ဆီးရီးယားသမတ ဘာရှာအယ်အာဆတ် Bashar al Assad ဟာတရုတ်ပြည်ကိုသွားရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးရုရှားကိုသွားပြီးသမတပူတင်ကို ဖိတ်ကြားခဲ့ပါတယ် အာဏာရှင်တွေခြေကုတ်မြဲနေဆဲဖြစ်တဲ့အရှေ့တောင်အာရှမှာတော့ ထိုင်းနဲ့ကမ္ဘောဒီးယားမှာ အတိုက်အခံတွေကို ဆက်လက်ဖိနှိပ်နေပါတယ် ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
မြန်မာ့အိမ်နီးခြင်းထိုင်းနိုင်ငံမှာတော့ Pita Limjaroenrat ဟာ Move Forward Party ခေါင်းဆောင်နေရာကနေနှုတ်ထွက်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားမဟာမိတ်ဆက်ဆံရေးတိုးမြှင့်လိုက်ပါတယ်။တရုတ်က တာလီဘန် (အာဖဂန်) နဲ့သံတမန်ဆက်ဆံရေးထူထောင်လိုက်ပါတယ်။ ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အိန္ဒိယမှာကျင်းပနေတဲ့ G20 အစည်းအဝေးအကြောင်းနဲ့ တရုတ်နဲ့ပင်လယ်ပြင်ပိုင်နက်အငြင်းပွားနေတဲ့အင်ဒိုနီးရှား စစ်အင်အားတိုးချဲ့လာနေအကြောင်းတွေကို ဒီတပတ်အာရှနိုင်ငံရေးအစီအစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကိုပထမဆုံးအကြိမ်တိုက်ရိုက် စစ်ရေးထောက်ပံ့မှုပေးလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ အမေရိကန်နဲ့ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့စစ်ရေးလေ့ကျင့်မှုစတင်လိုက်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစားရိတ်ကိုတိုးမြှင့်တောင်းခံလိုက်ပါတယ်။
ပါကစ္စတန်မှာရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက်ဒါဇင်နဲ့ချီတဲ့သူတွေသေဆုံးခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ရွေးကောက်ပွဲအကြိုကာလအာဏာရပါတီနဲ့ အတိုက်အခံတွေအကြားပဋိပက္ခတွေဖြစ်ပွားနေ ပါတယ်။ အခုလိုအကြောင်းအရာတွေကိုဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ဒီတပတ်မှာတော့အတည်မပြုနိုင်တဲ့သတင်းတွေထွက်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေနေ၊ ရုရှားမြောက်ကိုရီးယား ဆက်ဆံရေး၊ ဂျပန်အနီးတရုတ်ရုရှားစစ်ရေးလေ့ကျင့်မှုနဲ့ ဂျပန်ရဲ့ကာကွယ်ရေးအစီအစဉ်ထုတ်ပြန်ချက်တွေကိုဒီတပတ် အာရှနိုင်ငံရေးအစီအစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အာရှနိုင်ငံရေး ကမ္ဘောဒီးယားမှာဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဝန်ကြီးချုပ်ဖြစ်လာဖို့သေခြာနေပါတယ်ထိုင်းနိုင်ငံမှာတော့PitaLimjaroenratကိုဝန်ကြီးချုပ်အဖြစ်ထပ်မံမဲခွဲဖို့ကိုလွှတ်တော်ကတားမြစ်ပါတယ်အာစီယံအနေနဲ့NUGအပါအဝင်အတိုက်အခံတွေနဲ့ပါဆက်ဆံဖို့သုတေသီAndreyka Natalegawaကအကြံပြုပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
မိုခါ ဆိုင်ကလုံး မုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ် ခံခဲ့ရတာ ၂ လကျော်လာပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ခုချိန်ထိ မစနိုင်သေးဘူးလို့ ရခိုင်ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။
အာရှနိုင်ငံရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခွင့်ပေးတာတာဟာနိုင်ငံရေးအရစတင်ဆောင်ရွက်လိုတဲ့သဘောလားဒါမှမဟုတ်မြန်မာ့အရေးနဲ့ပတ်သက်လို့ကွဲလွဲမှုတွေရှိနေတဲ့အာဆီယံကိုစစ်ကောင်စီဘက်ကတန်ပြန်ထိုးနှက်တာပါလားဒါ့အပြင်ထိုင်းနိုင်ငံရေးအကျပ်အတည်းအကြောင်းကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
အာရှနိုင်ငံရေး ကမ္ဘောဒီးယားမှာအတိုက်အခံတွေကို ရိုက်နှက်မယ်လို့ကြိမ်းဝါးခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ဖေ့စဘုတ်အကောင့်ကိုပိတ်လိုက်ပါတယ်။ဂျပန်နဲ့အာရှနိုင်ငံတချို့ NATO ထိပ်သီးအစည်းအဝေးတက်ပါမယ်အမေရိကန်ညူကလီးယားဗုံးကြဲနိုင်တဲ့လေယဉ်ကိုရီးယားကျွန်းဆွယ်ပေါ်ပျံသန်းခဲ့ပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အာရှနိုင်ငံရေး၊ အိန္ဒယဝန်ကြီးချုပ်မိုဒီဟာအမေရိကန်ပြည်ထောင်စုကို၄ရက်ကြာအလည်အပတ်သွားပါတယ်။ အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအပြင်၊စစ်လက်နှက်ပစ္စည်းတချို့ဝယ်ယူခဲ့ပါတယ်။ဝန်ကြီးချုပ်မိုဒီရဲ့အမေရိကန်ခရီးစဉ်အပါအဝင်အိန္ဒိယနဲ့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တွေနဲ့ဆက်ဆံရေးအကြောင်းကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော် တပါးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေပြောပါတယ်။
စစ်ရှောင်နဲ့ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို ၃ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁ဦး ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသလို နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ပါတယ်။
အာရှနိုင်ငံရေး တင်းမာမှုတွေရှိနေချိန်မှာဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်ပြည်ကိုသွားရောက်ပါတယ်။ ဒါ့အပြင် တရုတ်-ကျူးဘားထောက်လှမ်းရေးကိစ္စနဲ့ အမေရိကန်ညူကလီးယားလောင်စာသုံးရေငုတ်သင်္ဘော တောင်ကိုရီး ယားကိုရောက်ရှိသွားတဲ့အကြောင်းတွေကို ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်-အမေရိကန်တင်းမာမှုတွေရှိနေချိန်မှာ အမေရိကန်အနီးကကျူးဗားနိုင်ငံမှာတရုတ်ထောက်လှမ်းရေးစခန်း ဆောက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့ကိစ။ ဒါ့အပြင် ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိ ကန်ကမ်းခြေစောင့်တပ်တွေပူးတွဲစစ်ရေးလေ့ကျင့်တဲ့အကြောင်းစတာတွေကို ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုး ကျော်ကတင်ပြထားပါတယ်။
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှပစ္စဖိတ်ဒေသလုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးဖြစ်တဲ့-ရှန်ဂရီ လာဆွေးနွေးပွဲအကြောင်း၊ ဒါ့အပြင်ထိုင်းနိုင်ငံရေးနဲ့ ထိုင်ဝမ်အရေးအပါအဝင် အာရှဒေသတွင်းလုံခြုံရေးဆိုင်ရာအခြေ အနေတချို့ကို ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ရုရှားဝန်ကြီးချုပ် တရုတ်ပြည်ကိုအလည်အပတ်ရောက်ရှိသွားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ထဲကတရုတ်င်္ဘောတွေပြန်လည်ထွက်ခွါပေးဖို့ ဗီယက်နမ်ကတောင်းဆို။ ပြင်သစ်သမတမက်ခရွန်ရဲ့ မွန်ဂိုလီးယားခရီးစဉ်နဲ့ တောင်ကိုရီးယားရဲ့ပထမဆုံးကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်လိုက်တဲ့ အကြောင်းတွေကို ဒီတပတ် ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ လူငယ်ပြုပြင်ပြောင်းလဲရေးသမားအများစုနဲ့ဖွဲ့စည်းထားတဲ့ Move Forward ပါတီဟာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးနဲ့အနိုင်ရပြီး၊ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ကြိုးပမ်းနေပါတယ်။သူတို့မျှော်မှန်း သလိုဖြစ်လာနိုင်ပါသလား။ အာရှနိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော် ကစုစည်း တင်ပြထား ပါတယ်။
အင်အားပြင်း မိုခါ ဆိုင်ကလုံးမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း စစ်တွေ၊ ကျောက်ဖြူဒေသတွေကို ဦးတည် ဝင်ရောက်တိုက်ခတ်ဖို့ ရှိနေပါတယ်။ စစ်တွေအပါအဝင် အနီးနား ဒေသခံ တချို့လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပါတယ်။ AFP သတင်းဆောင်းပါးကိုအခြေခံပြီး ကိုဇော်မိုးကျော် ပြောပြပါမယ်။
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတွေဆီ ဦးတည်နေပြီး မေလ ၁၄ ရက်နေ့လယ်ပိုင်းမှာ ကုန်းတွင်းကိုဝင်မှာဖြစ်သလို ရွေ့လျားလာတဲ့ မိုခါရဲ့လေတိုက်နှုန်း တနာရီကို ၁၃၅ မိုင်အထိရှိပြီး ဟာရီကိန်းမုန်တိုင်းအဆင့် ၄ နဲ့ညီတယ်လို့ အိန္ဒိယမိုးလေဝသဌာနက မနေ့ကထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်