မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ဟာ နိုဝင်ဘာ ၁၆ ကနေ ၂၁ အထိ ၅ ရက်ကြာခရီးအတွင်း တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအရေးအပါအဝင် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းပြန်ရောက်ရေး တောင်ကိုရီးယားကိုတွန်းအားပေးဖို့လည်း ပါဝင်နိုင်တယ်လို့ တောင်ကိုရီးယားရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံသားတွေကို ဒေသတွင်းနိုင်ငံတွေက အတင်းအကျပ် နေရပ်ပြန်ပို့တာတွေ မလုပ်ကြဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အောက်တိုဘာ ၂၀ရက်က တိုက်တွန်းပြီးနောက် မလေးရှားကနေ ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်နားထားတယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ (မလေးရှား) ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုတဲ့ ၇နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၆ဖွဲ့ တက်ရောက်ဖို့ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဇော်မိုးကျော် က ပြောပြမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးမှာ နိုင်ငံရေး အကျဉ်းသား တွေတင်ဆောင်လာတဲ့ အချုပ်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က တိုက်ခိုက်ပြီး အကျဉ်းသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ဦးလွတ်မြောက်ပြီး ၆ ဦးကတော့ ပြန်လည်ပစ်ခတ်ဖမ်းဆီးခံရပါတယ်။
မြန်မာ့ရှေးဟောင်းအထင်ကရမြို့ ပုဂံမှာ ကျင်းပတဲ့ တရုတ်ဦးဆောင်တဲ့ ဒေသတွင်း ဖွင့်ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု လန်ချန်း - မဲခေါင် ၇ ကြိမ်မြောက်အစည်းအဝေးဟာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး အပေါ်ဘယ်လို သက်ရောက်မှုတွေရှိနိုင်ပါသလဲ။ ကိုဇော်မိုး ကျော်ကတင်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပါတယ်။ ခုလို အချိန်မှာဘဲ အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ တိုင်းရင်းသားအဖွဲ့တချို့နဲ့တွေ့တာတွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ တကယ်ဘဲ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဘက်ကို ဦးတည်လာနိုင်လား။
စစ်ကောင်စီတပ်တွေ မကြာသေးခင်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အရပ်သားတချို့ သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာလည်း စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေမှာ အကူအညီတွေ လိုအပ်နေပါတယ်။ လက်ယက်မ ကျေးရွာအနီးက ကျောက်တော ကျေးရွာကိုလည်း မီးရှို့ခံခဲ့ရ။
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကောင်စီက နယ်မြေရှင်းရေးလုပ်နေတဲ့ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာက ဒေသခံ ၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်ချမှတ်ထားရာကနေ သေဒဏ်ကို အကောင်အထည်ဖေါ်မယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်ပြည်ဆိုင်ရာ အမေရိကန်မူဝါဒကို ပြောကြားရာမှာ တရုတ်နဲ့ အပြင်းအထန်ပြိုင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း စစ်အေး တိုက်ပွဲကိုတော့ ဆင်နွှဲမှာမဟုတ်ဘူးလို့ ဝန်ကြီး Blinken ကပြောဆိုလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကဆက်လက်တင်ပြပါမယ်။
အမေရိကန်သမ္မတရဲ့ အရှေ့မြောက်အာရှ နှစ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ ရပ်တည်ချက်ကို ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ခိုင်မာတဲ့သန္နိဌာန်ကို ပြဖို့ကြိုးစားတာပါ။ William Gallo ပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကိုဗဟိုပြုစဉ်းစားနေတာ၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို အခြေပြုစဉ်းစားဆောင်ရွက်တာဟာ လက်တွေ့မကျနိုင်တော့ဘူးလို့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်က VOA ကို ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကိုဗဟိုပြုစဉ်းစားနေတာ၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို အခြေပြုစဉ်းစားဆောင်ရွက်တာဟာ လက်တွေ့ မကျနိုင်တော့ဘူးလို့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်က VOA ကို ပြောပါတယ်။
ဝါရှင်တန်မှာ ကျင်းပမယ့် အမေရိကန် အာဆီယံ အစည်းအဝေးမှာ နိုင်ငံတကာ အခင်းအကျင်းအရ မြန်မာအရေးကိုထိပ်တန်း ဦးစားပေး မဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ရလဒ်ပေါ်ထွက်ရေး NUG အနေနဲ့ တိုက်တွန်းနေတဲ့အကြောင်းအာဆီယံရေးရာ သံအမတ် ဦးဘိုလှတင့်က ပြောပါတယ်။ ကိုဇော်မိုးကျော်မေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် စာရေးဆရာတွေနဲ့ အသိပညာ အတတ်ပညာရှင်တွေ ထပ်မံဖမ်း ဆီးထောင်ချခဲ့ပြီး၊ တရုတ်၊ ဆော်ဒီအားရေဗီးယားတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ထိပ်တန်း ၃ နိုင်ငံဖြစ်လာခဲ့တယ်လို့ အမေရိကန် စာရေးဆရာများအသင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းမှာ ရုရှားတပ်တွေ ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဒေသတွေကို လူသားချင်းစာနာမှု အထောက်အကူတွေ ပေးနိုင်ဖို့နဲ့ ပိတ်မိနေတဲ့ အရပ်သားတွေ ထွက်ခွါနိုင်ဖို့ ဒေသအလိုက် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 ကို အမေရိကန် အေက်လွှတ်တော်ကနေ ဧပြီလ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေမူကြမ်း အတည်ဖြစ်လာဖို့ ဆောင်ရွက်ခဲ့တဲ့ ချင်းတိုင်းရင်းသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ပူးဇိုသုန်းမှုံ ကို-ကိုဇော်မိုးကျော် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ပဋိပက္ခတွေ ကူညီဖြေရှင်းရေးမှာ အာဆီယံနဲ့ ကုလသမဂ္ဂ ဘုံသဘောတူညီချက်၅ ရပ်ကိုအခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပေမယ့်အကြမ်းဖက်မှုတွေ လျော့ချနိုင်ရေး သိပ်ပြီး မျှော်လင့်နိုင်တဲ့ အနေအထားမရှိဘူးလို့ သုတေသီတချို့ က ပြောပါတယ်။ ဒီအကြောင်း ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်