဇူးတင်စရာလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ထွက်ပေါက်ရှာမှုနဲ့သူ့ရဲ့တည်တံ့ခိုင်မြဲရေးတရားဝင်မှုအတွက် နိုင်ငံရေးအရအပေးအယူပေါ့။ (ဦးထွန်းကြည်-နိုင်/ကျဉ်းဟောင်း)
ဂျာမနီနိုင်ငံက မြင်းပုလေးတကောင်က အသေးဆုံးမြင်းပုလေးအဖြစ် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန် ဝင်နိုင်၊ ပါတယ်။ တန်ဇန်းနီးယား နိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသုံးဖို့ ကြွက်ကြီးတွေကို ကျောပိုးအိတ်တပ်ပေးပြီး လေ့ကျင့်ပေးနေ၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရေကြီးမြေပြိုတာနဲ့ မိုးခေါင် ရေရွားတာလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ် ဆုံးရှုံးရသူတွေ သန်းပေါင်းများစွာ ရှိနေပြီး ဒီလိုလူတွေရဲ့ ၈၀ % က အမျိုးသမီးနဲ့မိန်းခလေးငယ်တွေ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုလသမဂ္ဂ အစီအစဉ်က ထောက်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်တွေ ပြည်နယ်တချို့မှာ ရေတွက်နေဆဲ ဖြစ်သလို၊ ကွန်ဂရက်လွှတ်တော်မှာ ဘယ်ပါတီက အများစု ထိန်းချုပ်နိုင်မလဲ ဆိုတာ မသေချာသေးပါဘူး။ ဗွီအိုအေသတင်းထောက် Katherine Gypson ပေးပို့တဲ့သတင်း မခင်ဖြူထွေးပြောပြပါမယ်။
NLD အစိုးရလက်ထက်က ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် အဂတိလိုက်စားမှု ၅ မှုစွဲချက်တွေအတွက် အမြန်ဆုံး အပြီးသတ်နိုင်ဖို့ စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဆုံးအကြိမ် ရှားပါးပုံနှိပ်မူကို ဆော်သဘီက လေလံတင်ရောင်းဖို့ရှိ၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ဟီရိုကဇူ တာနာကာ ဆိုတဲ့ နာမည်တူ လူပေါင်း ၁၇၈ ဦး စုဝေးတွေ့ဆုံပြီး ကမ္ဘာ့စံချိန်တင်၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာ့ ဒီမိုကရေစီရေးကို သြစတြးလျ အစိုးရက အသိအမှတ်ပြုပြီး လိုအပ်နေတဲ့ လူသားချင်း စာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်အောင် ဖိအားပေး တိုက်တွန်းသွားမယ်လို့ သြစတြေးလျ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ Charity Queen သရဖူ ဆွတ်ခူးခဲ့တဲ့ မြန်မာနွယ်ဖွား သြစတြေးလျနိုင်ငံသူ မဆိုဖီယာ ဆာကစ်က ပြောပါတယ်။
ကရင်နီပြည်လို့ခေါ်ကြတဲ့ ကယားပြည်နယ်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်နဲ့ လွိုင်လင်လေးမြို့နယ်ဘက်မှာ ဒီနေ့ မြန်မာစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ အဲဒီဒေသတဝိုက် အသွားအလာ မလုပ်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကသတိပေးနေပါတယ်။
ရန်ကုန်မြို့အတွင်း လူစည်ကားတဲ့ နေရာတွေမှာ ပစ္စည်းလုယက်ခံရတာ၊ နေအိမ် ထဲမှာ အသတ်ခံရတာနဲ့ အနုကြမ်းစီးခံရတာတွေ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ ဟောလိုးဝင်း တစ္ဆေကြီးပွဲတွေကို ဒီနှစ် အမေရိကန်မှာ ပြန်ကျင်းပနေပါပြီ။ မက်ဆီကိုနိုင်ငံ မက်ဆီကို စီးတီးမြို့တော်မှာ Zombie ဖုတ်ကောင်တွေ စီတန်း လှည့်လည်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီးရေး ဆွေးနွေးပွဲတွေ ကျင်းပခဲ့တဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဝါရှင်တန်မြို့၊ ဂျော့ဂျ်တောင်း တက္ကသိုလ်မှာလည်း မြန်မာ့အမျိုးသမီးအရေး အွန်လိုင်း ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အင်းစိန်ထောင်အပြင် တခြားအကျဉ်းထောင်တွေမှာပါ ပါဆယ်ထုတ်ပေးပို့တာ ထောင်ဝင်စာပေးပို့တာတွေအပေါ် ကန့်သတ်မှုတွေ ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပေးပို့နေတဲ့ နေပြည်တော်အကျဉ်းထောင် ထောင်ဝင်စာ ပစ္စည်းတွေကိုလည်း အာဏာပိုင်တွေဘက်က ကန့်သတ်လာတယ်လို့ တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ကားပြပွဲမှာ လယ်ဂိုတုံး ၄ သိန်းနဲ့ တည်ဆောက်ထားတဲ့ လမ်ဘော်ဂီနီ ပြိုင်ကား၊ ဒူဘိုင်းမြို့မှာ ကာရက် ၃၀၀ ကျော် ကမ္ဘာ့အကြီးဆုံးစိန်တုံးတတုံး ဆော်သဘီလေလံတိုက် ပြသ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
"အဓိက ကော့ကရိတ်-မြဝတီ (အာရှလမ်းမကြီး) တောင်ပေါ်တက်တဲ့ နေရာမှာ စ ပိတ်ထားတာဗျ။ လမ်းဘေးရပ်ထားတဲ့ကားတွေ ကျနော်တို့ကြည့်ရတာ လူဦးရေနဲ့ ပြောမယ်ဆိုရင် ထောင်ချီမယ်ဗျ။ ဒါပေမယ့် ကျနော်တို့ ကော့ကရိတ် အဲဒီပတ်ချာလည်မှာ ရပ်ထားတဲ့ မှန်လုံကြီးတွေပေါ့ဗျာ- အစီး ၄၀ လောက် ပြန်ဆင်းသွားတယ်ဗျ။” (ကိုမျိုး-ကော့ကရိတ်ဒေသခံ)
“ လောလောဆယ်ကို ကွမ်းရွက်ပြုတ်ရည်နဲ့ ထန်းလျက်နဲ့ပေါ့။ ဆေးဝါးအခြေအနေ လုံလောက်လားဆိုတော့ မြို့တွေဘက်ကို သွားဝယ်ဖို့က အဆင်မပြေဘူးဗျ။ သူတို့တွေက အကုန်- ဈေးတွေဘာတွေပိတ်စစ်၊ အကုန်ဖမ်းနေကြတော့ခါ ရွာတွေမှာ ရှာဝယ်ရတာတွေကလည်း တော်တော် ခက် ပါတယ်။ ပါရာစီတမောလည်း မပေါပါဘူး။” (ဒေသခံ PDF)
နောက်ထပ်ကြည့်ရှုရန်