တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jiangsu ပြည်နယ်တွင်းက ဓာတုစက်ရုံတခု ကြာသပတေးနေ့နှောင်းပိုင်းက မီးလောင် ပေါက်ကွဲခဲ့ရာမှာ သေဆုံးသူပေါင်း ၆၄ ဦး ထိရှိသွားပြီလို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။
နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုမှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပြီး သီတင်းတပတ်အကျော်မှာပဲ အဲဒီဗလီတွေကို ပြန်ဖွင့်လိုက်ပါပြီ။ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၅၀ ထဲမှာ အယောက် ၄၀ သေဆုံးခဲ့ရတဲ့ Al Noor ဗလီမှာတော့ ကြောက်စရာ အဖြစ်ဆိုးတွေဖြစ်ခဲ့တဲ့ လက္ခဏာတွေ ဒီကနေ့စနေနေ့မှာ သိပ်မတွေ့ရတော့ပါဘူး။
ဂိုလန်ကုန်းမြင့်ဒေသဟာ အစ္စရေးရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအောက်မှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်နေကြပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသားနေ့အတွက် နှုတ်ခွန်းဆက်နဲ့ ဆုမွန်ကောင်းသဝဏ်လွှာကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အမျိုးသားနေ့အကြိုမှာ ပေးပို့ခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က မနေ့ကပဲ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၆ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိမရှိဆိုတာနဲ့ သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ရုရှားက ပါဝင်မှုရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှုး Robert Muller ရဲ့ အစီရင်ခံစာပြီးဆုံးသွားပါပြီ။
IS အုပ်စုကို ၁၀၀ ရာခိုင်နှုန်း နှိမ်နင်းနိုင်တဲ့အကြောင်း သောကြာနေ့မှာ အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့ပြီး မကြာခင်မှာပဲ မြေပြင်မှာ ထိုးစစ်ဆင်နေတဲ့ အမေရိကန် ထောက်ခံပံ့ပိုးပေးထားတဲ့ တပ်ဖွဲ့ဝင်တွေကတော့ Trump ရဲ့ အဆိုကို ငြင်းဆန်ခဲ့ပါတယ်။
အီရတ်နိုင်ငံ Mosul မြို့နားက Tigris မြစ်ထဲမှာ ခရီးသည် မတန်တဆ တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတိမ်းမှောက်ခဲ့လို့ ၉၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ Kurd လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ အမေများနေ့ကို ဆင်နွဲကြသူခရီးသည် ၁၈၀ ကျော် ကတို့သင်္ဘောပေါ်မှာ ပါသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Kaesong မြို့က ပူးတွဲရုံးတွေမှာ အပတ်စဉ် တွေ့ဆုံတဲ့ အစည်းအဝေးအတွင်း ဒီကနေ့ပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရုတ်တရက် အကြောင်းကြားခဲ့တာပါ။
နယူးဇီလန်နိုင်ငံက မူဆလင်ဗလီတွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၅၀ ထဲက ၂၆ ယောက်ကို ဒီကနေ့ မြေမြှုပ်သဂြိုၤလ်တဲ့ အခန်းအနားကို လူပေါင်းထောင်ချီ တက်ရောက်ကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံက သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ်ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaidoက သူ့ရဲ့ ကိုယ်ရေးအရာရှိဟာ ထောက်လှမ်းရေးတွေ ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ပြောလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့က ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဟီရိုတို အိဇုမိ နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးသုံး ရိုင်ဖယ်သေနတ်တွေကို တားမြစ်ပိတ်ပင်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က အခုလိုမျိုး အရေးယူဆောင်ရွက်ခဲ့တာကို အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေက ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက IS အစ္စလာမ် အစွန်းရောက်တွေ နောက်ဆုံး ခြေကုပ်ယူထားတဲ့ Baghuz မြို့ထဲမှာ စစ်သွေးကြွတွေ၊ မိုင်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို အမေရိကန်က ပံ့ပိုးထားတဲ့ တပ်ဖွဲ့တွေ စတင်ရှင်းလင်း နေကြပါပြီ။
မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ကြပါတယ်။
အစ္စရေးလ် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ္တပတ် ၂ ပတ် အလိုမှာ လက်ရှိ အစ္စရေးလ် ဝန်ကြီးချုပ် Netanyahu ကို အမေရိကန် သမ္မတ Donald Trump က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ညစာတည်ခင်း ဧည့်ခံဖို့ ရှိနေပါတယ်။
တောင်အာဖရိက တိုက်မှာ ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မိုဇမ်းဘစ် နိုင်ငံမှာ ဝမ်းနည်းကြောင်း အထိမ်းအမှတ် သုံးရက်ကို ဗုဒ္ဓဟူးနေ့က စတင်လိုက်ပါတယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေထဲက တချို့ကို မိသားစု အသိုင်းအဝန်းက ဒီကနေ့ပဲ မြှုပ်နှံသဂြုႋဟ်ခဲ့ကြပါတယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့ ဗလီဝတ်ကျောင်း ၂ ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူ ၅၀ ရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာ မိသားစုတွေထံ အာဏာပိုင်တွေ က စတင်လွှဲပြောင်းပေးနေပြီဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ် ပြစ်မှုခုံရုံး ICC အဖွဲ့ဝင် အဖြစ်ကနေ ဖိလစ်ပိုင် နိုင်ငံက တနင်္ဂနွေနေ့မှာ နုတ်ထွက်လိုက်တာကြောင့် ICC က နေ နုတ်ထွက်တဲ့ ဒုတိယမြောက် နိုင်ငံ ဖြစ်လာပါတယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့မှာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဗလီ၂ ခုကို တိုက်ခိုက်မှု ဖြစ်ပွါခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရဲ့ သေနတ်ဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ နယူးဇီလန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Jacinda Ardernက မနေ့ကပဲပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်