ICC နိုင်ငံတကာ ပြစ်မူဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda အနေနဲ့ တာဝန်စယူခဲ့တဲ့ ၂၀၁၂ ကနေစပြီး ဆိုးဝါးမူတွေကြုံခဲ့တဲ့ မာလီ၊ ကိုလမ်ဘီယာနဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတွေကို အချိန်ပေးသွားရောက်ခဲ့ရပေမယ့်၊ မရောက်ဖို့များတဲ့ နိုင်ငံကတော့ အမေရိကန်ပါ။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဒီသင်္ကြန်ပွဲတော်ဟာ မြန်မာပြည်သူလူထုအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းတဲ့ အားလပ်ရက်ဖြစ်စေကြောင်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုမလုပ်ဖို့မြန်မာအစိုးရနဲ့တပ်မတော်ကိုကုလတောင်းဆိုလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာမြန်မာစစ်တပ်ကရဟတ်ယာဉ်တွေသုံးပြီးတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားသေဆုံးမှုရှိခဲ့တာနဲ့ပတ်သက်လို့လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးက Ravina Shamdasani ကို Ira Mellman မေးမြန်းထားပါတယ်။
ဆူဒန်နိုင်ငံမှာတော့ စစ်တပ်က လက်ရှိအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီး၊ သမတ Omar al-Bashir ကို ဖမ်းဆီးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။
အင်တာနက်မှာ အချက်အလက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange ကို ဗြိတိသျှ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ Ecuador အစိုးရက ခိုလှုံခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်တော့ ဗြိတိန်ရဲတပ်ဖွဲ့က Ecuador သံရုံးထဲမှာပဲ သူ့ကို ဖမ်းဆီးခဲ့တာပါ။
ဗြိတိန်နိုင်ငံ EU ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ဖို့ ၄၈ နာရီတောင် မလိုတော့တဲ့ အချိန်မှာပဲ ဗြိတိန်- EU ကနေ နုတ်ထွက်မယ့် ရက်ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးပေးမယ်လို့ EU ဘက်က ကမ်းလှမ်းလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲ ဒီနေ့ စတင်ပါပြီ။ ရက်သတ္တပတ် ၅ ပတ် ကြာမြင့်မယ့် ဒီရွေးကောက်ပွဲကနေ ပါလီမန်သစ် တရပ်နဲ့ ဝန်ကြီးချုပ် တဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Pathuwan မှာရှိတဲ့ နာမည်ကြီး Central World ကုန်တိုက်ကြီးနဲ့ တွဲလျက်ရှိနေတဲ့ ဟိုတယ်ရဲ့ ၈ ထပ်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ Likud ပါတီနဲ့ မဟာမိတ်ပါတီတွေဖြစ်ကြတဲ့ အမျိုးသားရေးနဲ့ ဘာသာရေးပါတီတွေ အသာစီးရနေတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ ၅ ကြိမ်မြောက် အာဏာရဖို့ ဗုဒ္ဓဟူးနေ့မှာ အခွင့်အလန်း ပိုများနေပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို UNESCO က ချီးမြှင့်တဲ့ Guillermo Cano သတင်းလွတ်လပ်ခွင့်ဆု - UNESCO/Guillermo Cano Press Freedom Prize ဆုကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
အစ္စရေးနိုင်ငံမှာ မနေ့ကကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu ကရော သူ့ရဲ့ပြိုင်ဘက် အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz ကရော အနိုင်ရတယ်လို့ပြောနေကြပါတယ်။
အထူးစစ်ဆေးရေးမှူး Mueller ရဲ့ အစီရင်ခံစာကောက်နှုတ်ချက် အကျဉ်းချုပ်ကို ထုတ်ပြန်ပေးခဲ့ချိန် ကစပြီး ဒီမိုကရက်တွေရဲ့ ဝိုင်းဝန်းဝေဖန်မှုကို ခံနေရတဲ့ ရှေ့နေချုပ်ဟာ အခု ပထမဆုံးအဖြစ် အောက်လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
Trump အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာမူဝါဒတွေကို ကြီးကြပ်ခဲ့သူ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen ဒီသီတင်းပတ်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်တာကြောင့် Trump အစိုးရအဖွဲ့ထဲက ရာထူးအကြီးဆုံးနဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး နေရာတခု လစ်လပ်သွားမှာ ဖြစ်ပါတယ်။
စစ်သွေးကြွ အယောက် ၆၀၀ ကျော်ဟာ သူတို့ရဲ့ လက်လုပ် သေနတ်တွေနဲ့ လက်နက်တွေကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲအရာရှိတွေဆီ တရားဝင် ပေးအပ်မယ့် အခမ်းအနားကို အားကစားကွင်းတခုမှာ ကျင်းပမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့်မြင့် အရာရှိကြီးတွေ အစည်းအဝေးအပြီး ဒီကနေ့ရက်စွဲနဲ့ ပူးတွဲ သတင်းထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာပါ။ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ အတိအကျ ဖော်ပြမထားပါဘူး။
နီပေါနိုင်ငံမှာတော့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကြီး အမြင့်ကို ထပ်တိုင်းနိုင်ဖို့ အစိုးရ ရွေးချယ်ထားတဲ့ တောင်တက်အဖွဲ့တစ်ခုကို စေလွှတ်တော့မယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။
အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံရဲ့ သြဇာအကြီးဆုံး လုံခြုံရေး အဖွဲ့ အီရန် တော်လှန်ရေး ပြည်စောင့်တပ် IRGC ကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရက ပထမဆုံး အကြိမ်အဖြစ်နဲ့ နိုင်ငံခြား အစိုးရ အစိတ်အပိုင်းတခုကို အကြမ်းဖက်ဝါဒစွဲ အဖွဲ့အဖြစ် သတ်မှတ်ဖို့ ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး A.K. Abdul Momen တို့ တနလာၤနေ့က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံတာမှာ မြန်မာ့ အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
Rwanda နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုု ဖြစ်ပွားခဲ့တဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ခုလိုအဖြစ်မျိုး ထပ်မဖြစ်စေရဘူးလို့ သမ္မတ Paul Kagame က ကတိပြုခဲ့ပါတယ်။
ငွေကြေး မမှန်မကန်လုပ်မှုတွေ တရားစွဲဆိုခံထားရတဲ့ ဂျပန်နိုင်ငံက Nissan ကားကုမ္မဏီ အကြီးအကဲဟောင်း Carlos Ghosn နဲ့ အလုပ်အမှုဆောင် အမေရိကန်လူမျိုး Greg Kelly တို့ကို Nissan ကုမ္မဏီက ထုတ်ပယ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်