ကယ်လီဖိုးနီးယားမှာ ကားပျံစမ်းသပ်ပျံသန်းခွင့် ရ၊ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြည့်ဖို့ ဘရာဇီးလ်မှာ နိုင်ငံဝန်ထမ်းတွေ အလုပ်ကို နှစ်နာရီ နောက်ကျခွင့်ပေး၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
KIO ဌာနချုပ် လိုင်ဇာဒေသဘက်ကို စစ်ကောင်စီက မြစ်ကြီးနားနဲ့ ဗန်းမော်ကနေ တပ်အင်အားတွေ တိုးမြှင့် ပို့ဆောင်နေပြီး ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ \ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ မြို့နယ်ကြားက ပြည်ထောင်စုလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ အတွင်း မူဆယ်ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ပြန်စိပ်လာတယ်လို့ လူမှုရေး အသင်းအဖွဲ့တွေ၊ ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လတ်တလောရေပန်းစားနေတဲ့ ကနုတ်ပန်း ရေခဲချောင်း၊ စာကြည့်တိုက်အဖြစ် အသွင်ပြောင်းထားတဲ့ အီဂျစ်က အိမ် ဒီလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတင်ဆက်ပေးထားပါတယ်။
ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်ဖြစ်တဲ့ တရုတ်နိုင်ငံထက် အိန္ဒိယနိုင်ငံဟာ ဒီနှစ်ပိုင်းအတွက်မှာ လူဦးရေ ၃ သန်းနီးပါး ပိုများသွားမယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံဟာ လူဦးရေး တိုးပွားမှုနှုန်းနှေးကွေးနေတာနဲ့ အသက်ကြီးတဲ့သူ များလာတာကို ရင်ဆိုင်နေရတာပါ။ ကိုငြိမ်းချမ်းကတင်ပြပါ့မယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ဌာနချုပ်အနီး နမ့်ဆန်ယန်မှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေး တင်းမာနေချိန်မှာ ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုးမောက်မြို့နယ်အတွင်းမှာတိုက်ခိုက်ခံရသလို၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
လစ်သူယေးနီးယားနိုင်ငံ Vilnius မြို့မှာကျင်းပမယ့် နေတိုး မဟာမိတ်ထိပ်သီးအစည်းအဝေးပွဲအတွက် စစ်ရေးမဟာမိတ်အဖွဲ့ဝင်တွေ ပြင်ဆင်နေတဲ့တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကတော့ အတွဲလိုက် ဆင့်ကဲ ပေါက်ကွဲစေတဲ့ cluster ဗုံးသီး တွေ ယူကရိန်းကို ပို့မယ့်အစီအစဉ်ကို ကာကွယ်ပြောဆိုနေပါတယ်။ ကိုငြိမ်းချမ်းပြောပြပါလိမ့်မယ်။
တောင်ကိုရီးယားမှာ သံစုံတီးဝိုင်းကြီးတခုအတွက် စက်ရုပ်က ဂီတမှူးကြီးလုပ်ပေးနေပါတယ်။ ချီလီနိုင်ငံမှာ လကို အနီးကပ် လေ့လာနိုင်အောင် ပုံစံတူပြုလုပ်ပြသနေပါတယ်။ အခုလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြား ထွက်ပြေးတိမ်းရှောင်ရင်း ထိခိုက် ဒဏ်ရာရသူတွေ၊ နာမကျန်းသူတွေ အတွက် အရေးပေါ် ဆေးဝါး အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ နည်းလမ်းသစ်တချို့ ရှာဖွေ ကြိုးပမ်းနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်တဲ့ ပြစ်မှု နဲ့ ရုရှားခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမယ့် စင်တာ တခုကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ ယူကရိန်း နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြစ်ကြီးနား-ဗန်းမော်ကားလမ်းက နမ့်ဆန်ယန်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား သောကြာနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ အခုအခါမှာ အခြေအနေတွေ တည်ငြိမ်ပြီ ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရုပ်ရှင်တွေထဲကလို ပန်းကန်ပြားပျံ တရုတ်မှာ စမ်းသပ်ပျံသန်း၊ အိန္ဒိယနိုင်ငံမှာတော့ ကျန်းမာရေးကောင်းစေဖို့ ငါးအရှင်တွေကို ဆေးနဲ့ ရောပြီး မြိုချခိုင်း၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
ယူကရိန်း ကလေးငယ်တွေကို ရုရှားပိုက်နက်ထဲ ရွှေ့ပြောင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေဟာ အမေရိကန် ပြည်ထောင်စုတဝန်း ပြီးခဲ့တဲ့ အပတ်က ဆန္ဒပြခဲ့ကြပါတယ်။ ဗီအိုအေ သတင်းထောက် Natasha Mozovaya သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ယူကရိန်းနိုင်ငံတောင်ပိုင်းက မြစ်ပေါ်က အရေးကြီးတဲ့ ရေကာတာပျက်ဆီးခဲ့တာကြောင့် ရေလွမ်းမိုးမှုတွေ ကြုံရပြီး ဂေဟစနစ် အကြီးအကျယ် ပျက်ဆီးခဲ့သလို ဥရောပရဲ့ အကြီးဆုံး နျုကလီးယား စက်ရုံအပေါ်မှာလည်း ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။VOA သတင်းထောက် Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါလိမ့်မယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ ၁ သန်းကျော်လောက်ဟာ ဒုက္ခရောက်နေကြတာပါ။ အကူအညီတွေ အရေးပေါ် လိုအပ်နေချိန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိဖို့ နိုင်ငံတကာကူညီရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်မပေးတာဟာ ဒုက္ခပိုရောက်စေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မိုးရာသီရောက်လာပေမဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က လယ်ဧက ၄,၀၀၀ကျော်မှာ စပါးမစိုက်နိုင်သေးကြောင်း လယ်သမားတွေက ပြောပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာ မလုံလောက်မှာ ကျောက်ကြီးမြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကိုဗစ်လွန်ကာလ ဂျပန်မှာ အရယ်အပြုံး ပြန်သင်ကြားပေးနေတဲ့ ကျောင်း၊ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေက လူတွေကိုပါကျော်လွန် ထိန်းချုပ်နိုင်မယ်ဆိုပြီး စက်ရုပ်တရုပ်က ခန့်မှန်း၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
အနောက်နိုင်ငံက ပိတ်ဆို့မှု ဆန်ရှင်တွေကို ရှောင်ရှားဖို့အတွက် ရုရှားအနေနဲ့ အီရန်ကို အတုယူနေတယ်လို့ ဗြိတိန်အခြေစိုက် Royal United Services Institute သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်ကနေ သတင်း ပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေ များလာတယ်လို့ မုန်းတိုင်းသင့်ဒေသတွေကို ဆေးလိုက်ကုပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။
ထိုင်ဝမ်စားသောက်ဆိုင်မှာ ခြေထောက် ၁၄ ချောင်း အိုင်ဆိုပေါ့ပုဇွန်နဲ့ ရာမန်ခေါက်ဆွဲ ရောင်းချ၊ အမေရိကန်မြို့လေးတမြို့မှာ ကက်သလစ်ခရစ်ယာန် သီလရှင်တပါးရဲ့ ရုပ်အလောင်း အချိန်ကြာပေမဲ့ မပုပ်မသိုးဘဲရှိနေ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
နောက်ထပ်ကြည့်ရှုရန်