အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အပေါ် အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ဖို့ လုပ်ဆောင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ဝန်ကြီးချုပ် Netanyahu နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေ အဆုံးသတ်စေဖို့ ရည်ရွယ်တယ်လို့ အစ္စရေး နိုင်ငံတော်ရှေ့နေချုပ် Avichai Mandelblit က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဗီယက်နမ်နိုင်ငံက ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ အပြီး သိပ်မကြာ ခင်မှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဟာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိသွားပါတယ်။
ထိုင်းနိုင်ငံမှာ အများ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တရားရုံးရဲ့ ခွင့်ပြုချက်မပါဘဲ အာဏာပိုင်တွေ ဝင်ရှာလို့ရတဲ့ ဆိုင်ဘာ လုံခြုံရေး ဥပဒေကြမ်းတခုကို ထိုင်း ပါလီမန်က ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။
ကက်ရှ်မီးယား ဒေသမှာ မနေ့တုန်းက ပစ်ချခံခဲ့ရတဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပါကစ္စတန်နိုင်ငံက ပြန်လွှတ်ပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရရှိရေး အလှမ်းဝေးသေးတယ်လို့ အမေရိကန် ထိပ်တန်းကုန်သွယ်ရေး အရာရှိက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ကာလတာရှည် ကိုယ်ရေးရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ Michael Cohen က သမ္မတ Trump ဟာ လူမျိုးရေးခွဲခြားသူ လူလိမ် လူညာ တယောက် ဖြစ်တယ်လို့ လွှတ်တော်စုံစမ်းရေးကော်မတီ ရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့ က ထွက်ဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်ကြား အငြင်းပွားဖွယ် Kashmir ဒေသထဲကို နယ်စပ်ဖြတ်ကျော် ပျံသန်းလာတဲ့ အိန္ဒိယ စစ်လေယာဉ် ၂ စီးကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ကြောင်း ပါကစ္စတန်က ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။
နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းယာဉ်လွှတ်တင်ဖို့ ကြိုးစားခဲ့တဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးကို နေပြည်တော်မှာရှိတဲ့ ဥတ္တရ သီရိ တရားရုံးက ထောင်ဒဏ် ၁ လချမှတ်လိုက်ပါတယ်။
အမေရိကန် မက်ဆီကိုနယ်စပ်တလျှောက် အရေးပေါ်အခြေနေထုတ်ပြန်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကို အောက်လွှတ်တော်က အင်္ဂါနေ့ညက ကန့်ကွက်ဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးကို ဦးတည်စေမယ့် တိကျတဲ့ လမ်းကြောင်းပေါ် ရောက်လာရေး မျှော်လင့်ချက်နဲ့ ခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ အမေရိကန်သမ္မတ Donald Trump ဟာ ဗီယက်နမ် နိုင်ငံကို မကြာသေးခင် အချိန်ပိုင်းအတွင်းကဘဲ ရောက်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Trump ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို တနင်္လာနေ့မှာ စတင်ထွက်ခွာသွားပါပြီ။
၂၀၁၅ခုနှစ် နျူကလီးယားသဘောတူညီချက်မှာ အရေးကြီးတဲ့နေရာ ကနေ ပါဝင်ဆောင်ရွက်ခဲ့သူ အီရန်နိုင်ငံခြားရေးဝန် ကြီး Mohammad Javad Zarif က ရာထူးနေ နုတ်ထွက်တဲ့အကြောင်း မနေ့က တနင်္လာနေ့မှာပဲ ကြေညာခဲ့ပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေနေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ၂နိုင်ငံ အကြား သဘောတူဆုံးဖြတ်ထား တဲ့အတိုင်း မြန်မာဘက်က လုပ်ဆောင်မနေဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ် ဟာစီနာ ကပြောလိုက်တဲ့ အကြောင်း ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ထုတ် The Daily Star သတင်းစာမှာဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မှာတနင်္ဂနွေနေ့ကကျင်းပတဲ့ Oscar ဆုပေးပွဲမှာ Green Book ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားပါတယ်။
တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေ သိသိသာသာ တိုးတက်မှု ရှိနေတာကြောင့် တရုတ်အပေါ် သွင်းကုန်ခွန် တိုးကောက်မယ့်ရက် ရွှေ့ ဆိုင်း မယ်လို့ သမ္မတ Donald Trump ကကြေညာခဲ့ပြီးနောက် တရုတ်အစုရှယ်ယာဈေးတွေ ၅% ကျော် ဒီကနေ့ မြင့်တက်သွားပါတယ်။
အိန္ဒိယနိုင်ငံထဲကို မှောင်ခိုခိုးသွင်းလာတဲ့ ရွှေချောင်းတွေမှာ မူလရွှေထွက်တဲ့ နိုင်ငံရဲ့ အမှတ်တံဆိပ်တွေကို ဖျက်ဆီးထားတာ တွေ့ရတဲ့ အတွက် ဘယ်နိုင်ငံထွက်ရွှေဆိုတာ ခြေရာကောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိန္ဒိယ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှု အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီးဆွေးနွေးပွဲကို အကောင်းမြင်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုပါတယ်။
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ပါတီဗဟိုကနေ ရန်ပုံငွေ ကျပ်သန်း ၂ ထောင် ထောက်ပံ့ဖို့ ရှိပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စလို့ စည်းရုံးရေး လုပ်ငန်းတွေ အတွက် ခရီးစာရိတ်နဲ့ နေ့တွက် စာရိတ်တွေ ပေးသွားမယ်လို့ ပါတီ ကြေညာချက်မှာ ပြောထားပါတယ်။
အိန္ဒိယ နိုင်ငံမှာ အရည်အသွေး မကောင်းတဲ့ အရက်ပုန်း သောက်မိတာကြောင့် သေဆုံးသူ အနည်းဆုံး ၁၄၀ ရှိပြီလို့ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းက လေယာဉ်အပိုင်စီးအကြမ်းဖက်ဖို့ ကြိုးစားခဲ့တဲ့ လူတယောက်ကြောင့် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာကနေ ယူအေအီးနိုင်ငံ ဒူဘိုင်ကို ပျံသန်းနေတဲ့လေယာဉ်ဟာ စစ်တကောင်း လေယာဉ်ကွင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်