နောက်ဆုံးနှုတ်ထွက်ရမယ့်ရက်ကို ၂၀၁၉ ဂျွန်လ ၃၀ ရက်သတ်မှတ်ပေးဖို့ ဝန်ကြီးချုပ် May က ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဆီကို ဒီနေ့ပဲစာရေးသားပေးပို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်အရပ်သားတွေ ထိခိုက်သေကျေခဲ့ရတဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရကြောင်း ကုလ အထူးကိုယ်စားလှယ် ၅ ဦးရဲ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး ဒီကြေညာချက်ဟာ အိန္ဒိယအပေါ် အမြင်မှားစေအောင် လုပ်ဆောင်တာ ဖြစ်ပြီး မှန်ကန်မှုလည်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
အမေရိကန် အနေနဲ့ ဗီယက်နမ်နိုင်ငံကို ဒီနှစ်ထဲ နောက်ထပ် လေယာဉ်တင်စစ်သင်္ဘောတစ်စီး ထပ်မံလည်ပတ်စေဖို့ သဘောတူညီမှုရရေး မျှော်လင့်နေပါတယ်။
သမ္မတ Trump က ဒီနယ်စပ်ကို ပိတ်မှာဖြစ်ကြောင်း သူ့တွစ်တာကနေ ရက်အတော်ကြာ ပြောဆိုနေတဲ့အတွက် ဒီလိုပိတ်ပစ်ရင် ကမ္ဘာ့အကြီးဆုံးအမေရိကန်စီးပွါးရေး အတွက် သိသိသာသာသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတအိမ်ဖြူတော် စီးပွားရေးအကြံပေးတွေနဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေက သမ္မတကို သတိပေးနေကြတာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး ညှိနှိုင်းမှု ဒီသတင်းပတ် အတွင်း ဝါရှင်တန် မြို့တော်မှာ ပြန်လည် စတင်ခဲ့ပြီးတဲ့နောက် တိုးတက်မှုတွေ ဆက်တိုက် ရရှိနေတယ်လို့ အိမ်ဖြူတော် စီးပွားရေး အကြံပေး Larry Kudlow က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ NATO မဟာမိတ် အဖွဲ့ဟာ ရုရှားရဲ့ စစ်အေးတိုက်ပွဲ အသစ်တခု စတင်ရမယ့် အရေးထက် စစ်ရေးကျူးကျော်မှုကို ဟန့်တားရမယ့် အရေး အလေးထားကြရလိမ့်မယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာကျောင်းသူကျောင်းသား အများအပြားကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေက ကျောင်းတွေကနေ ထုတ်ပစ်လိုက်တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့ တစ်ခုက ကန့်ကွက်လိုက်ပါတယ်။
မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေးမှာ အကြီးစားရွှေလုပ်ကွက်တွေ ရယူလုပ်ကိုင်ခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူလိုက်ပါတယ်။
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေနဲ့ ပတ်သက်လို့ အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ အပြည့်အစုံကို တင်ပြဖို့ တောင်းဆိုမယ့် အစီအစဉ်တရပ်ကို အောက်လွှတ်တော် တရားရေးကော်မတီမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
တရားဝင် အထောက်အထား မရှိပဲ အိန္ဒိယနိုင်ငံကို ရောက်လာသူတွေအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ဖခင်ဖြစ်သူနဲ့ ကလေး ၂ ယောက်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တဲ့ အပေါ် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ရှုတ်ချခဲ့ကြသလို၊ နောက်ထပ် အလားတူ ပို့ဆောင်တာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ထိုင်းနဲ့မြန်မာနိုင်ငံအကြား ပထမဆုံး လက်ကိုင်ဖုန်းငွေလွှဲစနစ်ကို စတင်ဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံ Krungthai ဘဏ်နဲ့ မြန်မာနိုင်ငံ ရွှေ ကျေးလက်နဲ့မြို့ပြဖွံဖြိုးရေးဘဏ်တိုအကြား ပထမဆုံး နယ်စပ်ဖြတ်ကျော် ငွေလွှဲလုပ်ငန်းကို စတင်ဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Theresa May က ဥရောပသမဂ္ဂ EU ကနေ ဗြိတိန် နုတ်ထွက်ရေး သတ်မှတ်ချက်တွေအပေါ် ဗြိတန်ပါလီမန်မှာ သဘောတူဆုံးဖြတ်ချက်ရရေး အချိန်ပိုရဖို့၊ ဒီနုတ်ထွက်မယ့်ရက် နောက်တကြိမ် ထပ်ရွှေ့ပေးဖို့ EU ကို တောင်းဆိုသွားမယ်လို့ ဆိုလိုက်ပါတယ်။
အပြစ်အနာအဆာ လုံးဝကင်းစင်ပြီး ရှားပါးလှတဲ့ ၈၈.၂၂ carat ရှိ ဘဲဥပုံ သွေးထားတဲ့ စိန်တုံးကြီးကို Soetheby ရဲ့ ဟောင်ကောင် လေလံတင် ရောင်းချပွဲမှာ ကျောက်မျက်ရတနာ စုဆောင်းသူ ဂျပန်အမျိုးသားတဦးက အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ပေးပြီး အင်္ဂါနေ့က ဝယ်ယူလိုက်ပါတယ်။
အယ်လ်ဂျီးရီးယား သမ္မတ Abdelaziz Bouteflika ဟာ ရာထူးကနေနုတ်ထွက်သွားပြီလို့ အစိုးရသတင်းဌာန APS မှာ အင်္ဂါနေ့က ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမြို့ ချင်းမိုင်မှာ အဆိုးဝါးဆုံး မီးခိုးမြူတွေပြဿနာကို ထိုင်းစစ်တပ်အကြီးအကဲPrayut Chan-ocha က ဒီကနေ့မှာ ကိုယ်တိုင်သွားရောက်လေ့လာပြီးတဲ့နောက် လေထုညစ်ညမ်းမှုပြဿနာ အဖြေရှာရေး ၇ ရက် အချိန်ပေးလိုက်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်နေတာမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က အရပ်သားတွေအတွက် များစွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ အရထုတ်ပြန်တဲ့ အဲဒီ ညမထွက်ရအမိန့်ကို ဒီကနေ့ကစပြီး ၂ လကြာထိ အတည်ဖြစ်တဲ့အကြောင်း အမိန့်စာမှာ ဖော်ပြ ထားပါတယ်။
အိန္ဒိယနိုင်ငံရေးပါတီတွေ ဒါမှမဟုတ် ပါကစ္စတန် စစ်ဘက်နဲ့ အဆက်အစပ်ရှိတဲ့ Facebook အကောင့်နဲ့ စာမျက်နှာ ရာပေါင်း များစွာကို Facebook က ပိတ်ပစ်လိုက်ပါတယ်။ “ပူးပေါင်းကြံစည်ထားတဲ့ အတုအယောင် အပြုအမူ ဒါမှမဟုတ် မသင့်လျော်တဲ့ လုပ်ရပ်” တွေကြောင့် ပိတ်လိုက်တာလို့ Facebook က အကြောင်းပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို လေကြောင်းကနေထွက်ခွာဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဟန်ဆောင်ပြီး ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာ (၄) ဦးကို တနင်္ဂနွေနေ့က ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်