ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ရဲ့ အမေရိကန် ခရီးစဉ်နဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲအကြောင်းတွေကို ဒီတပတ် အာရှနိုင်ငံရေး အစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
လာမယ့်မေလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ စစ်တပ်က အာဏာသိမ်းဖယ်ရှားခံလိုက်ရတဲ့ ဝန်ကြီးချုပ် ၂ ဆက်ဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ညီမဖြစ်သူ ယဉ်လတ်ရှင်နာဝပ်တို့ရဲ့ မျိုးဆက်၊ ပေတွန်တန် ရှင်နာဝပ်ဟာ လက်ရှိဝန်ကြီးချုပ်ချန်အိုချာထက် လူထုထောက်ခံမှုများနေပါတယ်။
လာမယ့်မေလ ၁၄ ရက်နေ့မှာ ကျင်းပတော့မယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ စစ်တပ်က အာဏာသိမ်းဖယ်ရှားခံလိုက်ရတဲ့ ဝန်ကြီးချုပ် ၂ ဆက်ဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ညီမဖြစ်သူ ယဉ်လတ်ရှင်နာဝပ်တို့ရဲ့ မျိုးဆက်၊ ပေတွန်တန် ရှင်နာဝပ်ဟာ လက်ရှိဝန်ကြီးချုပ်ချန်အိုချာထက် လူထုထောက်ခံမှုများနေပါတယ်။
ဂျပန်မှာပြုလုပ်ခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ “စည်းမျဉ်းတွေကိုအခြေခံပြီး လွတ်လပ်ပွင့်လင်းတဲ့နိုင်ငံတကာ စံချိန်စံညွှန်းတွေရှိရေး” ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်မှာ အမေရိကန် စစ်အင်အားတိုးချဲ့သွားမယ့်အခြေအနေနဲ့၊ အာရှဒေသတွင်း အခြေအနေတချို့ကို ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲက ဆန့်ကျင်ဘက်အင်အားစုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ် ဒါဟာ ဆွေးနွေးဖြေရှင်းရေးကို လုံးဝငြင်းပယ်လိုက်သလိုဖြစ်သွား တယ်လို့သုံးသပ်တာတွေရှိပါတယ်။ ဒီတပတ်အာရှ နိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အာရှရဲ့ အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန် ခေါင်းဆောင်တွေဟာ ပဋိပက္ခဖြစ်နေတဲ့ ရုရှားနဲ့ယူကရိန်းကို တပြိုင်နက်ထဲ သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ပတ်သက်ပြီး အာရှဒေသတွင်းနဲ့ ကမ္ဘ့ာနိုင်ငံရေး အခင်းအကျဉ်းပေါ် ရိုက်ခတ်မှုတွေကို ဒီတပတ် အာရှနိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အစိုးရတွေအနေနဲ့ ဇီဝရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေ လျော့ချဖို့ကို မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂမှာ အစိုးရများဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအဖွဲ့ကပြောဆိုထားပြီး ဒါကိုအကောင်အထည်ဖေါ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရက အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။
ဒီလို တပတ်အတွင်း ထိပ်တန်းရောက် အာရှနိုင်ငံရေးသတင်းတွေ ကိုဇော်မိုးကျော်က စုစည်းတင်ဆက်ထားပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး စစ်ရေးတင်းမာမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
“ဒီကနေ့ နောက်ထပ်စာမျက်နှာ လှန်လိုက်တာပါ။ စာအုပ်ကိုပိတ်လိုက်တာမဟုတ်ပါဘူး။ ဒါကအခန်းကဏ္ဍတခုကိုသာ ပိတ်လိုက်တာပါ။ နောက်ထပ် 747 ရဲ့ အခန်းကဏ္ဍအသစ်လာမှာပါ။”(Stan Deal- Boeing ကုမ္ပဏီအမှုဆောင်ချုပ်)
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ဇီးကန်ကျေးရွာကို ဖေဖော်ဝါရီ ၈ ရက်ညပိုင်းမှာ လက်နက်ကြီးကျရောက်ခဲ့ရာက အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရေဦး တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်လက်ချက် ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။
“PDF က အဲ့မှာ နေရာယူထားလို့ ဘာညာဆိုပြီးမှ အိမ်ဆောက်ထားတာတောင် မကြာသေးပါဘူး။ ကျနော်တို့ဆီက One Star ရွှေဆိုင်လေ။ အဲ့ဆိုင်ဆိုလည်း အပေါ်ထပ်တွေ မီးရှို့ထားတယ်။ သူတို့ပြန်စီးပြီးမှ အဲ့ဆိုင်က ဆိုင်ပိုင်ရှင်ကိုဖမ်းပြီး သတ်ပလိုက်ပြီပြောတယ်။ တက္ကသိုလ်ဆရာ၊ အဲ့ဆရာကိုလည်း သတ်ပလိုက်တယ်။”(ဒေသခံ)
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့က မြန်မာစစ်တပ် တပ်စွဲထားတဲ့နေရာကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်ခဲ့ကြောင်း ဒေသံခံ PDF က ပြောပါတယ်။ စစ်ရေး တင်းမာမှုတွေကြောင့် မြို့ခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေမှာ ဒီသီတင်းပတ်အတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတချို့ ကောက်နုတ်တင်ပြမယ့် ဦးဇော်မိုးကျော်ရဲ့ ဒီသီတပတ် အာရှ နိုင်ငံရေးအစီအစဉ်ကို တင်ပြပါမယ်။
အာရှဒေသတွင်း နိုင်ငံတွေမှာ ဒီသီတင်းပတ်အတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ကောက်နုတ်တင်ပြမယ့် ဦးဇော်မိုးကျော်ရဲ့ ဒီသီတင်းပတ် အာရှ နိုင်ငံရေးအစီအစဉ်ကို တင်ပြပါမယ်။
တရုတ်ပြည်မှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် လူဦးရေလျော့ကျလာမှုဟာ တရုတ်ရဲ့စီးပွားရေးနဲလူ့အဖွဲ့အစည်းပေါ်ရိုက်ခတ်ချက်တွေရှိလာမှာကိုစိုးရိမ်မှုတွေရှိလာတယ်ဆိုပေမဲ့ တချို့ကျွမ်းကျင်သူတွေကတော့ တရုတ်စီးပွားရေးအပေါ်မထိခိုက်နိုင်ဘူးလို့မြင်ပါတယ်။
ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးမားလာတာကိုတုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျားက အိမ်နီးချင်း ပါပူဝါနယူးဂီနီ နဲ့လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကိုလက်မှတ်ရေးထိုးဖို့ရှိနေပြီး သြစတြေးလျားဝန်ကြီးချုပ် Antony Albanese ဟာ ပါပူဝါမြို့တော် Port Moresby ကို ကြာသပတေးနေ့ကရောက်ရှိသွားပါတယ်။
၁၉၉၇ - ၂၀၁၂ ခုနှစ်အတွင်းမွေးဖွားသူတွေကို Generation Z သို့မဟုတ် Gen Z လို့သတ်မှတ်ခေါ်ဆိုကြပါတယ်။ သူတို့ထဲကအများအပြားဟာ အရွယ်ရောက်သူတိုင်းလုပ်လေ့ရှိတဲ့ တည်ငြိမ်တဲ့ အလုပ်တခုရှိမယ်၊ အိမ်ပိုင်ယာပိုင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အစဉ်အလာနောက်ကိုလိုက်ဖို့ိစိတ်ကူးမရှိကြသေးပါဘူး။
၁၉၉၇ ခုနှစ် မိုင်းတားဆီးပိတ်ပင်ရေး သဘောတူစာချုပ်လက်မှတ်ထိုးမထားတဲ့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံပဲ ဒီနှစ်ထဲ မြေမြှုပ်မိုင်းတွေ အသုံးပြုခဲ့တယ်လို့ နောက်ဆုံးထုတ် မြေမြှုပ်မိုင်း တားဆီးရေး နှစ်ပတ်လည် အစီရင်ခံစာမှာဖော်ပြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာ ကိုဇော်မိုးကျော်ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်