ကုလသဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ရှိလို့ ကုလ ကိုးကားသတင်းဆို၊ ပြည်တွင်းမှာ စားသုံးဆီ ရှားပါးနေပြီး ဈေး အဆမတန်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးနဲ့ ရုရှားမှာ တွေ့ဆုံ၊ အာဏာသိမ်း စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေနဲ့ မြန်မာလူ့အခွင့်အရေးအခြေအနေ အမေရိကန်လွှတ်တော်မှာ ကြားနာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ ဆက်ပြီး ပြောပြပေးပါမယ်။
၂၀၂၀သမ္မတရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး ပြောင်းလဲအောင်ကြိုးပမ်းမှုနဲ့ အမေရိကန်သမ္မတဟောင်းDonald Trumpအပေါ် စွဲဆိုထားတဲ့အမှုကိုလာမယ့်နှစ်မတ်လမှာစတင်ကြားနာဖို့ ဖက်ဒရယ်တရားသူကြီးတဦးက ဆုံးဖြတ်လိုက်ပြီး ဒီရုံးချိန်းဟာ၂၀၂၄ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလနဲ့ တိုက်နေပါတယ်။ကိုငြိမ်းချမ်းက ပြောပြပါမယ်။
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နွေရာသီ အပူလှိုင်းဒဏ်ကြောင့် တောမီးလောင်ဖို့ အန္တရာယ်များလာပါတယ်။ တောမီးလောင်တာကို ကာကွယ်ဖို့ ပြည်နယ် တာဝန်ရှိသူတွေက နည်းပေါင်းစုံနဲ့ ကြိုးစားနေတာမှာ AI ဉာဏ်ရည်တု နည်းပညာ နဲ့ ဆိတ် တွေကို အသုံးချတဲ့ နည်းလမ်းလည်း ပါဝင်ပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ စနေနေ့က ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ရက်ဆက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က Pokemon Go စုပေါင်း ကစား ပွဲတော်၊ ဗြိတိန်နိုင်ငံမှာ ၁၄ နာရီကြာ မြက်ရိတ်စက်မောင်းပြိုင်ပွဲ ကျင်းပခဲ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကာမိုင်းမြို့အနီးမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကာမိုင်းနဲ့ ဖားကန့်အကြားမှာ ရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။
ကျုးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ လူတဦး သူ့ကိုယ်သူ ၁၀ပေါင်တူနဲ့ ထုပြီး သန်မာကြောင်းပြ၊ အီဂျစ်နိုင်ငံကခြေတဘက်ပြတ်အားကစားသမားက တနာရီအတွင်း အကြိမ်အများဆုံး ဘားတန်းခိုကစားပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်ကမ်း တလျှောက်မှာ ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် နဲ့ KIA ၊ PDF ပူးပေါင်း တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ တရုတ် ဝမ်ပေါင်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီက လုပ်ငန်းခွင် တဝိုက် ခြံစည်းရိုး တိုးခတ်တာတွေ၊ လက်နက်နဲ့ လုံခြုံရေး ဖြည့်တင်းတာတွေကြောင့် ဒေသခံတွေနဲ့ အခြေအနေ တင်းမာနေချိန်မှာပဲ ကြေးနီသယ်ယူ ပို့ဆောင်မှုတွေကိုလည်း ကုမ္ပဏီက စတင် လုပ်ဆောင် လာပါတယ်။
ဗြိတိန်နိုင်ငံမှာ အဝေးထိန်းဒရုန်းနဲ့ စာပို့တဲ့စနစ် ပထမဦးဆုံး စတင်စမ်းသပ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ဆူဒန်နိစ်ရိုးရာ အန်ကလွန်ဝါး တူရိယာပွဲတော်ကျင်းပပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြဝတီ-ကော့ကရိတ်လမ်းပိုင်း မိုးများပြီး မြေပြို ပျက်စီးခဲ့တာကြောင့် ပိတ်ထားရသလို၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်စခန်းတွေကနေ ပြောင်းလဲ ဝင်ထွက်ခွင့် ပေးသွားမယ်လို့ မြဝတီ ကုန်သွယ်ရေး ဦးစီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်ဖားကန့်မြို့နယ်က နမ့်မော်နဲ့ ကသိုင်းတောင် တပ်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် အနီးအနား ကျေးရွာက ဒေသခံ ၄၀၀ လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စစ်ကောင်စီ တပ်စခန်း နှစ်ခုကို ဒီနေ့ မနက်အစောပိုင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်ခဲ့ပါတယ်။ KIA ဘက်က ကသိုင်းတောင် စခန်းကို သိမ်းယူခဲ့တဲ့အကြောင်း အတည်ပြု ပြောဆိုပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။
ဂျာမနီတောင်ပိုင်းမှာ နာမည်ကျော်ကာတွန်းဇာတ်ကောင် မစ်ကီမောက်စ်ပုံ နေကြာပန်းခင်းဝင်္ကါဘာ ဖန်တီး၊ ဂျပန်ရထားဘူတာရုံ လက်မှတ်ရောင်းကောင်တာမှာ အလိုအလျောက် စကားပြန်ပေးတဲ့ ဘာသာပြန် ပြတင်းပေါက်တွေရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလေးပုံသုံးပုံနီးပါး အနိုင်ရခဲ့ပေမဲ့လည်း ဒီမိုကရေစီလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အစိုးရဖွဲ့နိုင်ဖို့ရုန်းကန်နေရဆဲပါ။ရှေးရိုးစွဲကွန်ဆာဗေးတစ်ပါတီတွေကလည်းဖွဲ့စည်းပုံက လုပ်ပိုင်ခွင့်ကို အသုံးချပြီး လိုသလို လုပ်ဆောင်လာကြတဲ့အကြောင်း ကိုငြိမ်းချမ်းက ပြောပြပါမယ်။
လန်ဒန် V&A ပြတိုက်မှာ သမိုင်းဝင်ရုပ်တုတွေဘေး သာမန်လူမည်း ရုပ်တုတွေကို တမင်ယှဉ်ပြ၊ အမေရိကားမှာ လကမ္ဘာအာကာသယာဉ်သုံးတာယာလို လေထိုးစရာမလိုတဲ့ ကားတာယာတွေ ထုတ်လုပ်၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ် Seattle မြို့ တရုတ်တန်းက The Danny Woo စိုက်ပျိုးရေးခြံဟာ အာရှနွယ်ဖွား ရွှေ့ပြောင်းအခြေချသူတွေ အတွက်နွေးထွေးတဲ့ အသိုင်းအဝိုင်း မိသားစုလေး တခုဖန်တီးပေးနေပါတယ်။ Natasha Mozgovaya သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာနယ်စပ်က တရုတ်အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို စတင် နှိမ်နင်းလာချိန်မှာ ဒီလိုလုပ်ငန်းတွေကနေ တရားမဝင် ရရှိထားတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းတွေထဲ အဓိက ဝင်ရောက်လာနိုင်ခြေ ရှိတယ်လို့ တချို့က ထောက်ပြကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား စစ်ရေး တင်းမာနေချိန် ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာလည်း အင်္ဂါနေ့က တနေ့တည်းမှာတင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်