အမေရိကန် ခွဲစိတ်ဆရာဝန်တွေ မျက်လုံးအစားထိုးခွဲစိတ်မှု အောင်အောင်မြင်မြင်ပြုလုပ်၊ ဂျပန်နိုင်ငံမှာ ကလေးတွေ ကြီးကောင်ဝင်တဲ့ပွဲတော်အစား ခွေးတွေ ကြောင်တွေ အရွယ်ရောက်တဲ့ ပွဲတော် ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ခဲ့တဲ့နောက်မှာ အိန္ဒိယဘက်ကို စစ်ဘေး ရှောင်နေတဲ့ ဒေသခံတွေ ကိုယ့်နေအိမ် ကိုယ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ တိုင်းပြည်တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ ဂျိုကို ဝီဒိုဒိုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာတွေ့ဆုံပြီး ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ မူဆလင်နိုင်ငံ ၅၇ နိုင်ငံက တောင်းဆိုချက်ကို သတင်းစကားပါးခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် အစ္စရေး အနေနဲ့ နေ့စဉ် ၄ နာရီ ကြာ အပစ်ရပ်ပေးမယ်ဆိုတာကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က အတည်ပြုပါတယ်။ ပါလက်စတိုင်း အသေအပျောက် အရေအတွက် တိုးလာတာကြောင့် ဒေါသထွက်သူတွေ များလာချိန်မှာ အခုလို ကြေညာချက်ထွက်လာတာပါ။
ပြည်တွင်းစစ် တကျော့ပြန် အရှိန်ကောင်းလာတဲ့ အောက်တိုဘာလကုန်ကစပြီး အဓိက ကုန်သွယ်ရေးလမ်းတွေ ပျက်စီးသွားသလို တနိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးအားလုံး အပေါ်သက်ရောက်ပြီး ထိခိုက်မှု ရှိနေပါတယ်။
နယူးယောက်မြို့က စည်သွတ်ဘူးတွေ ရုပ်တုပုံဖော်တဲ့ ဖန်တီးမှုအနုပညာပြိုင်ပွဲ၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာ့အကြီးဆုံး အပြစ်အနာအဆာကင်းတဲ့ စိန်ပြာ အမေရိကန် ဒေါ်လာ ၄၄ သန်းနဲ့ လေလံတင်ရောင်းချ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အရပ်သား သေဆုံးမှုတွေ ဂါဇာမှာတိုးလာနဲ့အမျှ အမေရိကန် နဲ့ နိုင်ငံတကာခေါင်းဆောင်တွေဟာ ဂါဇာမှာ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ဖို့ ယာယီ အပစ်ရပ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါပေမဲ့လည်း အစ္စရေးကတော့ သူ့နိုင်ငံသား ဓားစာခံ ၂၄၀ ဦး ကိစ္စ အရင်ဖြေရှင်းရမယ်လို့ ပြောပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ အသုံးပြု ဖန်တီးမှုတွေကို ဘေးကင်းလုံခြုံဖို့၊ ယုံကြည်စိတ်ချရဖို့အတွက် သမ္မတ အမိန့်တရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီအပတ်အတွင်း လက်မှတ်ထိုးလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတုံ့ပြန်တာတွေကို Julie Taboh သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တရုတ်ယူနန်ပြည်နယ်ရဲ့ နယ်စပ်မြို့တွေမှာ မြန်မာနိုင်ငံသားတွေ အလုပ်သမားစာချုပ်နဲ့ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ တရုတ်-မြန်မာ ၂ နိုင်ငံ အလုပ်သမားရေး တာဝန်ရှိသူတွေ ကူမင်းမြို့မှာ နိုဝင်ဘာ ၅ ရက်က ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေ ချိန်မှာပဲ အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်နေတဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ဒေသတွင်း တိုက်ပွဲတွေဆင်နွှဲဖို့ ပြင်နေကြပါတယ်။
အမေရိကန်မှာ တိုးပွားလာနေတဲ့ မွတ်စလင်မုန်းတီးရေးတိုက်ဖျက်ဖို့ သမ္မတဂျိုးဘိုင်ဒန် အစိုးရရဲ့ ကြိုးပမ်းချက်တွေထဲ ဂါဇာမှာရှိတဲ့ အရပ်သားတွေ ကာကွယ်ဖို့အတွက်ပါ ထည့်သွင်း လုပ်ဆောင်ရမယ်လို့ အမေရိကန်မွတ်စလင်အဖွဲ့တွေပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့သတင်းကို ကိုငြိမ်းချမ်းတင်ပြပါမယ်။
အာဂျင်တီးနားနိုင်ငံမှာ လူ ၁၀၀၀ Spider Man ပင့်ကူလူသားလို ဝတ်ဆင်ပြီး ကမ္ဘာစံချိန်ချိုးဖို့ လုပ်၊ အိန္ဒိယမှာ ရုပ်ရှင်ပရိသတ် တယောက် သူကြိုက်တဲ့ မင်းသားကြီး ရဂျီးနားကန့်ရဲ့ပုံတူကို ရုပ်တု ထုလုပ် ကိုးကွယ်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ပြထားပါတယ်။
ရှမ်းပြည် မြောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး စတင်ခဲ့ပြီး သီတင်းတပတ် အတွင်းမှာပဲ ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၀ ထက် မနည်း သေဆုံးခဲ့သလို ၄၀ ထက် မနည်း ဒဏ်ရာရှိခဲ့တယ်လို့ မြေပြင် စာရင်း ကောက်ယူထားသူတွေက ပြောပါတယ်။ ဒဏ်ရာ ရသူတွေဟာ ဆေးကုသမှုခံယူဖို့ အခက်အခဲကြုံ နေရတာပါ။
တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong တို့ နေပြည်တော်မှာ မနေ့က အောက်တိုဘာလ ၃၁ရက်နေ့က တွေ့ဆုံခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေနဲ့ သတင်းဌာနတွေ ပိတ်သိမ်းခံရတာတွေ အများအပြားရှိနေတာပါ။ မနေ့ကလည်း ရခိုင်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ DMG သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။
ဒိန်းမတ် လယ်ဂို ကစားကွင်းကြီးထဲမှာ ဟောလိုဝင်း တစ္ဆေကြီးပွဲတော် ရာသီအမှီ ကြောက်စရာ အရုပ်တွေကို လယ်ဂိုတုံးတွေနဲ့ ဖန်တီးထား၊ မက္ကဆီကိုစီးတီးမြို့တော်မှာ အရိုးခြောက်ဝတ်စုံတွေနဲ့ လူထောင်ချီ စည်တန်းလှည့်လည်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ပြထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ချင်းရွှေဟော်မြို့က အကောက်ခွန်ဂိတ်တခုကို ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA က ဒီနေ့ မနက်အစောပိုင်းမှာပဲ တိုက်ခိုက်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်ထားတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်မြို့တွင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်တစ်ပြက် ရေကြီးရေလျံမှုနဲ့ ကြုံခဲ့ရပြီး ရန်ကင်းမြို့နယ်မှာ တော့ အသက် ၁၄နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ရပါတယ်။
အရှေ့အလယ်ပိုင်းမှာ ကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်ပွားမှာကို စိုးရိမ်လာတာနဲ့အတူ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်အင်အားတွေ ထပ်တိုးချလာနေပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်တွေနဲ့ အဆောက်အအုံတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း သတိပေးနေပါတယ်။ Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အရှေ့အလယ်ပိုင်းမှာ ကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်လာတာ နဲ့ အတူ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အင်အားတွေ ထပ်တိုးချလာနေပြီး ဒေသတွင်းမှာ ရှိတဲ့ အမေရိကန်တွေနဲ့ အဆောက်အအုံတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း သတိပေးနေပါတယ်။ Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ
နောက်ထပ်ကြည့်ရှုရန်