အိန္ဒိယနိုင်ငံက ဂြိုလ်တုဖျက် မစ်ဇိုင်းဒုံးတစင်းကို အာကာသထဲမှာ အောင်မြင်စွာ စမ်းသပ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဒါဟာ အာကာသဆိုင်ရာ အစီအစဉ်တွေထဲက အောင်မြင်မှုကြီး တရပ် ဖြစ်တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာ ၅၀၀ အနက် အနည်းဆုံး ၂၅၅ နေရာကို အနိုင်ရခဲ့ကြောင်းလည်း Pheu Thai ပါတီက ဝန်ကြီးချုပ်သစ်အဖြစ် လျာထားခံထားရတဲ့ Sudarat Keyuraphan က ဒီကနေ့ပဲ ဘန်ကောက်မြို့တော်မှာ ကြေညာလိုက်တာပါ။
အမေရိကန် သမ္မတ Donald Trump ရဲ့ နိုင်ငံ တောင်ပိုင်း နယ်စပ်မှာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာချက်ကို ပယ်ဖျက်နိုင်ရေး အောက်လွှတ်တော်မှာ အင်္ဂါနေ့က မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ၂ ဖက်ရှေ့နေတွေက အင်္ဂါနေ့မှာ လျှောက်လဲချက်တွေ တင်ပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Burgener နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အင်္ဂါနေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်တိုက်ပွဲတွေ ကိစ္စ အပါအဝင် စစ်ဘေးစစ်ရှောင်တွေ အရေး ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ်ကနေ တက်လာမယ့် အစိုးရသစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်မှာ သူ ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ပြောလိုက်ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်တဲ့ကိစ္စ စုံစမ်းစစ်ဆေးမှု ဖြစ်လာအောင် လုပ်ခဲ့တဲ့ လူတွေနဲ့ အပြင်းအထန် ဝေဖန်ပြောဆိုသူတွေကို ပြန်ပြီး စုံစမ်းစစ်ဆေးမယ်လို့ သမ္မတ Donlad Trump နဲ့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တွေက တနင်္လာနေ့မှာ အခိုင်အမာ ပြောထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေထဲက လူဦးရေတသိန်းကို လူမနေတဲ့ ကျွန်းတခု ဆီပြောင်း ရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကစီစဉ်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ဘယ်လိုကူညီနိုင်မလဲဆိုတာကို စုံစမ်းလေ့လာနေပါတယ်။
“မြန်မာနိုင်ငံမှာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အစိုးရတပ်နဲ့ ရခိုင်တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေးရသူ ၁၆၀၀၀ ကျော်နေပြီလို့ ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။ "
New Zealand နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုတိုက်ခိုက်ခံရတာနဲ့ ပါတ်သက်လို့ အဆင့်မြင့် စုံစမ်း စစ်ဆေးမှုလုပ်နေကြောင်း ဝန်ကြီးချုပ် Jacinda Ardern က ဒီကနေ့ ကြေညာလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး မြေအောက်ရထားလိုင်းကို တနင်္ဂနွေနေ့က ဂျကာတာမြို့တော်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ေ
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟယ်လ်မန်း ပြည်နယ်တွင်း တာလီဘန်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အစိုးရ တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ ကျဆုံးကြောင်း အာဖဂန် အစိုးရ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မတ်လ ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကနဦးရလဒ်တွေ အရ စစ်တပ်ထောက်ခံတဲ့ ပါတီက အသာစီးရနေတာကြောင့် စစ်တပ်အကြီးအကဲ ဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ပဲ အာဏာဆက်မြဲဖို့ ရှိနေပါတယ်။
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့မှာ ဓာတ်ငွေ့အိုးတွေနဲ့ ယမ်းတွေ ပေါက်ကွဲတာကြောင့် ၁၆ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရထားကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။
၂၀၁၆ ကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် စွက်ဖက်ခဲ့မှုမှာ ကန်သမ္မတ Trump၊ နောက် သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အဖွဲ့ရော၊ ပတ်သက်ဆက်နွယ်သူတွေရော ပူးပေါင်းကြံစည်မှု မရှိဘူးလို့ အထူးစုံစမ်းရေးမှူး Mueller က ပြောဆိုတဲ့ အကြောင်း ရှေ့နေချုပ် Barr ရဲ့ တနင်္ဂနွေနေ့ထုတ် အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံ အနောက်ဘက် ကမ်းလွန်ပင်လယ်မှာ လှိုင်းကြမ်းနေလို့ ဒုက္ခတွေ့နေတဲ့ ပင်လယ်ကူး ် Cruise သဘောၤကြီးပေါ်ကလူ ၁၃၀၀ လောက်ကို ကယ်တင်နိုင်ရေး အတွက် ကယ်ဆယ်ရေးလုပ်သားတွေ အပုူတပြင်းဆောင်ရွက်နေကြပါတယ်။
မိုဇမ်ဘစ်နိုင်ငံ Beira ဆိပ်ကမ်းမြို့ကို Idai ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားပြီး ၁၀ ရက်အကြာမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြည့်အ၀ ပြန်လုပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အထွေထွေ ရွေးကောက်ပွဲ စတင် ကျင်းပပါပြီ။ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ လက်ရှိ ဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ဆက်ပြီး အာဏာရယူထားဖို့ မျှော်လင့်နေတာပါ။
ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးမှာ မနေ့ စနေနေ့မှာ စစ်သွေးကြွတွေက အသေခံ ကားဗုံးခွဲပြီးနောက် အစိုးရရုံးတွေကို ဝင်ရောက် တိုက်ခိုက်တာကြောင့် ဒုတိယ ဝန်ကြီး တဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
Baghuz မြို့ပေါ်မှာ ညစဉ်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြပြီးနောက် စနေနေ့ မနက်မှာတော့ နောက်ဆုံး လက်ကျန် IS စစ်သွေးကြွ တိုက်ခိုက်ရေး သမားတွေနဲ့ သူတို့ မိသားစုတွေရဲ့ စွန့်ပစ်စခန်းတွေနဲ့ ရိက္ခာတွေ မီးလောင်နေတဲ့ ကားတွေသာ ပြန့်ကျဲ ကျန်ရစ်ပါတော့တယ်။
နောက်ထပ်ကြည့်ရှုရန်