ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ ဒီနေ့လည်း အိန္ဒိယနဲ့ ပါကစ္စတန်စစ်သားတွေ စစ်စခန်းတွေနဲ့ ရွာတွေကို အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ရန်ဘက် ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့ပါးရေး သံတမန်ရေး နည်းလမ်းတွေနဲ့ ကြိုးပမ်းနေချိန်မှာပဲ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ ၃၀ ထဲက ၂၂ မြို့က အိန္ဒိယ နိုင်ငံက ဖြစ်တယ်လို့ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ ၂ ခုက ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံ အနောက်ပိုင်းက Perlis ပြည်နယ်မှာ ၂၀၁၅ ခုနှစ်တုန်းက အလောင်းအများအပြား မြှုပ်နှံထားတဲ့နေရာနဲ့ လူကုန်ကူးမှုလုပ်တဲ့ ခြေရာလက်ရာတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ မလေးအစိုးရက RCI တော်ဝင်စုံစမ်းရေးကော်မရှင်ကို မတ်လ ၅ ရက် အင်္ဂါနေ့မှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။
မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ ချီပြီး မြန်မာလုံခြုံရေးတပ်က အတင်းအဓမ္မ အကြမ်းဖက်မောင်းထုတ်ခဲ့တယ်ဆိုတဲ့ အပေါ် သီတင်းတပတ်ကြာ ပဏာမ စုံစမ်းစစ်ဆေးဖို့ အတွက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC အဖွဲ့တဖွဲ့ အင်္ဂါနေ့မှာ ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။
Facebook - Twitter နဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို ပံ့ပိုးပေးတယ်ဆိုတာ သေချာအောင် ပိုလုပ်ပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုး Yanghee Lee ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ကို ရှုံးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ Hillary Clinton ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် Trump က ဒုတိယသက်တမ်း ဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေချိန်မှာ ဒီရွေးကောက်ပွဲမှာ သူဝင်ပြီး ယှဉ်ပြိုင်မှာ မဟုတ်ဖူးလို့ Clinton က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးလိုက်တဲ့ထဲ အိန္ဒိယပိုင် ကက်ရှ်မီးယားနယ်မှာ ပြီးခဲ့တဲ့လက အသေခံ ဗုံး ဖောက်ခွဲမှုရဲ့လက်သည်အဖြစ် အိန္ဒိယကစွပ်စွဲထားတဲ့ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ရဲ့ မိသားစုဝင်နှစ်ဦးလည်း ပါဝင်ပါတယ်။
Stem cell လို့ခေါ်တဲ့ ပင်မကလာပ်စည်းကို အစားထိုး ကုသပြီး ARV ဆေး စားတာကိုလည်း ရပ်လိုက်ပြီးတဲ့နောက် AIDS ရောဂါ ဖြစ်စေနိုင်တဲ့ HIV ရောဂါပိုး ရှိတဲ့လက္ခဏာ လုံးဝမတွေ့ရတော့တဲ့ HIV ရောဂါပိုး ကူးစက်ခံခဲ့ရသူတဦးနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပမယ့် ညီလာခံတခုမှာ သုတေသီတွေ တင်ပြဖို့ရှိနေပါတယ်
ရိုဟင်ဂျာ ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကို အမေရိကန်ပြည်ထောင်စုက မတ်လ ၃ ရက် က အမေရိကန်ဒေါ်လာ ၄၅ သန်းခွဲ ပေးအပ် လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
စင်္ကာပူနိုင်ငံကနေ မြန်မာအမျိုးသမီး တဦးကို ခိုးထုတ်ဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသား ၄ ယောက် ကို စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်စစ်ဆေးရေး အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ The Straits Times သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာမူဆလင်တသန်းကျော် ရှိတဲ့အထဲက တသိန်းသုံး ထောင်ကျော်ကို ဘာဆန်ချာကျွန်းဆီပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်နေတဲ့အကြောင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံကသတင်းတွေမှာ မနေ့ကဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေ အတွက် နိုင်ငံချင်းဖြစ်တဲ့အခါ စီရင်ဆုံးဖြတ်တဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူဖို့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တညီတည်းဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Alabama ပြည်နယ်မှာ တနင်္ဂနွေနေ့က အင်အားပြင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ၂၃ ယောက်ထက် မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုးတန်ဖိုးရှိတဲ့ မူးယစ်ဆေးပြား ၁၀ သန်းကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မလေးရှားလေကြောင်းလိုင်း MH 370 ပျောက်ဆုံးခဲ့တာ ၅ နှစ်မြောက် နှစ်ပတ်လည် ကျင်းပနေချိန်မှာပဲ မလေးကူးသန်းသွားလာရေး ဝန်ကြီးက အမေရိကန် နည်းပညာကုမ္ပဏီ Ocean Infinity ဒါမှမဟုတ် တခြား ဘယ်ကုမ္ပဏီမဆို ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လေယာဉ်ပြန်ရှာရေး အတွက် လျှောက်ထားမှုတွေကို လက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido က လက်တင် အမေရိက မဟာမိတ် နိုင်ငံတွေကို သွားရောက်ပြီးနောက် နိုင်ငံကို ပြန်လာဖို့ စီစဉ်ထားချိန်နဲ့ တပြိုင်တည်း ဒီကနေ့ တနလာၤနေ့မှာ ပြည်သူတွေ လမ်းမပေါ်ထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဆီးရီးယား နိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ နောက်ဆုံး လက်ကျန် ခြေကုပ် ရယူထားရာ Baghuz မှာ ဒုတိယမြောက်နေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့ တနေ့လုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ရွှေ့ပြောင်းအခြေချသူ ၅၀ ခန့်ဟာ စနေနေ့ နှောင်းပိုင်းက ပြင်သစ်နိုင်ငံ တောင်ပိုင်း Calais မြို့ဆိပ်ကမ်းကနေ သင်္ဘောနဲ့ အင်္ဂလန်ကို လိုက်ပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း Baghuz ရွာက IS အစွန်းရောက်အဖွဲ့ရဲ့ နောက်ဆုံးလက်ကျန်နေရာကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေက တာဝန်ရှိသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှနယ်စပ်က တောအုပ်တခုထဲမှာ ပြီးခဲ့တဲ့နှစ်လကျော်က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစစ်သားကို ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေက ဒီကနေ့ မတ်လ ၃ ရက် တနင်္ဂနွေနေ့မှာ မြန်မာတာဝန်ရှိသူတွေထံ လွဲှပြောင်း အပ်နှံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်