မြောက်ဦးမြို့မှာ အခု ဒီကနေ့ ညပိုင်းမှာ လက်နက်သံတွေ ၈မိနစ် ဝန်းကျင်လောက် ကြားခဲ့ရတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
နယ်သာလန် နိုင်ငံ Utrecht မြို့မှာ လူနေရပ်ကွက်ဘက် ပြေးဆွဲတဲ့ ဓါတ်ရထား ၁ စီးပေါ်မှာ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁ ယောက်သေဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကြမ်းဖက်မှုတန်ပြန်ရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း Flight 302 ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် black box ကို ကနဦး လေ့လာဆန်းစစ်ချက်တွေအရ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ အမျိုးအစားတူ လေယာဉ်မှာ ကြုံတွေ့ခဲ့တဲ့အဖြစ်မျိုးနဲ့ တပုံစံတည်းဖြစ်နေပါတယ်။
နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ ဗလီကျောင်း ၂ ကျောင်းကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ သေနတ်သမားဟာ သူပစ်ခတ်တိုက်ခိုက်ပုံကို Facebook ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း မှန်သမျှ ဖယ်ရှားပစ်ဖို့ သူတို့ ဆက်လက်လုပ်ဆောင်နေကြောင်း Facebook ကုမ္ပဏီက တနင်္ဂနွေနေ့က ပြောပါတယ်။
မတ်လ (၁၉)ရက် အင်္ဂါနေ့မှာ စတင် ဖွင့်လှစ်မယ့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၂) တံတားဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha တို့ တက်ရောက်မှာဖြစ်ကြောင်း တနင်္ဂနွေနေ့ ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။
နယူးဇီလန် နိုင်ငံက မူဆလင် ဗလီ ၂ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့ရသူ ၅၀ ထဲက တချို့ ရုပ်အလောင်းတွေကို မူဆလင် ဓလေ့ထုံးတမ်းနဲ့ အညီ သဂြိုဟ်နိုင်ဖို့ တနင်္ဂနွေနေ့မှာ မိသားစုထံ အာဏာပိုင်တို့ ပြန်ပြီး လွှဲပြောင်းပေးနေပါတယ်။
နယူးဇီလန်နိုင်ငံ Christchurch မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က မူဆလင် ဗလီ ၂ ခု တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူတွေထဲမှာ ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၉ ဦးပါဝင်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က အတည်ပြုပြောဆိုပါတယ်။
နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မွတ်ဆလင် ဗလီ ၂ ခု တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူ တွေရဲ့ ရုပ်အလောင်းတွေထဲက အနည်းဆုံး တလောင်းကို ဒီကနေ့ တနင်္ဂနွေညပိုင်းမှာ မိသားစုတွေဆီ ပြန်လည်ပေး အပ်သွားမယ်လို့ New Zealand ရဲကော်မရှင်နာမင်းကြီး Mike Bush ကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ Ethiopian လေကြောင်းလိုင်းလေယာဉ်အပိုင်းအစတွေမှာ လေယာဉ်တည်ငြိမ်အောင် လုပ်တဲ့စက် ပုံမှန်အနေအထား မဟုတ်တာတွေ့ရတယ်လို့ လေယာဉ်ပျက်ကျမှု စုံစမ်းနေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ မရနိုင်ပဲ ဖြစ်နေရတယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းအောင် အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးက မတ်လ ၁၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်တောင်ပိုင်းက မက်ဆီကိုနယ်စပ်မှာ နယ်စပ်တံတိုင်းကာရံရေးအတွက် ရန်ပုံငွေရဖို့လုပ်ဆောင်တဲ့ သမ္မတ Donald Trump ရဲ့ နိုင်ငံတော် အရေးပေါ် ကြေညာချက်ကို အမေရိကန်အထက်လွှတ်တော်က ကြာသပတေးနေ့မှာ ထောက်ခံမဲ ၄၁ မဲ၊ ကန့်ကွက်မဲ ၅၉ မဲနဲ့ ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေတွေကိုချိုးဖေါက်တဲ့ ပြစ်မှုကျုးလွန်မှုတွေရှိ မရှိ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ မတရား အနိုင်ကျင့်မှုတွေ အပြင်းအထန် ရှိနေသလား ဆိုတာတွေကိုသိနိုင်ဖို့ ကုလ လွတ်လပ်တဲ့နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။
ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အနေနဲ့ သူတို့ဖမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ ဖမ်းဆီးတာ နှိပ်စက်ညှင်းပမ်းတာတွေ မလုပ်ဖို့အပြင် အမျိုးသမီးတွေရဲ့ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာကွယ်ပေးဖို့ Fortify Rights က ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတာ ကြောင့် သူပုန်တွေနဲ့ ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာမယ့်အရေးကို ထိန်းသိမ်းနိုင်ဖို့ အိန္ဒိယတပ်ဖွဲ့ တွေကို နယ်စပ်ကိုထပ်ပြီးစေလွှတ်ထားတယ်လို့ မတ်လ ၁၅ရက်နေ့ထုတ် The Diplomat သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီသီတင်းပတ်ထဲ ၃ ရက်ဆက်တိုက် မဲခွဲဆုံးဖြတ်နေတဲ့ ဗြိတိန်လွှတ်တော်မှာ ဒီနေ့မှာတော့ ဥရောပသမဂ္ဂ (EU) ကနေ ခွဲထွက်ရေးအတွက် အချိန်ပိုတောင်းသင့်-မသင့် လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲဦးမှာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံအတွင်း ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေက သူပုန်တွေတိုက်နေမှုကို ထောက်ပံ့မှု ဖြတ်တော်ဖို့ ရီပတ်ဘလစ်ကန် ဦးဆောင်တဲ့ အမေရိကန်အထက်လွှတ်တော်က ဗုဒဟူးနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
အမေရိကန်လုပ် Boeing 737 အမျိုးအစား ဂျက်လေယာဉ် ပျံသန်းမှုကို ရပ်ဆိုင်းမယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှုးဟောင်း Paul Manafort ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ်ချမှတ်ထားရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ယူကရိန်းနိုင်ငံက ရုရှားလိုလားတဲ့ နိုင်ငံရေးပါတီအတွက် အကျိုးဆောင်ပေးခဲ့မှုနဲ့ နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ပတ်လည် လူ့အခွင့်ရေးဆိုင်ရာ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်