မြောက်အန္တလန်တိတ်စာချုပ်မဟာမိတ်အဖွဲ့ NATO အကြီးအကဲ Jens Stoltenberg က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားလုပ်ရပ်ဟာ အဆင်ခြင်မဲ့လွန်းတာကြောင့် အမြန်ဆုံးရပ်သင့်ပြီလို့ ဒီနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး ရှုတ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အာရှအခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှုဘဏ် AIIB က ယူကရိန်း၊ ရုရှားနှစ်နိုင်ငံကြား စစ်ရေးတင်းမာနေလာနေတဲ့အခြေအနေကြောင့် ရုရှားနဲ့ ဘဲလာရုစ်နဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားမယ်လို့ မနေ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မတ်လ ၂၀ ကနေ ၂၃ အထိ မြန်မာနိုင်ငံကို လာတဲ့အခါ NLD ပါတီဝင်တွေနဲ့တွေ့ခွင့်ရကြောင်းပြောပေမယ့် အများစုက အဖမ်းခံထားရတာမို့ ဘယ်သူတွေနဲ့တွေ့မှာလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရုရှားတပ်တွေအနေနဲ့ ယူကရိန်းရဲ့အဓိကမြို့ကြီးတွေကို လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေပြီး ယူကရိန်းနယ်စပ်ကျော် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း ၁ သန်းကျော်လာချိန်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရန်သူရဲ့အစီအစဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာ စစ်ကောင်စီဘက်က နိုင်ငံရေးအရ ခန့်ထားသူမဟုတ်တဲ့ တာဝန်ရှိသူတဦးတက်ရောက်ဖို့ ဖိတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူတဦးက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ရုရှားနဲ့ဘဲလာရုစ်နိုင်ငံက အားကစားသမားတွေကို ဘေဂျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပေးတော့ဘူးလို့ နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ကော်မတီ (IPC) က ပြောလိုက်ပါတယ်။
တရုတ်ဘက်ခြမ်းက အကောက်ခွန်ရုံးဝန်ထမ်းတွေနဲ့ တရုတ်ယာဉ်မောင်းတွေမှာ ကိုဗစ်ရောဂါ ကူးစက်တာကို စစ်ဆေးတွေ့ရှိတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ဒီနေ့ကစလို့ ယာယီပြန်ပိတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ နောက်တကျော့ ဆွေးနွေးပြောဆိုဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောနေချိန်မှာပဲ ယူကရိန်းမြို့ကြီးအများအပြားကို ရုရှားတပ်ဖွဲ့တွေ ဒီကနေ့ဆက်ပြီး တိုက်ခိုက်နေပါတယ်။
“...စစ်တပ်က ဒီပုံစံတော့ လုံးဝ ပြောလို့မရဘူး။ အနည်းဆုံးတော့ ပြည်သူလူထုတောင်းဆိုချက်ဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးကနေ လုံးဝ စွန့်ခွာရမယ်ဆိုတာ ကတိခံဝန်ချက် ယူရမယ်။ ဒါကလည်း တကယ်ကို ပါးစပ်နဲ့ ပြောယုံနဲ့ မရဘူး။ အချိန်ဇယား သေချာဆွဲပြီးမှ လုပ်ရမယ်ကိစ္စဖြစ်တယ်။” (ပဒိုစောတာနီး- KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ )
ယူကရိန်း အကြပ်အတည်းတွေ အဆုံးမသတ်သေးသမျှ ၂၀၂၂ ကိန်းရုပ်ရှင် ပွဲတော်မှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို လက်မခံနိုင်ဘူးလို့ ပွဲတာဝန်ရှိသူတွေက မတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် ကျူးကျော်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို ဆန့်ကျင်တော်လှန်နေကြသူတွေထဲ ရုပ်ရှင်နဲ့အနုပညာလောကသားတွေပါဝင်ကြောင်းကိုတော့ အသိအမှတ်ပြုထားပါတယ်။
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ရုရှားကို ရှုတ်ချတဲ့ဆုံးဖြတ်ချက်မူကြမ်း ကမကထပြုရေးတဲ့ ကုလအဖွဲ့ဝင် ၉ ၄ နိုင်ငံမှာ မြန်မာနိုင်ငံက သံအမတ် ဦးကျော်မိုးထွန်းနဲ့ အာဖဂန်နိုင်ငံကလည်း ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ဒီနေ့ မဲခွဲဆုံးဖြတ်ဖို့ရှိပါတယ်။
စစ်အာဏာသိမ်း ဆန္ဒပြဆန့်ကျင်မှုတွေမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်နဲ့ ဒါရိုက်တာဝိုင်းတို့ ဒီကနေ့ ပြန်လွတ်လာပြီလို့ ဗွီအိုအေက အတည်ပြုရရှိပါတယ်။
“ကျနော်တို့ဟာ ကြုံလာသမျှအကျပ်အတည်းတိုင်းကို အခွင့်အလန်းအဖြစ် ပြောင်း ပစ်လိုက်နိုင်တဲ့ ကမ္ဘာပေါ်က တခုတည်းသော တိုင်းပြည်ပဲဖြစ်ပါတယ်” ( သမ္မတ ဂျိုး ဘိုင်ဒန်)
Burma Campaign UK ရဲ့ Dirty List ထပ်တိုးစာရင်းပြုစုထားတဲ့ ကုမ္ပဏီတွေက နိုင်ငံပေါင်း ၁၂ ခုကဖြစ်ပြီး ဂျပန်မှာ ၈ ခု၊ ဗီယက်နမ်မှာ ၈ ခု၊ အမေရိကန်မှာ ၃ ခုနဲ့ ရုရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယ၊ တရုတ်၊ ကနေဒါ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ တူရကီနဲ့ ထိုင်းနိုင်ငံတို့မှာ ကုမ္ပဏီတခုစီ ပါဝင်ပါတယ်။
Australia က ယူကရိန်းအတွက် ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက် ထောက်ပံ့ဖို့အတွက် ဒေါ်လာ သန်း ၅၀ အသုံးပြုမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲထားတဲ့အမှုကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာပါတယ်။
ရုရှားတပ်တွေက ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv နဲ့ မြို့တော်ကိဗ် ကို မြေပြင်နဲ့ ဝေဟင်ကနေ ဆက်လက်တိုက်ခိုက်နေပြီး ကိဗ် မြို့ကို မိုင် ၄၀ အထိ ရှည်တဲ့ ရုရှားတင့်ကားနဲ့ယာဉ်တန်းကြီးက ဆက်လက် ခြိမ်းခြောက်နေပေမယ့် ယူကရိန်းတွေက ကြံ့ကြံ့ခံဆဲ ဖြစ်ပါတယ်။
ရုရှားအစိုးရပိုင် RT နဲ့ Sputnik သတင်းတွေကို ဥရောပဒေသတွင်းမှာ အကန့်အသတ်လုပ်သွားမယ်လို့ Facebook နဲ့ Instagram လူမှုကွန်ယက်တွေကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ အမေရိကန်နိုင်ငံရေး အကွဲအပြဲကို ပေါင်းစည်းပေးတဲ့ အားတရပ်ဖြစ်လာနေသလား ဆိုတဲ့မေးခွန်းကို အမေရိကန်စံတော်ချိန် ဒီနေ့ညမှာ လွှတ်တော်မှာ ပြောကြားမယ့် သမ္မတဘိုင်ဒင်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်