ဗြိတိန်ဝန်ကြီးချုပ် Theresa May နောက်ဆုံးတင်သွင်းခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်းကို အင်္ဂါနေ့က ဗြိတိန်လွှတ်တော်မှာ အမတ်တွေက တခဲနက်ပယ်ချခဲ့ကြပါတယ်။
အိုင်အက်စ်တွေကို ပစ်မှတ်ထားပြီး အမေရိကန်တွေ ထောက်ခံပံ့ပိုးနေတဲ့ တပ်ဖွဲ့တွေက ရော့ကက်တွေ သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် အိုင်အက်စ်တိုက်ခိုက်ရေးသမား အများစုပါဝင်တဲ့ လူပေါင်း သုံးထောင်လောက် အင်္ဂါနေ့က အဲဒီဒေသကနေ ထွက်ပြေးခဲ့ကြပါတယ်။
အရှေ့တောင်အာရှ ဒေသမှာ Methamphetamine စိတ်ကြွဆေးပြားတွေ အလျှံပယ်ဖြစ်ပြီး ဈေးနှုန်းတွေ ကျလာတဲ့အတွက် သုံးစွဲမှု ပိုများလာစေနိုင်တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
လာမယ့်၂၀၂၀ခုနှစ်အတွက် အစိုးရအသုံးစရိတ် ၄.၇ Trillion ဒေါ်လာ သုံးစွဲသွားမယ်၊ အဲဒီအထဲမှာ နယ်စပ်တံတိုင်းကာရံဖို့ သမ္မတကတောင်းဆိုထားတဲ့ ဒေါ်လာ ၈.၆ဘီလျှံလည်းပါဝင်တယ်လို့ အိမ်ဖြူတော်က မနေ့ကပဲပြောလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပုဏ္ဍားကျွန်းမြို့နယ်က ရဲစခန်း တခုကို AA အဖွဲ့က စနေနေ့မှာဝင်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်လို ပဋိပက္ခတွေရှိတဲ့နေရာတွေမှာ လူတိုင်း တန်းတူအခွင့်အရေးခံစားနိုင်ဖို့ အစိုးရကဆောင်ရွက်နေတယ်လို့ သူ မယုံကြည်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ကပြောကြားလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနေတဲ့ ရေပြင်မှာ ဗီယက်နမ် ငါးဖမ်းလှေတစင်း ဘာကြောင့် နစ်မြုပ်သွားသလဲဆိုတဲ့ အကြောင်းရင်းကို ဗီယက်နမ်နိုင်ငံက စုံစမ်းနေပါတယ်။
ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေကို အမေရိကန် ကျောထောက် နောက်ခံပေးထား တဲ့ ဆီးရီးယား-ဒီမိုကရက်တစ် SDF တပ်တွေက နောက်ဆုံးအချီအဖြစ် နိုင်ငံရဲ့ အရှေ့မြောက်ဘက် Baghuz မြို့မှာ စစ်ဆင်ရေးကြီးပြုလုပ်နေတာကြောင့် တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေ ပါတယ်။
အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ အဖွဲ့နဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံသား ၆ ဦး၊ တူနီးရှား နိုင်ငံသား တဦးတို့ကို မလေးရှားက နေရပ်ရင်းကို ပြန်ပို့လိုက်ပါတယ်။
အဂတိလိုက်စားမှုတွေနဲ့ တိုင်ကြားခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်အရေးယူလိုက်ပြီလို့ သိရပါတယ်။
အီသီယိုးပီးယား နိုင်ငံ မြို့တော် Addis Ababa က နေ ကင်ညာနိုင်ငံ Nairobi ကိုပျံသန်းလာတဲ့ အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်တစီး ဒီကနေ့ တနင်္ဂနွေနေ့မနက်က ပျက်ကျခဲ့တဲ့ အတွက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးစလုံးသေဆုံးခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေက နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အီရန်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်လို့ သမ္မတ Hassan Rouhani က စနေနေ့မှာ ပြောဆိုပါတယ်။
ထိုင်းတော်ဝင်မင်းသမီး ဥပေါရတနာကို ဝန်ကြီးချုပ် အဖြစ်ရွေးကောက်ပွဲ ဝင်ပြိုင်ရေး အဆိုပြုခဲ့တဲ့ အဓိကအတိုက်အခံပါတီ ကို ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက မနေ့ပဲ ပယ်ဖျက်လိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုနဲ့ ပတ်သက်ပြီး ဒီစီမံကိန်းဟာ တရုတ်ကုမ္ပဏီတွေ အကျိုးရှိစေဖို့ လုပ်ဆောင်တာဖြစ်ကြောင်း ပြောဆိုပြီး မနှစ်တုန်းက ဆန္ဒပြခဲ့သူ ၁၅ ဦးကို နိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ကြာသပတေးနေ့က ထောင်ဒဏ်ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။
တရုတ်နိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Huawei ကုမ္ပဏီရဲ့ လုပ်ငန်းတွေ အပေါ် ကန့်သတ်တဲ့ ဥပဒေတရပ်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်က မနှစ်တုန်းက ချမှတ်ခဲ့တာဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး၊ အမေရိကန် အစိုးရကို တရားစွဲလိုက်ပါတယ်။
Afghanistan နိုင်ငံ ကာဘူးမြို့တော်မှာ သမ္မတလောင်းတွေ တော်တော်များများနဲ့အတူ သမ္မတဟောင်း Hamid Karzai အစိုးရအဖွဲ့ အမှုဆောင် အရာရှိချုပ် Abdullah Abdullah တို့ပါ တက်ရောက်နေကြတဲ့ အခမ်းအနားတခုကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တိုက်ခိုက်သူတွေက မော်တာတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။
နော်ကညောဖောဟာ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ကရင်အမျိုးသမီးအဖွဲ့ KWO ရဲ့အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာ ခွဲခြားဆက်ဆံခံရတာတွေကို ကိုယ်ကျိုးမငဲ့ဘဲ မှတ်တမ်းပြုစုရာမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မနှစ်ကနဲ့ စာရင် ပြည်တွင်း သွင်းကုန်ပမာဏ အတော်များများ တင်သွင်းခဲ့တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေ ပြမှုဟာ စံချိန်တင်လောက်အောင် ဒေါ်လာဘီလျံ ၉၀၀ နီးပါး ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခွင့်အရေးနဲ့ လုံခြုံမှု ဘယ်အခြေအနေမှာ ရှိနေပါသလဲ၊ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ ဆိုတာတွေကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အဖြစ် ဗွီအိုအေရဲ့ မတ်လ ၉၊ ၂၀၁၉ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
နေပြည်တော်မှာ လွှတ်တော်အဆောက်အဦးတွေနားမှာ အဝေးထိန်း Drone ယာဉ်လွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသွားကို ဒီကနေ့ပဲ ထောင်ကပြန်လွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်