မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းခြေတခုနားမှာ ရိုဟင်ဂျာ ၃၀ ကျော်ကို တေ့ွရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ သင်္ဘောတွေနဲ့ ရှိနေသေးတဲ့ ရိုဟင်ဂျာ ၂၀၀ လောက်ကို မလေးရှား အာဏာပိုင်တွေ လိုက်လံ ရှာဖွေနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ ၃၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးတဲ့ ဒေါက်တာ Shyam-babu Subudhi က အခုလာမယ့် ရွေးကောက်ပွဲမှာလည်း သူဝင်ပြိုင် ဦးမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံက ဖေါ်ဆောင်နေတဲ့ OBOR ခါးပတ်လမ်း စီမံကိန်းနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ သဘောထားပါ ကြေညာချက် တစောင်ကို ပြင်သစ်နိုင်ငံ Dinardမြို့မှာကျင်းပနေတဲ့ G7 စက်မှုထိပ်သီး(၇)နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Kirstjen Nielsen ရာထူးက နုတ်ထွက်သွားပါတယ်။
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီကို သိမ်းယူနိုင်ရေး အတွက် စစ်တပ် တပ်မှူး ဗိုလ်ချုပ်ကြီး Khalifa Haftar ရဲ့ သစ္စာခံ တပ်ဖွဲ့တွေ ဆက်ပြီး ထိုးစစ်ဆင်နေချိန်မှာ အရပ်သားတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်နိုင်ရေး မြို့တော် အစွန်ပိုင်းမှာ ၂ နာရီကြာ အပစ်ရပ်ပေးဖို့ ကုလဘက်က အရေးပေါ် ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနဲ့ နယ်စပ်အနီး ဘင်္ဂလားဒေရှ့် တောင်ပိုင်း ကျွန်းတခုမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် လက်နက်အပြည့်အစုံနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို တနင်္ဂနွေနေ့မှာ တပ်ချထားကြောင်း ဘင်္ဂလားဒေရှ့် အရာရှိတွေက ပြောပါတယ်။
အိန္ဒိယဘက်က စစ်ရေးတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ အပေါ်နိုင်ငံတကာက သံတမန်ရေးအရ ကြားဝင် အကူညီပေးကြဖို့ ပါကစ္စတန်နိုင်ငံက ပြောလိုက်ပါတယ်။ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပျက်ပျားစေမယ့် အိန္ဒိယရဲ့ ဒီလုပ်ရပ်အပေါ် နိုင်ငံတကာက အရေးပေါ် တားဆီးပေးကြဖို့ ပါကစ္စတန်က တောင်းဆိုတာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ပြုံးယမ်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ဒီကနေ့မှာ ကျင်းပခဲ့ပြီး၊ ပြည်ပကနေလာပြီး ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အပျော်တမ်းအပြေးသမား ၁၀၀၀ လောက် ဝင်ပြိုင်ခဲ့ကြပါတယ်။
အမျိုးသားနဲ့ လူငယ်တွေအနေနဲ့ နောက်ချန်နေခဲ့ကြပြီး မြို့ထဲ ရေမဝင်အောင် ရေကာတဲ့ တံတိုင်းတွေ ဆောက်ရာမှာ ကူညီဖို့ တောင်းဆိုတဲ့အကြောင်း ပြည်နယ်အကြီးအကဲ Gholamreza Shariati က အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းက တဆင့် ပြောဆိုလိုက်ပါတယ်။
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က သူသာ နောက်ထပ် သက်တမ်း ထပ်ပြီး အနိုင်ရခဲ့ရင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ အစ္စရေးလ် အခြေချ အိမ်ယာတွေ တိုးချဲ့ မယ်လို့ စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
လစ်ဗျား အရှေ့ပိုင်း စစ်တပ် တပ်မှူး ဗိုလ်ချုပ်ကြီး Khalifa Haftar ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက မြို့တော် Tripoli တောင်ပိုင်းက နိုင်ငံတကာ လေဆိပ် အပါအဝင် မြို့တော် အစွန်ပိုင်းတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိနေပါတယ်။
သတင်းထောက်တွေအပေါ် အကြမ်းဖက်မှုက ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပြီလို့ Mr. Hunt က ပြောပါတယ်။ ဒီရာထူးကို ရတဲ့အတွက် အင်မတန် ဂုဏ်ယူမိကြောင်း Amal Clooney က ပြောပြီး ဒီရာထူးအတွက် လခယူသွားမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မကြာမီနာရီပိုင်းအတွင်းမှာပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ဧပြီလ (၆)ရက် စနေနေ့ ဒေသစံတော်ချိန် ၄ နာရီကနေ ၇ နာရီအတွင်း ကျင်းပမှာပါ။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ရှိ Ecuador သံရုံးမှာ ခိုလှုံနေတဲ့ WikiLeaks website ထူထောင်သူ Julian Assange ကို သံရုံးထဲကနေ နာရီပိုင်းအတွင်းမှာပဲ နှင်ထုတ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာလို့ သူ့ကိုဖမ်းဖို့ သံရုံးရှေ့မှာ ရဲတွေ အဆင်သင့်စောင့်နေကြပါတယ်။
ဘန်ကောက်မြို့က ရဲစခန်းကို ရောက်လာချိန်မှာတော့ သူ့ကိုထောက်ခံအားပေးသူတွေက သူ့ရဲ့နာမည်ကို အော်ဟစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး တပတ်အကြာမှာ သူ့အပေါ် အခုလိုတရားစွဲဆိုလိုက်တာဟာ နိုင်ငံရေးအရဖြစ်တယ်လို့ Future Forwardပါတီကို တည်ထောင်ခဲ့တဲ့ Thanathornက ပြောပါတယ်။
ရဝမ်ဒါနိုင်ငံမှာ လူ ၈ သိန်းကျော် သေဆုံးခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပေါ်ခဲ့တာ ဒီကနေ့ ဆိုရင် ၂၅ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလူမျိုးတုန်း သတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ အဆိုးဆုံး လူမျိုးတုန်း သတ်ဖြတ်မှုတွေထဲက တခု ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၁၅ ယောက်ကို မလေးရှားနိုင်ငံကို လူကုန်ကူးမယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့်ရှ်ရဲတပ်ဖွဲ့က မနေ့က သောကြာနေ့က တားဆီးနိုင်လိုက်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီရေကြောင်း ကျွမ်းကျင်သူတွေကပဲ ခုလို တရုတ်ဘက်က လျို့ဝှက်ထားချင်ရတာက နိုင်ငံတကာ ဥပဒေတွေကို မယုံကြည်တာနဲ့ သူ့ဘက်က ထိန်းချုပ်ဖို့ အရေးပါတဲ့ ပင်လယ်လမ်းကြောင်းနေရာတွေကို ဆက်ထိန်းချုပ်ထားနိုင်ဖို့ ဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။
နယ်စပ်စစ်ဆေးရေးတပ်သားတွေ အောက်လွှတ်တော်အမတ်တွေနဲ့ Trump အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ သမ္မတ Trump က ဒီဒေသထဲ နယ်စပ်တံတိုင်းကာတဲ့နည်းနဲ့ အပြင်ကလူတွေ တိုင်းပြည်ထဲ ဝင်မလာအောင် တားဆီးရာမှာ တိုးတက်မှုတွေရနေပြီလို့ မနေ့က ချီးကြူးလိုက်ပါတယ်။
ပါကစ္စတန်ခရီးစဉ်မတိုင်ခင် အရင်သွားခဲ့တဲ့ ငါးရက်ကြာ အာဖဂန်နစ္စတန်ခရီးစဉ်မှာ Zalmay Khalilzad ဟာ အစိုးရ ထိပ်တန်းအရာရှိတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ အရပ်အဖက် အခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ မြို့တော် Kabul မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်