အမေရိကန်အောက်လွှတ်တော်မှာ အများစုရထားတဲ့ ဒီမိုကရက် အမတ်တွေက ရုရှားရဲ့၂၀၁၆ ခုနှစ် ကန်သမ္မတ ရွေးကောက်ပွဲ ထဲ ဝင်စွက်ခဲ့မှု ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံနဲ့၊ ယခင်အိမ်ဖြူတော်အရာရှိဟောင်း (၅) ဦးထွက်ဆိုချက်ထားတွေကို ထုတ်ပြန်ပေးရေး တရားရေး ကော်မတီ ဥက္ကဋ္ဌ ဆင့်ခေါ်စာပို့နိုင်ဖို့ ဒီအပတ်ထဲ ကြိုးပမ်းဖို့ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်လက်ခံတဲ့ အစီအစဉ်စတင်ခဲ့ချိန်ကစပြီး အခု ၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ နှစ်လည်ကို ရောက်လာချိန်အထိ ဆိုရင် လာရောက်သူဟာ သမိုင်းတင် အနည်းပါးဆုံး ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ AA အဖွဲ့တု့ိကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ INGOs အဖွဲ့အစည်း ၁၆ ဖွဲ့ ကာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ သမ္မတ Recep Tayyip Erdogan ရဲ့ AKP ပါတီက သိသိသာသာ ရှုံးနိမ့်ခဲ့ပါတယ်။ မြို့တော် Ankara အပါအဝင် နိုင်ငံတဝန်း အရေးပါတဲ့မြို့တွေမှာ ရှုံးခဲ့ပါတယ်။
တူရကီ နိုင်ငံမှ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာတော့ သမ္မတ Recep Tayyip Erdogan ရဲ့ ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။ မြို့တော် အန်ကာရာမှာ အတိုက်အခံပါတီက အနိုင်ရဖို့ များနေပြီး အရေးကြီးတဲ့ မြို့ကြီးတွေမှာလည်း သမ္မတ Erdogan ရဲ့ ပါတီဘက်က ရှုံးနိမ့်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားက မူးယစ်မှောင်ခို အရောင်းဝယ်နဲ့ ထင်ရှားတဲ့ Teknaf မြို့မှာ ရိုဟင်ဂျာအမျိုးသမီးတယောက်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် ခဲ့ကြောင်း တာဝန်ခံ အရာရှိတွေရဲ့ တနင်္ဂနွေနေ့က ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ လက်ရှိ Heisei ခေတ် ကနေ အိမ်ရှေ့စံမင်းသား Naruhito နန်းတက်တာနဲ့အတူ ပြောင်းမယ့် ခေတ်နာမည်အသစ်ကို ဒီကနေ့ မေလ ၁ ရက်နေ့ ဂျပန်စံတော်ချိန် မနက် ၁၁ နာရီခွဲမှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ကြေညာမယ့်အကြောင်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ Guatemala , Honduras , El Salvador နိုင်ငံတွေကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်တန့်လိုတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က အတည်ပြုပြောဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းက စပိန်နိုင်ငံ Madrid မှာရှိတဲ့ သူတို့ သံရုံး ဝင်စီးနင်းခံရတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ မြောက်ကိုရီယားနိုင်ငံက တောင်းဆိုပါတယ်။
ဗဟို အမေရိကတိုက် နိုင်ငံတွေ ဖြစ်တဲ့ El Salvador၊ Guatemala နဲ့ ဟွန်ဒူးရပ်စ် နိုင်ငံသုံးခု အပေါ် အမေရိကန် အထောက်အပံ့ ဖြတ်တောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု North Dakota ပြည်နယ်မှာ တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ ကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ် ၆၆ သန်းတုန်းက ဧရာမ ဥက္ကာခဲကြီးက အခုခေတ် မက္ကဆီကို နိုင်ငံရှိတဲ့ ဒေသကို ဝင်တိုက်ခဲ့တဲ့ အကြောင်း ကမ္ဘာတဝှမ်း သိပ္ပံပညာရှင် ၁၂ ယောက်ပါတဲ့ အဖွဲ့က အတည်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ဒီနှစ်အတွက် ချယ်ရီပန်းအပွင့်အစုံဆုံးအချိန်က ဧပြီလ ၂ ရက်နေ့ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဧပြီလ ပထမအပတ်က အလှဆုံး အပွင့်အစုံဆုံးအချိန် ဖြစ်မှာပါ။ အပွင့်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း ဒီအချိန်မှာ ပွင့်ကြမယ်လို့ ခန့်မှန်းရပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံ နယ်စပ်ကို ရက်ပိုင်းအတွင်း ပိတ်ပစ်နိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ Donald Trump က သတင်းထောက်တွေကို မနေ့ သောကြာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေ ဆက်ပြီးဝင်လာနေတဲ့အပေါ် သမ္မတ Trump စိတ်အနှောင့်အယှက် ဖြစ်နေတာပါ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ဘက်တောထဲက ရွှံ့ရေအိုင်ထဲမှာ ရက်နဲ့ချီ နွံနစ်နေကြတဲ့ ဆင်ပေါက်ကလေး ၆ ကောင်ကို ထိုင်းသစ်တောအဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှုကို တားမြစ်တဲ့ဥပဒေတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့တုန်း က တခဲနက်ဆုံးဖြတ်ချက်ချအတည်ပြုခဲ့ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေမှာ ဒီဥပဒေတွေကိုပြဌာန်းဖို့ ပထမဦးဆုံးအကြိမ် ချခဲ့တဲ့ ဆုံးဖြတ်လည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု မနေ့က ဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့် သေဆုံးရသူအရေအတွက်က ၁၉ ရှိသွားပါပြီ။
နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေအရှိန်အဟုန်မြင့်မားလာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaidoရဲ့ အစိုးရလုပ်ငန်း လုပ်ပိုင်ခွင့်သက်တမ်း၁၅ နှစ်ကို ရုပ်သိမ်းတယ်လို့ ဗင်နီဇွဲလားရဲ့လက်ရှိသမ္မတ နီကိုးလပ်စ် မာဒူရိုက မနေ့ကပဲကြေညာလိုက်ပါတယ်။
အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေသေးတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Robert Abrams က ပြောဆိုပါတယ်။
မကြာသေးခင်က ဗင်နီဇွဲလားနိုင်ငံကို ရုရှားတပ်သားတွေ ရောက်သွားတဲ့နောက်မှာ အမေရိကန်သမ္မတ Donald Trump က ရုရှားတွေ ဗင်နီဇွဲလားနိုင်ငံကနေ ထွက်သွားဖို့ ပြောကြားလိုက်ပါတယ်။
ဟောလီဝုဒ် ရုပ်ရှင်အကယ်ဒမီဆုနဲ့ Golden Globe ဆုရ နာမည်ကြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Nicolas Cage ဟာ Jiu Jitsu ကို Sc-fi ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာ အဓိက သရုပ်ဆောင် အဖြစ် ပါဝင်မှာဖြစ်ပြီး ဒီရုပ်ရှင်ရဲ့ အခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးမှာ ဖြစ်တယ်လို့ Variety.com မှာဖေါ်ပြ ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်